ကိုဗစ် Positive ထိသွားပြီဆိုတဲ့အကြောင်း စိတ်မကောင်းစွာမျှဝေလာတဲ့ နေလင်း

တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးကိုတော့ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာတောင် ရှောင်လွဲမရနိုင်တာမို့ ကိုယ်ပိုင်အသိ၊ သတိနဲ့ မကူးစက်အောင်ကာကွယ်ကြရမှာက လူတိုင်းရဲ့တာဝန်ပါ။ ဒါပေမယ့် အခုလို သတိကြီးကြီးထားနေရင်းတောင် သတိလွတ်သွားတဲ့ခဏမှာ ကူးစက်ခံလိုက်ရသူတွေလည်း အများအပြားပါ။ မြန်မာနိုင်ငံမှာလည်း နေ့စဉ်လူထောင်ကျော် ရောဂါပိုးတွေ့ရှိနေပြီး ပိုးတွေ့လူနာတွေထဲမှာ ပြည်သူချစ်အနုပညာရှင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာခဲ့ပါတယ်။ မကြာသေးခင်က ပရဟိတမင်းသားကြီးဦးကျော်သူနဲ့ ထွန်းကိုကိုတို့မှာ ပိုးတွေ့ရှိခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဦးမိုးဒီမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း …

Read More

အွန်လိုင်းအမှီပြုပြီး ဈေးရောင်းနေသူတွေအဆင်ပြေစေဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးသွားမယ့် စမိုင်းလ်

စမိုင်းလ်ကတော့ အလှူအတန်းမကြာခဏပြုလုပ်လေ့ရှိသူတစ်ယောက်ဖြစ်သလို ပရိသတ်နဲ့တစ်သားတည်း ရှိသူတစ်ယောက်ပါ။ မကြာခဏဆိုသလို အားပေးနေသူတွေအတွက် ကံစမ်းမဲအစီအစဉ်တွေပြုလုပ်ပေးလေ့ရှိပြီးဒီတစ်ခေါက်မှာလည်း တစ်နိုင်တစ်ပိုင်ဈေးရောင်းချနေရတဲ့သူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့အနေနဲ့ အပတ်စဉ်ကြာသပတေးနေ့တိုင်း သူ့ရဲ့ပို့စ်မှာ ကြေညာခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။ စမိုင်းလ်အသုံးပြုနေတဲ့ Page ကတော့ လူပေါင်း (၂၄) သိန်းကျော် Follow လုပ်ထားတဲ့ Page တစ်ခုပါ။ သူ့ရဲ့ Page မှာ အပတ်စဉ်ကြာသပတေးနေ့တိုင်း Smile Mart …

Read More

ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့ မေတ္တာပို့ အမျှဝေနည်းလေးကို မျှဝေလာတဲ့ နေခြည်ဦး

ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ အားထုတ်ကြိုးပမ်းမှုတို့ကြောင့် အချိန်တိုအတွင်း ပရိသတ်ရင်ထဲမှာ နေရာတစ်ခုရလာသူကတော့ ချီချီပါ။ ချီချီကတော့ အခုလိုအောင်မြင်သူတစ်ယောက်ဖြစ်လာဖို့အတွက် ရသမျှအချိန်တိုလေးအတွင်းမှာ လုံးဝမနားဘဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံအောင် ကြိုးစားပြင်ဆင်ခဲ့သလို ပရိသတ်နဲ့လည်း အမြဲတစ်သားတည်းရှိခဲ့သူတစ်ယောက်ပါ။ အောင်မြင်လာပြီးနောက်ပိုင်း ကိုယ်ပိုင်ဝင်ငွေနဲ့ အလှူကြီးအတန်းကြီးတွေ ဆက်တိုက်ပြုလုပ်လာခဲ့သလို လတ်တလောမှာလည်း She Shines နဲ့အတူ အွန်လိုင်း Live Sale ရောင်းရငွေမှ အလှူငွေသိန်းတစ်ထောင်ကိုလည်း လိုအပ်နေတဲ့နေရာတွေကိုဆက်တိုက်လှူဒါန်းနေပြီ …

Read More

ဘဝအတွက် ရည်ရွယ်ထားတဲ့ အခမ်းနားဆုံးအိပ်မက်လေးကို ပရိသတ်ကိုမျှဝေလာတဲ့ နိုင်းဝမ်း

လူငယ်ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းရရှိထားတဲ့ အဆိုတော်နိုင်းဝမ်းကတော့ မကြာခင်အချိန်တွင်းမှာ ချစ်ရသူလေးနဲ့ ဘဝခရီးလမ်းကို အတူလျှောက်လှမ်းတော့မှာဖြစ်သလို နေ့စဉ်နီးပါးလည်း ပရိသတ်တွေအားကျရလောက်အောင် ချစ်သူလေးနဲ့ပျော်စရာအကြောင်းအရာလေးတွေကို မျှဝေပေးနေသူပါ။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဘဝမှာအဖြစ်ချင်ဆုံး ဆန္ဒလေးတစ်ခုကို ပရိသတ်ကြီးပါ စိတ်ကူးယဉ်ချင်စရာကောင်းလောက်အောင် ရေးသားမျှဝေခဲ့ပါတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်.. ကျွန်တော့ရဲ့အိပ်မက်ကတော့ ဒါအကြီးဆုံးပဲ..ဘဝမှာအလိုချင်ဆုံးဆုတောင်းပါဆိုရင် ဒီဆုပဲကျွန်တော်တောင်းမယ်.. မြန်မာပြည်ကိုချစ်လို့ မြန်မာပြည်မှာပဲသေတဲ့အထိနေမယ်..အဲ့ဒါထက် မိဘတွေကိုထားခဲ့ပြီး ဘယ်နိုင်ငံမှမသွားချင်ဘူးဗျာ.. ဒါကြောင့် မြန်မာတစ်ပြည်လုံးနဲ့ အခြားနိုင်ငံတော်တော်များများရောက်ဖူးပြီး ဒေသတိုင်းရဲ့အသက်မွေးဝမ်းကြောင်းနဲ့လူနေမှုဘဝတွေ တွေ့မြင်ခဲ့ပေမယ့်…. …

Read More

အများကြီးမျှော်လင့်ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် တာဝန်မကျေခဲ့ကြောင်း စိတ်မကောင်းစွာမျှဝေလာတဲ့ ဂျပန်ကြီး

The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပရိသတ်အားပေးမှုတစ်ခဲနက်ရရှိထားတဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဂျပန်ကြီးကတော့ မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ Knock Outs Round မှာပဲ နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဂျပန်ကြီးကတော့ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ လာရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Blind Audition မှာကတည်းက စစ်သူ ရဲ့ ငါ့ဘဝ သီချင်းနဲ့ ဒိုင်လေးဦးစလုံးလှည့်ကြည့်ခြင်းကို ရရှိခဲ့သူပါ။ Battle Round …

Read More

မိသားစုအကြောင်းတွေ ပြန်တွေးရင်း တူလေးအတွက်စာတစ်စောင်ရေးခဲ့တဲ့ ညီညီမောင်

ညီညီမောင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို ပရိသတ်အတွက်လည်း ပျော်စရာတွေအမြဲဖန်တီးပေးတတ်သူတစ်ယောက်ဖြစ်တာကြောင့် နောက်ပိုင်းမှာ အနုပညာအလုပ်တွေဆက်တိုက်လုပ်လာရတဲ့အထိ ပရိသတ်အားပေးမှုရလာခဲ့သူ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း နေ့စဉ်မရိုးနိုင်အောင် ပျော်စရာတွေမျှဝေပေးနေသူ သုသုကတော့ ဒီနေ့မှာ မိသားစုကိစ္စတချို့ကို ရင်ဖွင့်ရင်း ပရဟိတလုပ်နေတဲ့တူလေးအတွက် ရေးသားထားတဲ့စာတစ်စောင်ကို မျှဝေလာပါတယ်။ တူလေး ဆီရေးတဲ့စာ…. အမေ တို့ ညီအမ နှစ်ယောက် က သားတယောက်စီမွေးတယ်တစ်ယောက်က …

Read More

လူသားချင်းစာနာထောက်ထားစိတ်အပြည့်ရှိတဲ့ မောင်ဖြစ်သူကို ချီးကျူးစကားဆိုလိုက်တဲ့ အိမ့်ချစ်

နိုင်ငံကျော်တေးသံရှင်ချစ်ကောင်းရဲ့ သမီးဖြစ်သူ အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူလိုပဲ ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်တစ်ခဲနက်အားပေးတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာနိုင်ခဲ့သလို သားဖြစ်သူ ဂျူနီယာချစ်ကောင်းကလည်း ဖခင်နဲ့ အစ်မဖြစ်သူလို ဂီတလမ်းကြောင်းပေါ်မှာ နေရာတစ်ခုရနိုင်ဖို့ကြိုးစားနေသူပါ။ မကြာသေးခင်ကမှ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိထားသလို လတ်တလောကိုဗစ်ကာလမှာတော့ မောင်နှမနှစ်ယောက်စလုံး ကုန်ပစ္စည်းများစွာကို အွန်လိုင်းကနေတဆင့် ရောင်းချပေးနေပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း ပရိသတ်နဲ့အမြဲထိတွေ့နေသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဂျူနီယာရဲ့ လူသားချင်းစာနာထောက်ထားစွာ ကူညီပေးခဲ့တဲ့ ဗွီဒီယိုလေးကြောင့် ပရိသတ်တွေ လေးစားချီးကျူးခဲ့ရသလို အိမ့်ချစ်ကလည်း …

Read More

လာအိုနိုင်ငံ လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရမယ့် သူစိမ်းအိမ်နဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီး

ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ ဒါရိုက်တာဏကြီးတို့ကတော့အခု နောက်ပိုင်းနှစ်တွေမှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေပြန်လည်ဦးမော့ပြီး လူကြည့်များအောင် ကြိုးပမ်းပုံဖော်နိုင်ခဲ့ကြသူတွေထဲက အပါအဝင်ပါ။ လူငယ်ဒါရိုက်တာတွေဖြစ်ပေမယ့် ကိုယ်ရဲ့ရုပ်ရှင်ကို အချိန်ပေးပြီး အဖက်ဖက်က ပြီးပြည့်စုံအောင်ပုံဖော်နိုင်ခဲ့ကြသူတွေမို့ နိုင်ငံတကာပွဲတွေမှာလည်း အသိမှတ်ပြုဂုဏ်ပြုခြင်း ရရှိခဲ့ပါတယ်။ မကြာသေးခင်ကမှ Asia Academy Creative Awards မှာလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကား Best Feature Film၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ ကူးကူးဇင်အောင်က …

Read More

ကိုယ့်ရဲ့ပုံတူပန်းချီကားလေးနဲ့ ပရဟိတအလှူမှာပါဝင်ခွင့်ရတာကြောင့် ဝမ်းသာနေတဲ့ ရတနာဗိုလ်

ရတနာဗိုလ်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိလာတဲ့ မင်းသမီးတစ်လက်ပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားအားထုတ်မှုကြောင့် နှစ်အနည်းငယ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများမှာ ဆက်တိုက်ပါဝင်သရုပ်ဆောင်လာခဲ့ရသလို အခုလိုအားပေးသူပရိသတ်အခိုင်အမာရရှိနေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း အမာခံပရိသတ်တစ်ဦးရဲ့အလေးအနက်ထားအားပေးမှုကြောင့် အရမ်းကြည်နူးဝမ်းသာနေရကြောင်းကို မျှဝေလာပါတယ်။ သူ့ရဲ့ပရိသတ်လေးကတော့ ဦးကျော်သူ ရိုက်ကူးထားတဲ့ 1014 ရုပ်ရှင်ဇာတ်ကားကြီး Press Show ကို ရတနာဗိုလ် တက်ရောက်တုန်းက ပုံလေးကို ကိုယ်တိုင်ပုံတူပန်းချီလေးဆွဲပြီး ပရဟိတပန်းချီပြပွဲမှာပြသခွင့်ပေးဖို့တောင်းဆိုခဲ့တာပါ။ ရတနာဗိုလ်ရဲ့ …

Read More

ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတဲ့သူ့ရဲ့စိတ်ဓာတ်ကိုမျှဝေလာတဲ့ ဖိုးချစ်

တစ်ကမ္ဘာလုံးရဲ့ လည်ပတ်မှုယန္တရားတွေ ရပ်တန့်သွားစေခဲ့တဲ့အထိ သက်ရောက်မှုအားပြင်းခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကာကွယ်ကုသနိုင်ဖို့ ပညာရှင်တွေအားလုံးနည်းမျိုးစုံနဲ့ စမ်းသပ်လာခဲ့တာ အခုဆိုရင် သတင်းကောင်းတချို့ ရှိလာပြီဖြစ်ပါတယ်။ ဆေးပညာဖွံ့ဖြိုးတိုးတက်တဲ့ အင်အားကြီးနိုင်ငံတချို့ရဲ့ စမ်းသ်ချက်ရလဒ်ကောင်းတွေကြောင့် လာမယ့် ဒီဇင်ဘာလလယ်လောက်ကစပြီး ကာကွယ်ဆေးစတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့ပေမယ့် ကမ္ဘာလူဦးရေအကုန်လုံးအတွက် တစ်ပြိုင်နက်တည်းထုတ်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးတာမို့ ကာကွယ်ဆေးရရှိလာခဲ့ရင်လည်း ဦးစားပေးအစီအစဉ်တွေနဲ့ လိုအပ်တဲ့အဆင့်လိုက် လုပ်ဆောင်သွားရမှာပါ။ လူ့အသက်ကိုခြိမ်းခြောက်နိုင်တဲ့ရောဂါမို့ လူတိုင်းကာကွယ်ဆေးပထမဆုံးရချင်ကြမှာ အမှန်ဆိုပေမယ့်လည်း ဖိုးချစ်ကတော့ …

Read More