ရေကြိုက်တတ်လွန်းတဲ့သားလေးအကြောင်းကို မျှဝေခဲ့တဲ့ မိုးယုစံ

အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ မိုးယုစံကတော့ အခုဆိုရင် အိမ်ရှင်မကောင်းတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေနဲ့ အလှမ်းကွာဝေးနေခဲ့ပါပြီ။ မိသားစုကိုပဲ အချိန်ပေးရင်းအေးချမ်းတဲ့ဘဝကိုဖြတ်သန်းနေပေမယ့်လည်း အားပေးတဲ့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ရက်စာမျက်နှာကနေ တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိသူပါ။ သားလေး Austin ရဲ့တနေ့တာကိုလည်း ပရိသတ်တွေကိုအမြဲမျှဝေလေ့ရှိသူမို့ အခုဆိုရင် Austin လေးကလည်း မေမေ့ပရိသတ်တွေရဲ့ ချစ်ခြင်းကိုအပြည့်အဝရရှိထားတဲ့ ကလေးလေးလို့ ဆိုရမှာပါ။ မိုးယုစံကတော့ ဒီတစ်ခေါက်မှာလည်း ရေကြိုက်တတ်လွန်းတဲ့သားလေးအကြောင်းကို မျှဝေခဲ့ပါတယ်။ “သားသားလေးနဲ့အပြင်မသွားရတာကြာပြီ သူလေးပျော်အောင် …

Read More

အဘွားဖြစ်သူချိုပြုံးနဲ့အတူ အမိုက်စား Tik Tok လေးဆော့ပြီး မျှဝေခဲ့တဲ့ ဝင်းခန့်မိုး

ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေး ဝင်းခန့်မိုးကတော့ အဘွားဖြစ်သူချိုပြုံးဆီက အနုပညာအမွေဆက်ခံထားသူတစ်ယောက်ပါ။ အဘွားဖြစ်သူလို အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားနေသူဖြစ်ပြီး နုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုလည်း ရရှိထားသူတစ်ယောက်ပါ။ သူကတော့ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးနေတဲ့ Yangon In Love ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆရာမဂျူးရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးမယ့် “လရောင်အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ရိုက်ကူးနေပါတယ်။ လူငယ်ပီပီ Tik Tok လေးတွေဆော့ကာ မကြာခဏမျှဝေပေးလေ့ရှိသူဖြစ်ပြီး …

Read More

မီးပွိုင့်မှာ ဈေးရောင်းနေတဲ့ဘဘကြီးကို သနားလို့ စုဘူးတွေအကုန်ဝယ်ပြီး ကုသိုလ်ယူခဲ့တဲ့ သံစဉ်မောင်

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်သံစဉ်မောင်ကတော့ အစ်မဖြစ်သူဘေဘီမောင်လိုပဲ ပရိသတ်ဝန်းရံအားပေးမှုအခိုင်အမာရရှိသူထားပါ။ သွယ်လျလှပတဲ့ကောက်ကြောင်းတွေပိုင်ဆိုင်ထားတဲ့အပြင် ပွင့်လင်းရိုးသားတဲ့ဟန်ပန်တို့ကြောင့် ပရိသတ်တွေအားပေးချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ သံစဉ်မောင်ကတော့ မနေ့ညက ကြည်နူးပီတိဖြစ်စရာအလှူလေးတစ်ခု ပြုလုပ်ခဲ့ကြောင်းမျှဝေခဲ့ပါတယ်။ မီးပွိုင့်မှာ ခြေထောက်တဖက်မရှိတဲ့ ဘဘကြီးက မိုးရေထဲမှာ လိုက်ရောင်းနေတာ မကြည့်ရက်လို့ အကုန်ဝယ်လိုက်တာ စုဘူးတွေများသွားပြီ… ဝိုင်းစုပေးကြမလား… ပြည့်ရင်သမီးကိုပြန်ပေးကြလေ” ဆိုပြီး သူ့ရဲ့အလှူလေးကို အရွှန်းဖောက်ပြီး မျှဝေခဲ့ပါတယ်။   သံစဉ်မောင်ကတော့ အရာရာကို မေတ္တာတရားနဲ့ခွင့်လွှတ်ပေးပြီး အေးချမ်းစွာနေထိုင်ဖို့စဉ်းစားထားသူပီပီ …

Read More

ခင်ပွန်းဖြစ်သူနဲ့ လွန်ခဲ့တဲ့နှစ်ကတည်းက ကွာရှင်းခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော်လာတဲ့ မယ်လိုဒီ

လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ မယ်လိုဒီနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ကွာရှင်းပြတ်စဲမှုအကြောင်းကို ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကွာရှင်းပြတ်စဲမှုအပြီးမှာ ထပ်မံထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကြောင့် မယ်လိုဒီကတော့ ဝေဖန်တိုက်ခိုက်မှုတချို့ကို ကြုံနေရတာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အခြေအနေအမှန်ကိုမသိတဲ့ ပရိသတ်တွေနဲ့ စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် မယ်လိုဒီကတော့ အတွင်းရေးတချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “စိတ်ပူပင်နေကြတဲ့ ပရိသတ်ကြီးကို အသိပေးပါရစေရှင်… ကျွန်မအနေနဲ့ မတူညီမှုများစွာနဲ့ ညှိမရတဲ့အနေအထား အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ကတည်းက …

Read More

ချစ်ခြင်းမှာ အသက်အရွယ်က အဓိကမကျပါဘူးဆိုတဲ့ အေးမြတ်သူ

မမြတ်လေးဆိုပြီး ပရိသတ်တွေအချစ်ပိုနေရတဲ့ အေးမြတ်သူကတော့ ကိုယ်ဝါသနာပါရာ အနုပညာခရီးလမ်းကို တစ်စိုက်မတ်မတ်လျှောက်လှမ်းရင်း အောင်မြင်မှုရရှိလာသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေနဲ့ပဲ အချိန်ကုန်ရင်း မိဘကိုလုပ်ကျွေးနေတဲ့အပျိုကြီးမမ အေးမြတ်သူကတော့ အသက်(၃၅) နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း အချစ်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြောထားခြင်းမရှိသေးပါဘူးနော်။ ဒါပေမယ့် မကြာခဏဆိုသလို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ ကြည်နူးစရာအချစ်အကြောင်းတွေ ရေးဖွဲ့လေ့ရှိသူ အေးမြတ်သူကတော့ ဒီတစ်ခေါက်မှာလည်း “ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ မင်းချစ်တဲ့ကောင်မလေးတယောက်…ပျော်ရွှင်နေတယ် ချစ်သူ…. ကောင်မလေး က အသက်(၃၅) ဖြစ်နေတာတော့ …

Read More

ဝင်ငွေရလမ်းတစ်ခုအနေနဲ့ ကလေးတွေကို မြန်မာအက သင်ပေးဖို့ ကြိုးစားနေတဲ့ ခြူးစစ်ဟန်

ခြူးစစ်ဟန်ကတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် Miss Face Of Beauty Myanmar Title ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပီပီ မြန်မာအက၊ အဆိုပညာရပ်တွေကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်တတ်မြောက်ထားသူတစ်ယောက်ပါ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မြန်မာအိုင်ဒေါအဆိုတော်တစ်ယောက်အနေနဲ့ အခွင့်အလမ်းတချို့ဆုံးရှုံးခဲ့ရတဲ့ ခြူးစစ်ဟန်ကတော့ သမာအာဇီဝကျကျရမယ့် ဝင်ငွေရလမ်းအချို့ကိုလည်း စဉ်းစားနေသူတစ်ယောက်ပါ။ အနုပညာကလွဲပြီး ဘာမှမလုပ်တတ်တဲ့ခြူးစစ်ဟန်ကတော့ မကြာသေးခင်ကမှ သူ့ရဲ့ကားနဲ့ ကြို၊ …

Read More

ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်တို့ ပထမဦးဆုံးအတူတူ သရုပ်ဆောင်ထားတဲ့ကြော်ငြာလေး

ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်တို့ကတော့ ဟိုးအရင်ကတည်းက ရင်းနှီးခဲ့သူတွေပီပီ မကြာခဏဆိုသလို တတွဲတွဲတွေ့မြင်ရသူတွေပါ။ ထက်ထက် မိုးကုတ်ပြန်တိုင်း Tik Tok လေးတွေ အတူတူဆော့ပြီး ပရိသတ်တွေကို မျှဝေလေ့ရှိတဲ့အပြင် သူငယ်ချင်းကောင်းတွေပီပီ ဒီဇိုင်နာမျိုးမင်းစိုးကတော့ လတ်တလော ထက်ထက်ရဲ့အဖေ ဆေးရုံတက်နေရတာကိုလည်း သွားရောက်အားပေးခဲ့ပါသေးတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် မင်းသား၊မင်းသမီးတွေနဲ့ တွဲဖက်တွေ့မြင်ရလေ့ရှိတဲ့အပြင် အလှူအတန်းရက်ရောသူတစ်ယောက်မို့ ပရိသတ်တွေ လေးစားချစ်ခင်နေရသူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “ကျွန်တော်နဲ့ထက်ထက်မိုးဦးနဲ့ရိုက်ထားတဲ့ …

Read More

မိခင်အတွက် ရည်စူးပြီးလှူဒါန်းပေးခဲ့တဲ့ ဘုရားရင်ပြင်တော်လေး ပြီးစီးသွားပြီဖြစ်ကြောင်း မျှဝေခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

လွန်ခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဂွမ်းပုံရဲ့မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ဟာသပညာနဲ့ အမြဲဖျော်ဖြေပေးနေသူဂွမ်းပုံအတွက် ဒီကာလတွေကတော့ မရယ်နိုင်တဲ့ကာလတွေ ဖြစ်နေမှာအမှန်ပါပဲ။ သူကတော့ မိခင်အတွက်ရည်စူးပြီး ရန်ကုန်မှာလည်း အလှူအတန်းတွေလုပ်ပေးခဲ့တဲ့အပြင် မိခင်ဖြစ်သူရဲ့မွေးရပ်မြေရွာလေးမှာပါ တခုခုလုပ်ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ တစ်လပြည့်အမှီ ရွာဦးကျောင်းစေတီမှာ ရင်ပြင်ခင်းဖို့ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာတော့ ပြီးစီးသွားပြီဖြစ်တဲ့ ရင်ပြင်တော်အလှူလေးကို မျှဝေပေးခဲ့ပါတယ်။ လာမယ့် ဇွန်လ(၂၄) …

Read More

မိသားစုပိုင် အခမဲ့မျက်စိဆေးရုံကြီးမှာ ဓာတ်လှေကားပါ ထပ်မံလှူဒါန်းပေးခဲ့တဲ့ စည်ဖြိုးတို့မိသားစု

အလှူရေစက်လက်နဲ့မကွာဆိုသလို နေ့တိုင်းနီးပါး အလှူမလုပ်တဲ့ရက်မရှိလောက်အောင် ကုသိုလ်ပြုနေသူတွေကတော့ စည်ဖြိုးတို့မိသားစုလေးပါ။ မေတ္တာဓာတ်ကြီးမားလွန်းတဲ့မိခင်ဒေါ်သီသီဝင်းနဲ့အတူ နောက်ကနေ ကူညီအားဖြည့်ပေးတတ်လွန်းတဲ့မိသားစုဝင်တွေကြောင့်လည်း စည်ဖြိုးတို့မိသားစုလေးကတော့ အလှူအတန်းရက်ရောတဲ့မိသားစုလေးအဖြစ် ပရိသတ်တွေလေးစားချစ်ခင်နေကြရတာ ဖြစ်ပါတယ်။ မနေ့ကတော့ ကျိုက်မရောဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာ နဂါးရုပ်ထုအလှူအပြင် ဝတ္ထုငွေတွေပါ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုန်ကြီးကျောင်းဝင်းထဲက လူအချို့ကိုပါ တတ်နိုင်သလောက် ငွေကြေးလှူဒါန်းမှုပြုလုပ်ခဲ့ပါသေးတယ်။ သူတို့မိသားစုလေးကတော့ ပုသိမ်မြို့တိုက်ကြီးကျောင်းစာသင်တိုက်မှာလည်း ET Foundation မျက်စိအခမဲ့ခွဲစိတ်ကုသဆေးရုံတည်ထောင်ထားပြီး မျက်စိဝေဒနာရှင်ပေါင်းများစွာကို အလင်းပေးနေတဲ့အပြင် ဒီနေ့မှာတော့ မျက်စိဆေးရုံမှာ …

Read More

Happy Birthday လို့ပြောချင်ပေမယ့် မကြားနိုင်တော့တဲ့သူတစ်ယောက်လို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ သားညီ

ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့မင်းသွေးတစ်ယောက် လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ ဆုံးပါးသွားခဲ့တာကိုတော့ ပရိသတ်တွေလည်း မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ကြမှာပါ။ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေသာမက ရုပ်ရှင်အသိုင်းအဝိုင်းက လူတွေပါ မင်းသွေရဲ့သေဆုံးမှုကို ယူကြုံးမရဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။ အဲ့ဒီထဲမှာတော့ မင်းသွေးနဲ့အမြဲအနီးကပ်ရှိနေခဲ့တဲ့ သားညီကတော့ မင်းသွေးနဲ့အမှတ်တရတွေကို အခုချိန်ထိလည်း မေ့ဖျောက်လို့ မရသေးတဲ့သူတစ်ယောက်ပါ။ ဒီနေ့ကတော့ မင်းသွေးရဲ့မွေးနေ့လေးဖြစ်ပြီး သားညီကတော့ လွန်ခဲ့တဲ့ လေးနှစ်က မွေးနေ့ဆုတောင်းလေးနဲ့အတူ “Happy …

Read More