ကိုယ်တိုင်ရေးဆွဲထားတဲ့ပန်းချီကားနှစ်ချပ်ကို လှူဒါန်းသွားမှာဖြစ်တဲ့ ရဲတိုက်

အခုအချိန်မှာတော့ ကိုဗစ်အတွက် ကိုယ်တိုင်ရေးဆွဲထားတဲ့ပန်းချီကားချပ်တွေကို အနုပညာရှင်တော်တော်များများကလှူဒါန်းခဲ့ကြတာပါ။ ဝယ်ယူအားပေးသူတွေရှိခဲ့ကြပြီး ရရှိခဲ့တဲ့ငွေတွေဟာလည်း ကိုဗစ်အတွက်လိုအပ်တဲ့နေရာမှာ လှူဒါန်းခဲ့တာပါ။ အခုလည်း ပရိသတ်တွေစိတ်ဝင်စားမယ့် ပန်းချီကား(၂)ချပ်ရှိနေပါတယ်။ အဲ့ဒါကတော့ သရုပ်ဆောင်ရဲတိုက်ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေပါ။ ဒီပန်းချီကားတွေရဲ့နာမည်ကတော့ “ သခင့်မျက်လုံး “ “ သူ့သန္ဓေ “ လို့ အမည်ပေးထားတာပါ။ ရဲတိုက်ကိုယ်တိုင်ရေးဆွဲထားတဲ့ လက်ရာကောင်းတွေကိုတော့ အကြမ်းဖျင်းလေလံဈေး (၃) သိန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ လေလံပိတ်ရက် …

Read More

Covid-19 လူနာတွေအတွက် ဧရာဝတီစင်တာမှာ လှူဒါန်းမှုတွေပြုခဲ့တဲ့ ဂျွန်လွင်

ဂျွန်လွင်ကတော့ အနုပညာလောကမှာ ဂုဏ်သတင်းကောင်းတွေနဲ့ရပ်တည်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ အနုပညာကြယ်ပွင့်တွေကိုမွေးထုတ်ပေးနေတဲ့ Stars & Models အေဂျင်စီရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်ပြီး လူချစ်လူခင်များတဲ့သူတစ်ယောက်ပါ။ အောင်မြင်နေသလို အလှူဒါနတွေလည်း မပြတ်လုပ်နေတဲ့ လေးစားစရာလူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်နေရတာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteerတွေက အင်တိုက်အားတိုက်ကြိုးစားနေသလို လူနာတွေအတွက်လည်း ထောက်ပံ့မှုတွေလိုအပ်လျက်ရှိပါတယ်။ ဒီလိုအချိန်မှာ ဂျွန်လွင်ကတော့ တတ်နိုင်တဲ့ဘက်ကနေပြီး လှူဒါန်းမှုတွေ ပြလုပ်ခဲ့ပြန်တာဖြစ်ပါတယ်။ သူကတော့ …

Read More

ချစ်ဇနီးလေးဆီကချီးကျူးစကားကိုလိုချင်ခဲ့ပေမယ့် စိတ်ကောက်ခံလိုက်ရတဲ့ ဒါရိုက်တာဏကြီး

ပိုင်ဖြိုးသုကတော့ လက်ရှိအချိန်မှာအောင်မြင်ကျော်ကြားနေတဲ့မြန်မာမင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကို ရရှိထားတာပါ။ သုသုကတော့ ဒါရိုက်တာဏကြီးနဲ့လက်ထပ်ထားတာဖြစ်ပြီး သူတို့နှစ်ဦးကတော့ ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲလေးလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ကြင်နာကြတဲ့သူတို့နှစ်ဦးကို ပရိသတ်တွေကအားကျနေကြတာဖြစ်ပြီး ဒီနေ့မှာတော့ သုသုတစ်ယောက် အပြန်အလှန်စိတ်ကောက်နေတဲ့အကြောင်းကို ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။ သုသုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ရှိတယ်….ရှိတယ်…..လင်မယားအရင်းခေါက်ခေါက်ကြီးအချင်းချင်း သူ့ကို Congratulationsမလုပ်လို့ရွှေစိတ်တော်ညိုတဲ့ ဦးဘုဂလန့်ဂွစာသောင်းသောင်းကြီးတစ်ယောက်ရှိတယ်….ရည်းစားဘဝ ကတည်းကဒီကပေါက်ကျော်မက “ကိုကို…ခေးကလေ အဟင့်အဟင့်”တွေလုပ်ပြီးမချွဲတတ်တာသိရက်နဲ့သူပဲယူထားပြီး အခုမှ” Congratulations Babyyyyyy….. I’m …

Read More

မင်းသွေးခန့်ကိုစတင်သတိထားမိခဲ့တဲ့အချိန်ကတည်းက အနုပညာအရည်အသွေးတွေအများကြီးရှိတဲ့သူလို့ထင်ခဲ့တယ်ဆိုတဲ့ Ar-T

Ar-T ကိုတော့ မြူးကြွတဲ့တေးသီချင်းကောင်းတွေနဲ့အတူ ဆန်းသစ်တဲ့ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်တွေသတိထားမိကြတာပါ။ Ar-T ကတော့ Silent ဆိုတဲ့သီချင်းတစ်ပုဒ်ကို ထူးခြားတဲ့ပုံစံနဲ့ဖန်တီးခဲ့ပြီး လူငယ်ပရိသတ်တွေကြား အတော်လေးရေပန်းစားခဲ့တာပါ။ ဒီသီချင်းထဲကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသွေးခန့်နဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း သူကပရိသတ်တွေကို မျှဝေလာခဲ့တာပါ။  မင်းသွေးခန့်ကတော့ အခုနောက်ပိုင်းမှာ မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်ဖြစ်လာတဲ့မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်ပါ။ Ar-T ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မင်းသွေးခန့်နဲ့စတင်တွေ့ဖြစ်ခဲ့တဲ့အကြောင်းကို “သူ့ကိုစတွေ့တာက TV ဖန်သားပြင်ထက်က ပြိုင်ပွဲတစ်ခုမှာပါ ။ ပြိုင်ပွဲကနေ …

Read More

မဟာပဏီတ ပရဟိတအောင်တော်မူ စေတီတော်အတွက် ဌာပနာပစ္စည်းတွေသွားရောက်လှူဒါန်းခဲ့တဲ့ ခင်ပိုးပန်းချီ

ခင်ပိုးပန်းချီကတော့ အသံချိုချိုအေးအေလေးနဲ့ ဓမ္မတေးတွေကို သီဆိုပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် အဆိုတော်မလေး ခင်ပိုးပန်းချီကတော့ ဒီနေ့ ဇူလိုင်လ (၈)ရက်နေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့တဲ့အကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ အလှူလေးကတော့ ပြည်မြို့အနောက်ဘက်ကမ်း ရွှေဘုံသာမုနိဘုရားအနီးရှိ ပရဟိတတောင်တော်ပေါ်တွင် ဦးကျော်သူ နာရေးကူညီမှုအသင်း (ရန်ကုန်)ဦးစီပြီး (၇)ရက်သားသမီးကောင်းမှုနဲ့ တည်ထားကိုကွယ်နေတဲ့ မဟာပဏီတ ပရဟိတအောင်တော်မူ စေတီတော်မှာ ဌာပနာအတွက် စိန်လော့ကတ်သီး၊ စိန်နားကပ်၊ ပုလဲလက်စွပ်၊ …

Read More

Joox မှာ နံပါတ်(၁)နေရာကို သိမ်းပိုက်လိုက်တဲ့ ဖြူဖြူကျော်သိန်းရဲ့ “ထွက်သွားပါတော့” သီချင်းလေး

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ “ထွက်သွားပါတော့” သီချင်းလေးကတော့ ဒီတစ်ပတ်ရဲ့ Joox မှာ ပရိသတ်နားဆင်မှုအများဆုံးနဲ့ နံပါတ် (၁)နေရာကို သိမ်းပိုက်ထားပါတယ်။ ဖြူဖြူရဲ့ သီချင်းလေးကတော့ အသဲကွဲသီချင်းအမျိုးအစားလေးဖြစ်ပြီး အသည်းကွဲနေတဲ့ ပရိတ်တွေအတွက် Feel လို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ ဖြူဖြူကလည်း အခုလို သီချင်းလေး နံပါတ်(၁)နေရာကို ရောက်အောင်အားပေးကြတဲ့ ပရိသတ်တွေကို ” Top 1 နေရာရအောင်အားပေးကြတဲ့ပရိသတ်တွေကိုရော၊ …

Read More