Cele News

မမနီနီပေးတဲ့ မေတ္တာတရားတွေကို ဦးထိပ်ထားတဲ့အနေနဲ့နီနီနာမည်တက်တူးလေးထိုးဖြစ်ခဲ့တယ်ဆိုတဲ့ ခင်ရတနာစိုး

The Voice Myanmar ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ခင်ရတနာစိုးကတော့ ပြိုင်ပွဲတစ်လျှောက်လုံး နီနီခင်ဇော် ဦးဆောင်တဲ့ Team Ni Ni အဖွဲ့ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ ။ နီနီခင်ဇော်ရဲ့ သင်ကြားပြသမှုနဲ့ နွေးထွေးမှုတွေကြောင့် နီနီ့ကို လေးစားချစ်ခင်တဲ့ အထိမ်းအမှတ်နဲ့ နီနီခင်ဇော်ရဲ့ နာမည်လေးကို သူမရဲ့လက်မှာ တက်တူးထိုးခဲ့ပါတယ် ။ နီနီက သူမကို ဖိုင်နယ်မှာ ကြိုးပမ်းပေးခဲ့တာ အရမ်းကို မေတ္တာတရားကြီးမားလွန်းတဲ့အပြင် ငယ်ငယ်က မေမေကအနီးကပ်သင်ကြားပေးခဲ့ပြီး အသက်ကြီးလာတော့ မနီက မေမေ့လို မေတ္တာမျိုးကိုထပ်ပေးနိုင်တယ်လို့ ခင်ခင်က သူမရဲ့ခံစားချက်လေးတွေကို ဆယ်လီကမ္ဘာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ် ။ မနီအနားမှာကပ်ပြီးမချွဲတတ်ပေမယ့် မနီကိုတော့ သူမရဲ့ရင်ထဲမှာအရမ်းချစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။ တက်တူးလေးထိုးဖြစ်တာကလည်း နီနီရဲ့ …

Read More »

သဘာဝရဲ့ အလှအပတွေကို ဖော်ညွှန်းသီကျူးထားတဲ့ ဘင်ဂျမင်ရဲ့ သီချင်းအသစ်လေး

ပရိသတ်ကြီးရေ ဘင်ဂျမင်ဆုမ်းကတော့ Myanmar Idol Season (4) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိမှာ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ ဘင်ဂျမင်ရဲ့ အနုပညာလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းတာမကြာသေးပေမဲ့လည်း ထိုက်သင့်သလောက်အောင်မြင်မှုတွေရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ ဘင်ဂျမင်က ကိုယ်ပိုင်သီချင်း(၄)ပုဒ်တိတိထွက်ရှိခဲ့ပြီးဖြစ်တဲ့အပြင် ဒီနေ့မှာလည်း သူရဲ့(၅)ပုဒ်မြောက်သီချင်းလေးကထွက်ရှိလာခဲ့ပါတယ်။ ပထမဆုံးထွက်ရှိခဲ့တဲ့ သီချင်း(၄)ပုဒ်မှာလည်း တချို့သီချင်းတွေက မထင်မှတ်ထားလောက်အောင် ပြည်ပနိုင်ငံတွေရောက်တဲ့အထိကို အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။ အခုထွက်ရှိလာတဲ့ သီချင်းလေးကလည်း သဘာဝရဲ့ အလှအပတွေနဲ့ လူသားတွေအတွက် မရှိမဖြစ်အရေးပါမှုတွေကို ခံစားပြီး ရေးဖွဲ့ထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ဘင်ဂျမင်ရဲ့ သီချင်းလေးကို နားဆင်ပြီးရင်တော့ ပရိသတ်ကြီးတွေက သဘာဝတောတောင်ရေမြေတွေရှိတဲ့ နေရာဒေသတွေကို ခရီးသွားချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာမှာတော့ အသေအချာပါပဲ။ CeleGabar ပရိသတ်ကြီးရေ ဘင်ဂျမင်ရဲ့ သဘာဝအလှအပတွေကို ဖော်ညွှန်းသီကျူးထားတဲ့ …

Read More »

မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ခံခဲ့ရတဲ့ စိန်ဖြိုးလှိုင် (မောင်)

ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင် (သရုပ်ဆောင် မောင်)ကတော့ ဒီနေ့မှာ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ဂုဏ်ပြုခြင်ကို ခံခဲ့ရပါတယ်။ မောင်ကတော့ ကိုဗစ်ကာလ အတွင်းမှာ ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါကို ကူးစက်ခံခဲ့ရသလို ပျောက်ကင်းအောင် ကုသပြီးတဲ့ နောက်မှာတော့ ကိုယ်တိုင် Volunteer အနေနဲ့ ပါဝင်လုပ်ကိုင်ခဲ့တာပရိသတ်ကြီးတွေသိရှိပြီးသားဖြစ်မှာပါနော်။ ဒီနေ့ ဇန်နဝါရီလ (၁၄)ရက်နေ့မှာတော့ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ကိုဗစ်ကာလအတွင်း ကိုယ်ကျိုးစွန့်အနစ်နာခံကာ လုပ်အားပေးခဲ့ကြတဲ့ ဆရာဝန်တွေကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။ သရုပ်ဆောင် မောင်ကလည်း ကိုဗစ်အတွက် ဖောင်ကြီးမှာ စေတနာ့ဝန်ထမ်းဆရာဝန်အနေနဲ့ လုပ်ဆောင်ခဲ့တာကြောင့် ဒီနေ့ဂုဏ်ပြုပွဲမှာ ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးအပ်ခြင်းခံခဲ့ရတာပါ။ မောင်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မြန်မာနိုင်ငံဆရာဝန်အသင်း …

Read More »

နှစ်သစ်အလှူလေး အနေနဲ့ အလှူငွေ (၁၁)သိန်းကျပ်ကို လှူဒါန်းခဲ့တဲ့ ဆုအိမ့်စံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆုအိမ့်စံကတော့ နှစ်သစ်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ဆုဆုကတော့ နှစ်သစ်အလှူလေးအနေနဲ့ အဘိဓမ္မာ(၇)ကျမ်းကို နေ့ညမပြတ်အသံမစဲ( ၁၁) ရက်တိတိ ရွှတ်ဖတ်ပူဇော်မည့်သံဃာတော်တွေအတွက် အလှူငွေတွေ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အဘိဓမ္မာ(၇)ကျမ်းကို နေ့ညမပြတ်အသံမစဲ( ၁၁) ရက်တိတိ ရွှတ်ဖတ်ပူဇော်မည့်သံဃာတော် အပါးရေ (၂၄)ပါးတို့အတွက် စုစုပေါင်း အလှူငွေ (၁၁)သိန်းကျပ်တိတိကို ဆုအိမ့်စံက ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဆုဆုကတော့ သူ့ရဲ့အလှူလေးကို နတ်လူသာဓုခေါ်ဆိုနိုင်စေဖို့ ရည်ရွယ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ သာဓုခေါ်ဆိုတဲ့သူတွေအကုန်လုံးကိုလည်း သူနဲ့ အတူ ကောင်းမှုအစုစုကို ထပ်တူရရှိစေဖို့လည်း မျှဝေထားပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း မင်းသမီးချောလေး ဆုအိမ့်စံရဲ့အလှူလေးကို သာဓုခေါ်ဆိုပြီး ကုသိုလ်ထပ်တူ ရရှိနိုင်စေဖို့ CeleGabar ကနေ …

Read More »

ပန်းရောင်ခြယ်နဲ့ပန်းသွန်းခြယ်တို့ရဲ့ မွေးနေ့အမှတ်တရ “Memories” cover သီချင်းလေး

ပရိသတ်ကြီးရေ နာမည်ကြီးအဆိုတော်ကြီးဖြစ်တဲ့ အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်ကတော့ အနုပညာလောက ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ရပ်တည်နေပြီပဲဖြစ်ပါတယ်။ ဒီနေ့ဇန်နဝါရီလ (၁၄)ရက်နေ့လေးကတော့ ပန်းရောင်နဲ့ ပန်းသွန်းတို့ညီအစ်မနှစ်ယောက်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့လေးပါ။ ပန်းရောင်နဲ့ ပန်းသွန်းတို့ ညီအစ်မနှစ်ယောက်ကတော့ (၅)နှစ်ကြီး (၅)နှစ်ငယ် ညီအစ်မတွေဖြစ်ပေမဲ့ ထူးထူးခြားခြား မွေးနေ့ရက်က တစ်ရက်တည်းတူတဲ့ ညီအစ်မတွေပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းရောင်နဲ့ ပန်းသွန်းကတော့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Memories ” သီချင်းလေးကို Cover အနေနဲ့ ပြန်လည်သီဆိုခဲ့ပြီး ပရိသတ်တွေအတွက် မွေးနေ့အမှတ်တရလက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်။ ပန်းရောင်နဲ့ ပန်းသွန်းတို့ နှစ်ယောက်ရဲ့ ငယ်ဘဝအမှတ်တရပုံလေးတွေကိုလည်း သီချင်းရဲ့ MTV လေးထဲမှာ …

Read More »

အဘိဓမ္မာ (၇) ကျမ်းကို နေ့ညမပြတ်ဘဲ (၁၁) ရက်တိတိ ပူဇော်မယ့် သံဃာတော် (၂၄) ပါး အတွက် အလှူငွေ (၁၁) သိန်း လှူဒါန်းခဲ့တဲ့ ဆုအိမ့်စံ

အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီး လက်ရှိမှာလည်း ကြော်ငြာတွေနဲ့ Live Sale လေးတွေလုပ်နေတဲ့ ဆုအိမ့်စံ တစ်ယောက် သူမရဲ့အနုပညာကြေးထဲကနေ အဘိဓမ္မာ (၇) ကျမ်း ကို နေ့ညမပြတ်အသံမစဲ မဟာပဌာန်းပွဲအဖြစ် ရွတ်ဖတ်ပူဇော်မယ့် သံဃာတော် (၂၄) ပါးအတွက် အလှူငွေ (၁၁) သိန်းလှူဒါန်းခဲ့ပါတယ်။   အလုပ်တွေကောင်းသလို စေတနာလည်းကောင်းတဲ့ ဆုဆုတစ်ယောက် ဒီထက်မက အောင်မြင်နိုင်ဖို့ ပရိသတ်တွေက ဆုတောင်းစကားတွေအများကြီးပြောခဲ့ပါတယ်။ (၂၀၂၁) နှစ်သစ်အတွက် သူမရဲ့အလှူဒါနလေးဖြစ်ပြီး အားလုံးလည်းသူမနဲ့ထပ်တူ ကုသိုလ်ရစေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။   ဒီလိုကြည်နူးစရာအလှူပုံရိပ်လေးတွေကို ” နှစ်သစ် အလှူလေးပါ အဘိဓမ္မာ (၇) ကျမ်းလုံးအား နေ့ညမပြတ်အသံမစဲတရားကို (၁၁) ရက်တိတိ ရွတ်ဖတ်ပူဇော်မည့်သံဃာတော် (၂၄) ပါး …

Read More »

ကိုဗစ်ကာကွယ်ဆေးအတွက် ရန်ပုံငွေရှာတဲ့ပွဲမှာ အဆိုတော် J-fireနဲ့အတူ သရုပ်ပြထိုးသတ်သွားမယ့် မိုးအောင်ရင်

ပရိသတ်ကြီးရေ သရုပ်ဆောင်မိုးအောင်ရင် နဲ့ အဆိုတော် J Fire တို့ နှစ်ယောက်ဟာ သရုပ်ပြဘောက်ဆင်ပွဲ ထိုးသတ်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ ဒီပွဲလေးကို Burmese Street Boxing က စီစဉ်ပေးပြီး သုဝဏ္ဍလက်ဝှေ့အဖွဲ့ချုပ်စခန်းမှာ ဖေဖော်ဝါရီ ပထမအပတ်ထဲလုပ်သွားမှာဖြစ်ပါတယ် ။ အချိန်ကတော့ မနက် ၁၁ ကနေ ညနေ ၄ နာရီအထိဖြစ်ပြီး ဒီသရုပ်ပြပွဲရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကိုဗစ်ကာကွယ်ဆေးဝယ်ယူရာမှာ တစ်ထောင့်တနေရာက ရန်ပုံငွေရအောင် ဝိုင်းကူညီကြတာပဲဖြစ်ပါတယ် ။ မိုးအောင်ရင် အပါအဝင် နောက်ထပ် Celebrity ကိုးယောက်လည်းပါဝင်ထိုးသတ်သွားမှာပါ ။ သုံးမိနစ်သုံးချီ တစ်မိနစ်နားစနစ်ဖြစ်တဲ့အကြောင်းကိုလည်း မိုးအောင်ရင်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ ပွဲနေ့ကို ရုပ်သံထုတ်လွှင့်ရေးတစ်ခုကနေ တိုက်ရိုက်လွှင့်ပြမှာဖြစ်ပြီး …

Read More »

ပရိသတ်တွေ က ဖေဖေလို့စနောက်ခေါ်နေကြတဲ့အပေါ် စိတ်မဆိုးပါဘူးဆိုတဲ့ လူကြမ်သရုပ်ဆောင် မင်းမင်း

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းကတော့ လတ်တလောမှာ သူ့ရဲ့သမီးလေး ဇင်စန္ဒာထွန်းကို ပရိသတ်တွေရှေ့ ပွဲထုတ်လာခဲ့ပါတယ် ။ ဒီလောက်ထိ ပရိသတ်တွေက သမီးလေးကို အသိမှတ်ပြုကြလိမ့်မယ်လို့ မထင်ထားခဲ့ပေမယ့် အခုလို အများကြီးအားပေးကြတဲ့အပေါ် လူကြမ်းသရုပ်ဆောင် မင်းမင်းက ဝမ်းသာဂုဏ်ယူနေတာပါ ။ ဖေဖေ လို့ပရိသတ်တွေဝိုင်းစကြတဲ့အပေါ်မှာလည်း စိတ်မဆိုးသလို သမီးလေးအလှည့်ကျမှ ပဲ ပွဲထုတ်ခွင့်ရပြီး လမ်းကြောင်းတစ်ခုပေါ်ရောက်လာတာကို အရမ်းပီတိဖြစ်မတဲ့ အကြောင်းနဲ့ ကိုမင်းမင်းက သူတို့ခေတ်အခါက ဒီလိုဖြစ်ဖို့ကို အရမ်းကြိုးစားခဲ့ရတာဆိုပေမယ့် သမီးလေးက အချိန်တိုလေးအတွင်းမှာ ပရိသတ်တွေရဲ့အားပေးမှု အများကြီးရလာတယ်ဆိုတာ သမီးလေးရဲ့ စန်းကြောင့်ပါလို့လည်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ သမီးလေး ဇင်စန္ဒာထွန်းကလည်း အားပေးတဲ့သူတွေများလာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသလို ဘာပဲဖြစ်ဖြစ် …

Read More »

ကား (၅) စီးဆင့်တိုက်ခဲ့ပေမယ့်လည်း အသက်အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ ဦးကျော်သူ

ဇန်နဝါရီ ၁၃ရက်နေ့ ဒီနေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဖြစ်တဲ့ သရုပ်ဆောင် ဦးကျော် သူ ကားငါးစီးဆင့် တိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့သိရပါတယ် ။ ဒီနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ကားရှင်းရင် တစ်ဖက်လမ်းကို ကူးဖို့အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနဲ့ လိုက်ထရပ်ကားကို နောက်မှ အဝေးပြေးခရီးသည် တင်ကားတစ်စီးက တိုက်သွားခဲ့တာဖြစ်ပါတယ် ။၏ ရှေ့ဆုံးမှာ ရပ်နေတဲ့ကားက တစ်ဆင့်ချင်းတိုက်ခံရပြီး ဦးကျော်သူ မောင်းလာတဲ့ နာရေးနိဗ္ဗာန်ယာဉ်ကို ရှေ့ဘေးမှ ဆောင့်တိုက် လိုက်တဲ့အတွက် ဦးကျော်သူက ရှောင်လိုက် သော်လည်း သူ့ရဲ့ ညာဖက်မှာရှိတဲ့ ဘတ်စ်ကားတစ်စီးရဲ့ နောက်ပိုင်းဘေးဖက် ကို နာရေးကူညီမှုကားက တဆင့် တိုက်မိခဲ့တယ်လို့ သိရပါတယ် ။ …

Read More »

အနုပညာအလုပ်တွေကြိုးစားပြီး မိခင်ဖြစ်သူအတွက် စိန်နားကပ်တစ်ရံ ကန်တော့ခဲ့တဲ့ ခင်ရတနာစိုး

ပရိသတ်ကြီးရေ .. The Voice Myanmar ပြိုင်ပွဲ ကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ခင်ရတနာစိုးကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့ပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ ကိုဗစ်ကာလကြီးမှာ Show တွေမဆိုနိုင်သေးပေမယ့်လည်း Live Sale လေးတွေရောင်းချပြီးရတဲ့အနုပညာကြေးနဲ့ မိခင်ဖြစ်သူကို ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။   ဟိုး ငယ်ငယ်လေးကထဲက မိခင်ဖြစ်သူ ကိုသီချင်းဆိုရင်းပိုက်ဆံရှာပြီး ကန်တော့ခဲ့ပေမယ့် အခုချိန်ထိအဖတ်တင်တာရယ်လို့ မဝယ်ပေးဖူးသေးတဲ့အတွက် ဇန်နဝါရီလ (၁၂) ရက်နေ့ညက သူမ Live saleလုပ်ရင်းနဲ့ လုပ်အားခလေးစုပြီး မေမေပူဆာနေတဲ့ ခရမ်းဆွဲစိန်နားကပ်ကိုဝယ်ပေးနိုင်ခဲ့ပါတယ် ။ သမီးအတွက်ဒီအချိန်မှာလိုအပ်တာက ကိုယ်ပိုင်သီချင်းနဲ့ ကိုယ်ပိုင်ကားလေးပါ ဒါပေမယ့် အမေ့ရဲ့ဆန္ဒနဲ့ယှဉ်ရင်တော့ဒါတွေကအရေးမပါပါဘူး ဆိုတဲ့စာသားလေးနဲ့အတူ သူမလိုအပ်နေတာထက် …

Read More »