Cele News

တစ်ယောက်ကိုတစ်ယောက်ခွဲမရအောင် အရမ်းချစ်ကြတဲ့ ယွန်းယွန်းနဲ့သဇင်ထူးမြင့်

ဆံပင်ရှည်လေးတွေနဲ့နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဟာသ သရုပ်ဆောင် ဦးခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး သဇင်ထူးမြင့်နဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေ ဆိုတာ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။ အခုနောက်ပိုင်းမှာတော့ အရင်းနှီးဆုံး အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားခဲ့ပြီး တစ်နေ့မမြင်ရရင်တောင် မနေနိုင်လောက်အောင် ခင်မင်ခဲ့ကြပါတယ် ။ တစ်ယောက်ကိုတစ်ယောက် အရမ်းဂရုစိုက်ပြီး မကြာခဏ ဆိုသလို တွေ့ဖြစ်ကြပြီး မတွေ့ဖြစ်ကြရင်လည်း Video call တွေခေါ်ပြီး အလွမ်းသယ်ကြတဲ့ အထိ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ် ။ လက်ရှိမှာလည်း သူမတို့နှစ်ယောက်ပါဝင်ရိုက်ကူးထားတဲ့ Double Dating အစီအစဉ်မှာ ပရိသတ်အားပေးမှု အတော်လေး ရရှိနေပြီး အရင်ကထက်ပိုပြီး တွေ့ဆုံဖြစ်နေကြတယ်လို့ဆိုရမှာပါ ။ ယွန်းယွန်းနဲ့ သဲ …

Read More »

Joox ရဲ့ နံပါတ် (၁) နေရာမှာ နေရာယူနိုင်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့ သီချင်းသစ်

ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေမြင့်တက်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ကိုရီးယား အဆိုတော် Park Bom တို့ရဲ့ Red Light ဆိုတဲ့ သီချင်းကတော့ Joox ရဲ့ နံပါတ် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့ပါပြီ ပရိသတ်ကြီးရေ ..။ စိုင်းစိုင်းရဲ့ သီဆိုမှုကို ဝေဖန်သူတွေအများအပြားရှိခဲ့ပေမယ့် နံပါတ် (၁) နေရာကို ရပ်တည်နိုင်ခဲ့တာပါ ။ ဝေဖန်တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပေမယ့်လည်း နိုင်ငံခြားပရိသတ်တွေကတော့ စိုင်းစိုင်းရဲ့သီဆိုဟန်ကိုချီးကျူးထားတဲ့ Comment တွေ YOUTUBE မှာရေးသားခဲ့ကြပါတယ် ။ စိုင်းစိုင်းကိုနှစ်ပေါင်းများစွာချစ်ခင်အားပေးလာကြတဲ့ ဖန်တွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် ဝေဖန်မှုတွေကြားက နေ Joox No (1) နေရာမှာ ရပ်တည်နိုင်ခဲ့တာ လို့ ဆိုရမှာပါ ။\ …

Read More »

မွေးရပ်မြေကကျောင်းလေးအတွက် ရက်ရက်ရောရောအလှူပြုခဲ့ပြန်တဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်အနုပညာရှင်တွေထဲကတစ်ယောက်အဖြစ်နှစ်ပေါင်းများစွာရပ်တည်လာနိုင်သူပါ။ ဒါ့အပြင် SAI Cosmetix လုပ်ငန်းကိုတည်ထောင်ထားပြီး အောင်မြင်မှုတွေရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေရနေတဲ့စိုင်းစိုင်းကတော့ ငယ်စဉ်ကတက်ခဲ့တဲ့ကျောင်းအတွက်လည်း အလှူပြုခဲ့ပြန်ပါတယ်။ သူ့ရဲ့အလှူအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ကနေတစ်ဆင့်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပါ။ သူတက်ရောက်ခဲ့တဲ့ အထက(၁)တောင်ကြီးရဲ့စာသင်ကျောင်းရဲ့ (၇၅)နှစ်ပြည့် အထိမ်းအမှတ်စာ ကြည့်တိုက် အဆောက်အဦးအတွက် အလှူငွေသိန်း(၃၀) လှူဒါန်းခဲ့တာပါ။ စိုင်းစိုင်းကတော့ သူ့မွေးရပ်မြေမြို့လေးအတွက်တတ်နိုင်သလောက် ထောက်ပံ့မှုတွေပြုနေပုံပါပဲ။ မကြာသေးခင်ကလည်း Red Light ဆိုတဲ့သီချင်းကို Park Bom နဲ့အတူ သီဆိုခဲ့ပြီး ဒီသီချင်းကတော့ JOOX Myanmar မှာ နံပါတ်တစ်ချိတ်နေတာလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းတစ်ယောက် အောင်မြင်မှုများစွာလည်း ရရှိပိုင်ဆိုင်ပြီး အလှူအတန်းတွေလည်းလုပ်နိုင်စေဖို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Source : SaiSaiKhamLeng

Read More »

အစီအစဉ်မရှိဘဲလှူချင်စိတ်ပေါက်လာတာကြောင့် အိမ်မှာရှိတဲ့ဆန်တွေနဲ့ အလှူပြုလုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားသူဖြစ်သလို စိတ်စေတနာကောင်းမွန်သူလည်း ဖြစ်ပါတယ်။ အလှူအတန်းတွေရက်ရက်ရောရောပြုသူတစ်ယောက်ဖြစ်တာကြောင့် ဘွဲ့တံဆိပ်တွေလည်း ရရှိထားသူပါ။ အခုလည်း မထင်မှတ်ဘဲနဲ့အိမ်မှာရှိတဲ့ဆန်တွေနဲ့ အလှူပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီအကြောင်းကိုတော့ “ဒီနေ့ကျန်တော့်ဆိုင်ရှေ့မှာလမ်းခင်းကြတဲ့စည်ပင်မှဝန်ထမ်းလုပ်သား(၃၁)ဦးကို တစ်ဦးလျှင် ဆန်တစ်ပြည်၊ ငွေတစ်သောင်းကျပ်( ၁၀၀၀၀ကျပ်) ရေသန့်ဗူး မုန့်များ ကို (၃၁ဦး)စာအတွက်အစီအစဉ်မရှိပဲလှူချင်စိတ်ပေါက်လာလို့အလှုလေးလုပ်ဖြစ်သွားတယ်။ လမ်းထပ်ပိုးခင်းမယ်ဆိုတာကြိုပြီးမသိထားတော့ ဝယ်ဖို့ရာဆန်အဆင်မသင့်လို့..စားဖို့ရှိနေတဲ့ဆန်အိတ်ထဲကမို့ဆန်တပြည်စီပဲလှုလိုက်ရလို့စိတ်မကောင်းဖြစ်ရသေးတယ်.. ကျန်တော့်အလှူဆိုတာထက်.. Designer မျိုးမင်းစိုးနဲ့ ရွှေမျိုးကိုအားပေးကြတဲ့ မိတ်ဆွေအမျိုးများရဲ့ အလှုလေးဆိုလည်းမမှားပါဘူး…ဤအကျိုးအားကြောင့် အမြဲပေးကမ်းလှုဒါန်းနိုင်သောလက်တစုံဖြစ်ပါရစေ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။ မျိုးမင်းစိုးကတော့ နေ့စဉ်အလှူတွေပြုလုပ်နေသလို လိုအပ်တဲ့နေရာတွေမှာလည်း အလှူအတန်းတွေပြုလုပ်လေ့ရှိသူပါ။ အခုလည်း စည်ပင်လုပ်သားတွေကို အိမ်မှာရှိတဲ့ဆန်တွေနဲ့အလှူအတန်းပြုခဲ့တာဖြစ်ပြီး တကယ့်ကိုစေတနာထက်သန်သူပါပဲနော်… Source : MyoMinSoe

Read More »

လင်းလင်းတစ်ယောက်”မသေဆေး” ဖော်ဖို့အတွက် သေလုမတတ်ပါရမီဖြည့်ခဲ့ရတယ်ဆိုတဲ့ ချစ်သုဝေ

ချစ်သုဝေကတော့ ကိုယ်တိုင်ကလည်း ပညာရေးမှာထူးချွန်သလို အနုပညာလောကမှာလည်း အောင်မြင်မှုရရှိထားသူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူအဆိုတော်လင်းလင်းနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာလည်း သမီးလေးနှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်နေတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း အားကြိုးမာန်တက်လုပ်ဆောင်နေသူပါ။ လင်းလင်းကတော့ (၅)နှစ်ကြာပြီးနောက် အယ်လ်ဘမ်အသစ် ထွက်ရှိလာခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ပရိသတ်တွေကြိုတင်ဝယ်ယူမှုများနေတဲ့ဒီအယ်လ်ဘမ်လေးအတွက် အစွမ်းကုန်ကြိုးစားနေတဲ့ခင်ပွန်းအကြောင်းကိုတော့ “မသေဆေး Mr..လင်းလင်း ဟာ ဒီခွေထဲမှာ သူ့ထုံးအတိုင်း အတွေးဒဿနတွေအပြည့်နဲ့စာသားတွေရယ် နူးညံ့တဲ့သံစဉ်တွေကို ပြင်းထန်တဲ့ စာသားအသုံးအနှုန်းတွေသုံးပြီး ရောစပ်မှူအဆန်းတွေရယ် သုံးထားတယ် ခံစားရတာပဲ…သူ “မသေဆေး” ဖော်ဖို့.. သေလုမတတ် ပါရမီ ဖြည့်ခဲ့ရတယ်ဆိုတာလေးတော့ ပြောပါရစေအေ။ ဒီခွေမှာ mixing & masteringပါ ကိုယ်တိုင်လုပ်နိုင်ခဲ့တာမို့ ဂုဏ်ယူမဆုံးပါပဲအေ ( ကျုပ်ကိုမကူပဲ covid 2ndwaveတစ်လျောက် mixing masterတွေလေ့လာ သူ့သီချင်းတွေကိုယ်တိုင်ဆွဲ နဲ့ ကိုယ့်ကိုအဖတ်မလုပ်ပစ်ထားလို့ …

Read More »

ဘဝမှာ ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဆိုတဲ့ မိတ်ကပ် လင်းလင်း

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းလင်းကတော့ ပရိသတ်ချစ်ခင်အားပေးမှုနဲ့အတူ မိတ်ကပ်ပညာရှင်ဘဝကနေ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးလာခဲ့ပါတယ် ။ ငယ်ဘ၀ ကြမ်းတမ်းမှုတွေကြားက အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တဲ့ လင်းလင်းက လက်ရှိမှာ သူမ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီတဲ့ ပရိသတ်ကြီးရေ ..။ အိမ်မက်တွေ့ကိုအကောင်အထည်ဖော်ခွင့်ရခဲ့နေ့ပါပဲရှင့် ခေါင်းအစခြေအဆုံး ပံပိုးပေးပါသော မေမေမိုးကုပ်ပေါက်ပေါက် ကိုဦးစွာရှိခိုးကန်တော့ပါတယ် သဇင်ပန်းကိုဆင်မြန်းပေးတဲ့ဆရာဦးဝင်းလှိုင် တို့အား ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် ဆိုတဲ့စာသားလေးနဲ့အတူ အငြိမ့်မင်းသမီးဝတ်စုံလေးနဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ ခုလို အငြိမ့်မင်းသမီးလေးတစ်ယောက်လိုဝတ်ဆင်ပြီး ကပြ ဖျော်ဖြေခွင့်ရခဲ့တဲ့ လင်းလင်းအတွက် ပရိသတ်တွေက ဂုဏ်ယူနေကြသလို အနုပညာရှင်တွေကလည်းချီးကျူးမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ပွင့်လင်းသွက်လက်ပြီး ချစ်ဖို့ကောင်းတဲ့မိတ်ကပ်လင်းလင်းရဲ့ အငြိမ့်သမ ပုံရိပ်လေးတွေကိုလည်း ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် …

Read More »

အဆိုတော် MHL အတွက်ဘဝပေါင်း (၁၀၀) က အကြွေးကိုပြန်ဆပ်လိုက်တဲ့ ထက်ထက်ထွန်း

Miss Universe Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းကတော့ အလှမယ်တစ်ဦးမှာရှိသင့်တဲ့ စမတ်ကျမှုတွေ လှပမှုတွေ ထက်မြတ်မှုတွေနဲ့ ပြည့်စုံနေသူတစ်ဦးမို့ Miss Universe Myanmar 2015 နဲ့ 2016 ပွဲတိုင်းမှာ အလှသရဖူတိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့အနုပညာရှင်မင်းသမီးချောလေးတစ်ယောက်ပါ ။ သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲလိုလို မျှဝေပေးတတ်ပြီး အခုလည်း ထပ်မံမျှဝေပေးလာပြန်ပါပြီ ။ ပရိသတ်တွေအားလုံးသိပြီးသားဖြစ်တဲ့ အဆိုတော် MHL ကဟင်းတွေ ချက်ပြီးတိုင်း စားချင်တယ်လို့အမြဲပြောနေပေမယ့် ချက်ပြီးလာပေးမယ်ပြောပြောပြီး သွားမပို့ဖြစ်လို့ ဒီနေ့မှာအကောင်အထည်ဖော်တဲ့အနေနဲ့ အဲဗားလစ်နေတဲ့ ကိုကြီး MHL အတွက် ဘဝပေါင်း (၁၀၀) မှ အကြွေး နံရိုးမျှစ်ချဉ်ဟင်း ဆိုတဲ့စာသားလေးနဲ့အတူ MHL ဆီဟင်းသွားပို့ခဲ့ကြောင်း သူမရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့တာပါ …

Read More »

မောင်လေးတွေကိုမှ ချစ်တယ်ဆိုတဲ့ မမတွေအတွက် ရတနာမိုင်ရဲ့ မမအထာ သီချင်းMusic Video

တေးသံရှင်မိုင်ရဲ့ အနုပညာမျိုးဆက်လေးဖြစ်သလို အလွမ်းသီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလက်ခံရရှိထားတဲ့ အဆိုတော်ရတနာမိုင်ကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမရဲ့ အလွမ်းသီချင်းလေးတွေက ပရိသတ်ရဲ့ခံစားချက်နဲ့ထပ်တူကျလို့ အမြဲတမ်း ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားလေ့ရှိပါတယ် ။ လတ်တလောမှာတော့ မောင်လေးတွေကိုမှ ချစ်တတ်တဲ့ မမ တွေအတွက် မမ အထာဆိုတဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။ ဒီသီချင်းလေးအတွက် music video လေးကို အုပ်စိုးခန့်နဲ့အတူ ရိုက်ကူးထားတာဖြစ်ပြီး မောင်လေးကို တဖက်သတ်ချစ်မိတဲ့ မမ တစ်ယောက်ရဲ့ ခံစားချက်တွေကို တေးရေး ဝေကြီးက ရေးသား ထားတာပဲဖြစ်ပါတယ် ။ သီချင်းခပ်မြူးမြူးလေးလည်းဖြစ်သလို အုပ်စိုးခန့်နဲ့ ရတနာမိုင်ရဲ့ ချစ်စဖွယ်သရုပ်ဆောင်မှုလေးတွေကြောင့် ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့နေကြတာပါ ။ မိုင်လေး ကိုချစ်တဲ့ …

Read More »

မကြာခင်လက်ထပ်တော့မယ့် အောန်ဆိုင်းအတွက် သူငယ်ချင်းတွေလုပ်ပေးခဲ့ကြတဲ့ Surprise Party

စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အော်န်ဆိုင်းကတော့ မကြာသေးမီကမှ ပရိသတ်တွေအားကျသွားလောက်အောင် လက်ထပ်ခွင့်တောင်းခံခဲ့ရပြီး ချစ်သူနဲ့မကြာခင် ရွှေလက်တွဲတော့မှာပဲဖြစ်ပါတယ် ။ သူမ ရဲ့ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုလေးကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားကျခြင်းကိုခံခဲ့ရပြီး သူမကိုယ်တိုင်လည်း အရမ်းကိုပျော်ရွှင်နေပါတယ် ပရိသတ်ကြီးရေ ..။ ဒီတခေါက်တော့ သူငယ်ချင်းတွေနဲ့ ညီမလေးတွေက Surprise ထပ်တိုက်ခဲ့ကြပါတယ် ။ အဲ့ဒါကတော့ သူမအတွက် SOLD OUT Party လေးဖြစ်ပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ပုံနဲ့တကွ ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။ Happy surprising moment ဆိုတဲ့စာသားလေးနဲ့အတူ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ကြည်နူးပျော်ရွှင်စရာပါ ။ ဒီလို အခိုက်အတန့်လေးတွေကတော့ သူမအတွက် တစ်သက်စာ မေ့နိုင်မယ်မထင်တော့ပါဘူးပရိသတ်ကြီးရေ …

Read More »

မိန်းကလေးပရိသတ်တွေကို ရည်းစားဘဝမှာ ချစ်သူကိုဓာတ်ပုံအဝရိုက်ခိုင်းဖို့ အကြံပေးလိုက်တဲ့ ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး ဒါရိုက်တာ ဏကြီးရဲ့ ချစ်ဇနီးလေးလည်းဖြစ်ပါတယ် ။ လတ်တလောမှာတော့ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ အိမ်ထောင်မကျသေးတဲ့ မိန်းကလေး ပရိသတ်တွေကို သုသုက အခုလိုအကြံတစ်ခုပေးလာခဲ့ပါတယ် ။ လွန်ခဲ့သော (၆)နှစ် ကလော ပင်းတယ တဝိုက်တွင်သာယာခဲ့စဉ်က ပုံရိပ်လေးတွေနဲ့အတူ ညီမလေးတွေအားလုံး မမသုသုကြိုပြောပြထားမယ်နော် ညီမလေးတို့ရည်းစားတွေကိုလေ ရည်းစားဘဝမှာဓါတ်ပုံများများသာရိုက်ခိုင်းထား အဲ့အချိန်ပဲသူတို့ကကိုယ်တွေကိုလှတယ်မြင်ပြီး ဓါတ်ပုံတွေလိုက်ရိုက်ပေးလို့မဝနိုင်ဖြစ်နေတာ အိမ်ထောင်ကျပြီးလို့ကတော့ လမ်းဘေးကအမှိုက်ပုံနဲ့ကိုယ်နဲ့ယှဉ်ရင်တောင် အမှိုက်ပုံကြီးကပိုပြီးဓါတ်ပုံရိုက်ချင်စရာကောင်းနေတာမျိုး ဆိုတဲ့စာသားလေးနဲ့အတူ မိန်းကလေးပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အကြံပေးစကားရေးသားခဲ့ပါတယ် ။ မယုံရင် ဦးဏကြီးcamera ထဲလာကြည့်လှည့် လမ်းဘေးကသံချေးတက်နေတဲ့ စက်ဘီးအစုတ်ကစ ပင့်ကူအိမ်ထိတွေ့ရမယ်….မမသုသုပုံ မပါစေရဘူးလို့ အရွှန်းဖောက်ရေးသားထားပါသေးတယ် ။ သုသုနဲ့ အဖြစ်ချင်းတူနေတဲ့ ပရိသတ်တွေကတော့ သုသုလိုကြုံတွေ့ရကြောင်း မှတ်ချက်တွေ …

Read More »