Cele News

လက်ဦးဆရာ “ဆရာမင်းထင်ကိုကိုကြီး” နဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ မေ

မေကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တဲ့ သူတစ်ယောက်ပါ။လက်ရှိအချိန်မျှွှာတော့ မေက သရုပ်ဆောင်တစ်ယောက်အပြင် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိပိုင်ဆိုင်ထားနိုင်နေပြီဖြစ်တဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ မေကလတ်တလောမှာ သူ့ရဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်ခါခဲ့ချိန်က လက်ဦးဆရာဖြစ်တဲ့ “ဆရာမင်းထင်ကိုကိုကြီး” နဲ့ တွေဆုံခဲ့ပြီး အနုပညာလောကကိုစတင်ဝင်ရောက်လာချိန်က အမှတ်တရတွေကိုပြန်လည်ပြောပြလာခဲ့ပါတယ်။မေက အသက် (၁၇) နှစ်အရွယ် ကင်မရာရှေ့စရောက်ချိန် ဇာတ်ကောင်စရိုက်ပီပြင်စေခဲ့တဲ့ “တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားရိုက်ခဲ့တဲ့အချိန်တွေ သတိရမိတဲ့အကြောင်းကိုလည်းပြောပြထားပါသေးတယ်။ “တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားရိုက်ကူခဲ့ချိန်က သင်ပြညွှန်ကြားပေးခဲ့တဲ့ ဦးမင်းထင်ရဲ့ သင်ကြားညွှန်ပြမှုနဲ့ Satori Team တစ်ခုလုံးကိုလည်း ကျေးဇူးတင်စကားလည်း ဆိုထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက မေရဲ့ ပရိသတ်တွေလွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က မေရိုက်ကူးခဲ့တဲ့ “တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားကိုကြည့်ဖူးတဲ့ ပရိသတ်တွေရှိလား။ Chilli – CeleGabar …

Read More »

အကုန်လုံးနဲ့တစ်ယောက်မလဲနိုင်လို့ ချစ်သူမထားသေးတာပါဆိုတဲ့ ကျော်ထက်ဇော်

MRTV-4 မင်းသားတစ်လက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ကျော်ထက်ဇော်ကတော့ ဒီနေ့မှာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ခံယူချက်တချို့ကိုပြောပြလာခဲ့ပါတယ်။ သူ့ကိုအားပေးတဲ့ ပရိသတ်တွေထဲမှာ ချစ်သူနဲ့တွဲမြင်ချင်တဲ့ပရိသတ်ကတော့ (၁၀) ရာခိုင်နှုန်းလောက်သာရှိပြီး သူကိုယ်တိုင်လည်း အကုန်လုံးနဲ့တစ်ယောက်မလဲနိုင်တဲ့အကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။ “ပရိသတ်တွေက ကျွန်တော်ကိုအရမ်းချစ်ကြတယ်..တူလေးလိုပဲဖြစ်ဖြစ်၊ သားလေးလိုပဲ ဖြစ်ဖြစ်၊ အစ်ကိုလိုပဲဖြစ်ဖြစ်၊ မောင်လိုပဲဖြစ်ဖြစ် ချစ်ကြတယ်လေ… ကိုယ့်ရဲ့မိဘလို၊ မောင်နှမလို သူတို့က ကျွန်တော်တစ်ခြားသူစီပါသွားမှာ အရမ်းကိုသဝန်တိုကြတယ်.. ဒါကလည်းလေး တခြားစိတ်မဟုတ်ပါဘူး.. သူတို့မှာ ကျွန်တော်နဲ့ပတ်သက်ပြီး မေတ္တာတွေနဲ့ချစ်တဲ့စိတ်ပေါ့နော်.. ကျွန်တော်အနေနဲ့ဆိုရင် ကျွန်တော်အမြဲဖြေဖူးသလိုပေါ့.. သူတို့ရဲ့မေတ္တာတရားက အရမ်းကြီးမားတယ်.. ကျွန်တော်ချစ်လိုက်ရင်တစ်ယောက်ပဲရမယ်.. ကျွန်တော်ကိုချစ်ရင် အများကြီးရမယ်…ကျွန်တော်မှာ သူတို့တွေအများကြီးရှိနေတဲ့အတွက် သူတို့တွေအယောက်ပေါင်းများစွာ..လူပေါင်းများစွာ… စိတ်ပေါင်းများစွာ..နေရာပေါင်းများစွာက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်တွေအများကြီးရှိနေတဲ့အတွက် ကျွန်တော် ဒီတစ်ယောက်ကိုမရွေးချယ်ချင်ဘူး… ဘာလို့ဆို ကျွန်တော့်မှာ သူတို့ရဲ့အချစ်တွေ အများကြီးပြည့်နေတဲ့အတွက်..ကျွန်တော် အားလုံးနဲ့တစ်ယောက်ကို …

Read More »

သမီးလေးရဲ့(၁၆)နှစ်ပြည့်မွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခင်ဇာခြည်ကျော်

ခင်ဇာခြည်ကျော်ကတော့ ပရိသတ်အချစ်တော်ဝါရင့်မင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ ခင်ဇာခြည်ကျော်ကတော့ သားသမီးတွေနဲ့အတူ ပျော်ရွှင်စွာနဲ့ဘဝကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်လာတာကြောင့် ပရိသတ်တွေရဲ့လေးစားအားကျခြင်းကိုလည်း ခံရသူတစ်ယောက်ပါ။ ဒီနေ့ကတော့ သမီးဖြစ်သူရဲ့မွေးနေ့ဖြစ်တာကြောင့် သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Happy Birthday ပါ မေမေ့ အသဲလေး ရေ HtinThitsar သမီးလေး ရဲ့ (၁၆) နှစ်ပြည့် မွေးနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး မိဘကျေးဇူးသိတတ်တဲ့ သမီး ကောင်းရတနာလေးဖြစ်ပါစေ…ပညာတတ်ကြီး လည်းဖြစ်ပါစေ….မိသားစု အတွက်အရမ်းလိမ်မာတဲ့ သမီး မို့ ကျေးဇူးတင်ပါတယ် သဲလေးရေ… ၂၅.၆.၂၀၂၀”ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ ခင်ဇာခြည်ကျော်ရဲ့သားဖြစ်သူဘုန်းမင်းနေလကတော့ အနုပညာအလုပ်တွေလုပ်နေသလို ပရိသတ်အခိုင်အမာရရှိနေပြီး သမီးဖြစ်သူကတော့ အမေဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေလုပ်နေတာကြောင့် ပရိသတ်အချစ်တွေကို ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ သမီးဖြစ်သူထင်သစ္စာရဲ့(၁၆)နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ် ပရိသတ်ကြီးရေ… Source …

Read More »

ပန်းရောင်းနေတဲ့ ကလေးတွေအတွက် ကျောင်းတက်ဖို့လိုအပ်တဲ့ ကျောင်းပစ္စည်းတွေ လှူဒါန်းပေးဖို့ပြင်ဆင်နေတဲ့ စီနွန်

ပရိသတ်ကြီးရေ စီနွန်ကတော့ ဖိလစ်ပိုင်နိုင်ငံကနေ ပြန်မာနိုင်ငံကို ရောက်ရှိနေခဲ့ပြီး သူ့ရဲ့ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းလှတဲ့ စိတ်ဓာတ်လေးကြောင့် မြန်မာပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ခံနေရတဲ့ သူတစ်ယောက်ပါ။ စီနွန်က မြန်မာပြည်ကိုရောက်ရှိနေချိန်မှာ လိုအပ်နေတဲ့ သူတွေအတွက်တတ်နိုင်သလောက် လိုက်လံလှူဒါန်းပေးနေခဲ့တာလည်း ပရိသတ်တွေအသိပါ။ အခုတစ်ခေါက်မှာလည်း စီနွန်က မကြာခင်အချိန်မှာ ကျောင်းတွေပြန်လည်ဖွင့်တော့မှာဖြစ်တဲ့ အတွက် ကျောင်းမတတ်ခင် လမ်းဘေးမှာပန်းရောင်းနေရတဲ့ ကလေးတွေကျောင်းတက်တ့အခါမှာ လိုအပ်တဲ့ ပစ္စည်းတွေကိုလှူဒါန်းပေးဖို့ ပြင်ဆင်နေပါသေးတယ်။ကျောင်းတက်တဲ့အခါမှာ လိုအပ်တဲ့ လွယ်အိတ် စာအုပ်ခဲ့တံ စတဲ့ ပစ္စည်းတွေကို စီနွန်က လှူဒါန်းပေးသွားမှာပါ။ ပရိသတ်တွေကတော့ စီနွန်ရဲ့ စိတ်ထားလေးကို သဘောကျနှစ်သက်နေခဲ့ကြပြီး ချီးကျူးစကားနဲ့အတူ နောက်နောင်လည်း ထိထက်မကလှူဒါန်းနိုင်စေဖို့ ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း စီနွန်ရဲ့ အလှူလေးကိုသာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။ …

Read More »

နာမည်အသုံးပြုကာ လိမ်လည်နေတဲ့ Page အတုတွေကို သတိထားဖို့ပြောလာတဲ့ စမိုင်းလ်

တခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲကြိုက်ခဲ့ရတဲ့ မော်ဒယ်လ်မင်းသမီးဘဝကနေ အနားယူကာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ ယနေ့မှာ သူ့ရဲ့ နာမည်အသုံးပြုကာ လိမ်လည်နေတဲ့ Page အတုတွေကို သတိထားဖို့ပြောထားပါတယ်။ စမိုင်းလ်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ အလှူရေစက်လက်နဲ့မကွာဆိုသလို လိုအပ်တဲ့နေရာတိုင်းမှာ လှူဒါန်းမှုတွေလည်း ပြုလုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Page အတုတွေကနေ စမိုင်းလ်ရဲ့နာမည်နဲ့ပုံတွေသုံးကာ Like ရအောင် ပိုက်ဆံပေးမယ်ဆိုကာ လိမ်လည်နေတာလည်းဖြစ်ပါတယ်။ စမိုင်းလ်ကတော့ Page အတုတွေကို သတိထားဖို့ကို “Page အတုတွေအများကြီးနော် အမှန်ခြစ် ထားတဲ့ဒီ page တစ်ခုပဲသုံးတာနော်။ တစ်ခြား page တွေကပိုက်ဆံပေးမယ်ဆိုပြီးညာနေကြလို့ like တွေရအောင်.. Smile တစ်ကယ်သုံးတာ ဒီတစ် page ပဲရှိပါတယ်ရှင် …

Read More »

ဂျူဝယ်နဲ့အတူသီဆိုထားတဲ့ အသည်းကွဲသီချင်းတစ်ပုဒ်ကို ပရိသတ်တွေရှေ့အရောက်ပို့တော့မယ့် မိစန္ဒီ

ရေခဲရိုက်အပြုံး ဆိုတဲ့သီချင်းနဲ့အတူ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အဆိုတော် မိစန္ဒီကတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ ခေတ်ရေစီးကြောင်းနဲ့လိုက်ပြီး Trend ဖြစ်တဲ့ သီချင်းလေးတွေကို သီဆိုလေ့ရှိပြီး သူမရဲ့ ဈေးဗန်းခင်းတဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြားမှာအတော်လေးရေပန်းစားခဲ့ပါတယ် ။ လတ်တလောမှာတော့ မိစန္ဒီတစ်ယောက် ရိုလို့လည်းပြီးပြီ.. ရုပ်ချောပြီဈေးဗန်းခင်းလို့လဲပြီးပြီ.. အသည်းကွဲချိန်တန်ပြီ.. ဆိုတဲ့ စာသားလေးနဲ့အတူ မကြာခင်အသည်းကွဲ သီချင်းတစ်ပုဒ် ထွက်ရှိတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ “အသဲကွဲအပေအတေ” music video လေးကို ပရိသတ်တွေဆီအရောက်ပို့ပေးတော့မှာဖြစ်ပြီး ပရိသတ်အချစ်တော် ဂျူဝယ်နဲ့အတူတူ တွဲဖက်သီဆိုထားတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက်တော့ မိုးရာသီမှာ မိုးအေးအေးလေးနဲ့ Feel လို့ကောင်းမယ့် သီချင်းလေးတစ်ပုဒ် ဖြစ်လာဦးမှာတော့ အသေချာပါပဲ ။ မိစန္ဒီရဲ့ …

Read More »

ပရိသတ်တွေရှေ့အရောက်ပို့လိုက်ပြီဖြစ်တဲ့ ခြူးစစ်ဟန်ရဲ့ ” မင်းပေးတဲ့ နာရီ ” ဆိုတဲ့ သီချင်းအသစ်

Miss တစ်ယောက်ဖြစ်သလို Myanmar Idol Season-4 ရဲ့ Top-10 ထိ ပါဝင်ခဲ့တဲ့ ခြူးစစ်ဟန်ကတော့ ပြိုင်ပွဲပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာပရိသတ်တွေသိပြီးဖြစ်မှာပါနေယ် ။ လတ်တလောမှာတော့ အောင်မြင့်မြတ်ကိုယ်တိုင် ရေးစပ်ပေးထားတဲ့ ” မင်းပေးတဲ့ နာရီ ” ဆိုတဲ့သီချင်းသစ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဒီသီချင်းလေးကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကထဲက အရမ်း ကြိုက်လွန်းလို့ သူငယ်ချင်းအောင်မြင့်မြတ် ဆီမှာ သေချာ အပ်ပီးရေးခိုင်းခဲ့ရတဲ့ အမှတ်တရ သီချင်းလေးဖြစ်တယ်လို့သိရပါတယ် ။ ဒီကြားထဲ မအားလပ်တာတွေနဲ့သေချာ မထုတ်ဖြစ်လိုက်တဲ့အတွက် သီချင်းဝယ်ထားတာက စာချုပ်ကလဲ နှစ်ပြည့် သွားပီဆိုတော့ ထွက်ခွင့်လဲ မရှိတော့အခုမှ အောင်မြင့်မြတ် ဆီမှာ ခွင့်တောင်းပီး Cover အနေနဲ့ …

Read More »

Covid ကာလကြောင့်အကျပ်အတည်းဖြစ်နေကြတဲ့ ရုပ်ရှင်လောကသားတွေအတွက် (၁၀) သိန်းတိတိလှူဒါန်းခဲ့တဲ့ မိုးဟေကို

နန်းဆန်တဲ့အလှတရားတွေနဲ့ ပရိသတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးချောလေး မိုးဟေကိုကတော့ သူမရဲ့ အလှတွေကို စာဖွဲ့လို့တောင်ကုန်နိုင်မယ်ထင်ပါဘူး ။ မော်ဒယ်လ်မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် မိုးရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း ဦးစီးလုပ်ဆောင်နေတဲ့သူလည်းဖြစ်ပါတယ် ။ မိုးဟေကိုကတော့ အရင်လိုရုပ်ရှင်ဇာတ်ကားတွေ အများကြီးမရိုက်ဖြစ်တော့ပေမယ့် သူမရဲ့ အနုပညာလှုပ်ရှားမှု မှန်သမျှကို သူမရဲ့ Page ကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလေ့ရှိပါတယ် ။ မကြာခဏဆိုသလို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်တတ်ပြီး အနုပညာလောက သားအချင်းချင်းလည်း ကြည့်ရှုစောင့်ကြည့်တတ်တဲ့ မင်းသမီးတစ်ယောက်ပါ ။ မကြာသေးမီကမှ ကျန်းမာရေးအခြေနေဆိုးရွားပြီးဆေးရုံတင်ခဲ့ရတဲ့ ဟာသလူရွှင်တော် ဘဘဦးမန်းဝင်းအတွက်လည်း ဆေးဖိုးအလှူငွေတွေ လှူဒါန်းခဲ့ပါသေးတယ်။ ဒီနေ့ ဇွန်လ(၂၄) ရက်နေ့မှာတော့ မိုးဟေကိုက Covid-19 ကာလကြောင့် အကျပ်အတည်းဖြစ်နေကြတဲ့ ရုပ်ရှင် …

Read More »

အဖွဲ့တည်ထောင်တာ (၄) နှစ်ပြည့်သွားပြီဖြစ်တဲ့ Project K အဖွဲ့

ခပ်ချောချောလူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Project-K Dancer အဖွဲ့ကတော့ မိန်းကလေး ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားအောင်မြင်တဲ့ အကအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပတဲ့ KpopInternational Cover Dance 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ် ပြိုင်ပြိုင်စဉ်က Project K အဖွဲ့က ဒုတိယဆုရရှိခဲ့ပြီး ပိုပြီး လူသိများလာခဲ့တာပဲဖြစ်ပါတယ် ။ ခုနောက်ပိုင်းမှာတော့ အကအပြင် သီချင်းလေးတွေလည်း သီဆိုကြပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြတာလည်းတွေ့ ရပါတယ် ။ ဒီနေ့ ဇွန်လ (၂၄) ရက်နေ့မှာ အဖွဲ့တည်ထောင်ခဲ့တာ (၄) နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပြီး (၄) နှစ်ပြည့်အမှတ်တရအနေနဲ့ သူတို့ရဲ့ Project-K …

Read More »

ပရိသတ်တွေရှေ့ကိုရောက်လာတော့မယ် မေလသံစဉ်ရဲ့ သီချင်းခွေသစ်

ပရိသတ်အချစ်တော် မေလသံစဉ်လေးကတော့ မြန်မာသံတေးသီချင်းလေးတွေ သီဆိုရင်း ပရိသတ်ရင်ထဲရောက်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ဆုတွေအများကြီး ဆွတ်ခူးခဲ့တဲ့ ပါရမီရှင်လေး ပဲဖြစ်ပါတယ် ။ ငယ်ငယ် ရွယ်ရွယ်နဲ့ အနုပညာမှာ ထူးချွန်ပြီး အားပေးတဲ့ ပရိသတ်အခိုင်အမာလည်း ရရှိထားတဲ့ သူဆိုလည်းမမှားပါဘူးနော် ။ မကြာမကြာဆိုသလို သူမသီဆိုထားတဲ့ Cover Song လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလေ့ရှိပြီး ပရိသတ်တွေကတော့ သူမရဲ့ Cover song လေးတွေကို အရမ်းကိုအားပေးခဲ့ကြတာပါ ။ လတ်တလောမှာတော့ သူမရဲ့ သီချင်းတွေကိုစောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခု ပါးလိုက်ပါပြီနော် ။ ရှေ့လထဲမှာ Music Video လေးတွေနဲ့အတူ သူမရဲ့ မေလသံစဉ် ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် …

Read More »