Cele News

ရှဲဒိုးကွယ်လွန်ခဲ့တာ (၁၁)နှစ်ရှိခဲ့ပြီဆိုပေမယ့် ခုချိန်ထိ သတိရနေတုန်းပဲ ဆိုတဲ့ လူရွှင်တော် ကောင်းကျော်

တချိန်က မြန်မာ့ဟာသလောကနဲ့ အငြိမ့်သဘင်လောကမှာ နာမည်ကြီးလူရွှင်တော်ကြီးတစ်ယောက်ဖြစ်တဲ့ ရှဲဒိုးကိုတော့ အားလုံးသတိတရရှိနေဦးမယ်ထင်ပါတယ်။ သူမတူတဲ့ ဟာသများ သရုပ်ဆောင်မှုများကြောင့် ပရိသတ်အားပေးမှုများစွာရရှိခဲ့ပြီး သေဆုံးသည့်အချိန်အထိ အနုပညာအလုပ်တွေနဲ့သာ ခရီးဆက်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဟာသလူရွှင်တော်များစွာရဲ့ သင်ဆရာ၊ မြင်ဆရာတစ်ယောက်ဖြစ်သလို လူရွှင်တော်လောကရဲ့ ဝါရင့်ဆရာကြီးတစ်ယောက်လည်းဖြစ်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ရှဲဒိုးကတော့ ငြိမ်းချမ်း၊ ထက်ထက်၊ ကောင်းကျော်၊ ဝိုင်းချစ်တို့နဲ့အတူ ရွှေညီကို အဖွဲ့ကိုတည်ထောင်ကပြခဲ့ကြပြီး တစ်ချိန်ကထိပ်တန်းစာရင်းဝင် လူရွှင်တော်ကြီးတွေပဲဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ကတော့ ရှဲဒိုးရဲ့ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ အမှတ်တရများစွာနဲ့ ပရိသတ်များစွာရဲ့ ရင်ထဲမှာအမြဲထင်ကျန်နေတဲ့ သူ့ရဲ့ အနုပညာတွေကတော့ ပရိသတ်တွေကို ယနေ့အထိအောင့်မေ့သတိရစေမှာအမှန်ပဲဖြစ်ပါတယ်။ လူရွှင်တော် ကောင်းကျော်ကလည်း သို့ သူငယ်ချင်း ရှဲဒိုး မိသားစု သူငယ်ချင်း ပရိသတ် အရာအားလုံးကို …

Read More »

ချစ်စရာအကလေးတွေနဲ့အတူ နှစ်သစ်ကို ကြိုဆိုကြမယ့် MRTV-4 မင်းသားမင်းသမီးများ

ပရိသတ်ကြီးရေ အခုဆိုရင် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မယ်ဆိုတော့ အားလုံး ပျော်ရွှင်နေကြပြီထင်ပါတယ်နော် ။ (၂၀၂၀) က ကောင်းတာတွေရော မကောင်းတာတွေရော အကုန်ထားခဲ့ပြီး (၂၀၂၁) ကိုကြိုဆိုရတော့မယ်ဆိုတော့ အားလုံး စိတ်လှုပ်ရှားပျော်ရွှင်နေမှာအမှန်ပါဘဲ ။ ပရိသတ်တွေချစ်တဲ့ MRTV-4 မင်းသားမင်းသမီး တွေကလည်း နှစ်သစ်ကို ကြိုဆိုဖို့အခုထဲက ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီနော် ..။ ပရိသတ်အချစ်တော် MRTV-4 မင်းသားမင်းသမီးတွေဖြစ်တဲ့ နက်ရှိုင်းကို ၊ ဖြိုးသံသာချို နဲ့ ဆုလင်းရှိန်တို့ သုံးယောက်က ချစ်ပရိသတ်တွေအားလုံးလည်း ပျော်ပျော်ရွှင်ရွှင် Telenor Myanmar Countdown 2021 နဲ့ အတူနှစ်သစ်ကိုကြိုလိုက်ကြမယ် ဆိုတဲ့ စာသားလေးနဲ့အတူ New Year အက လေးကို ရိုက်ကူးပြီး သူတို့ရဲ့ …

Read More »

ခရစ္စမတ်ကိုဘယ်မှမသွားဘဲ နှစ်ယောက်ထဲဖြတ်သန်းခဲ့တဲ့ သံသာမိုးသိမ့်နဲ့ ကျော်ထက်ဇော်

ပရိသတ်အချစ်တော် MRTV-4 သရုပ်ဆောင်တွေဖြစ်တဲ့ သံသာမိုးသိမ့်နဲ့ ကျော်ထက်ဇော်တို့ကတော့ ခရစ္စမတ်အမှတ်တရ အနေနဲ့ သူတို့ရဲ့ အရိုတလိုင်း ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ကြည်နူးစရာပါ ။ Merry Christmas မှာ ဘယ်မှ မသွားဘဲ နှစ်ယောက်တည်းဖြတ်သန်းနေတဲ့ သူတွေရှိလား ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ စုံတွဲပုံရိပ်လေးတွေကို ကျော်ထက်ဇော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ သူတို့ နှစ်ယောက်ကို အရမ်းကို သဘောတူနေလို့ ဘယ်တော့တွဲကြမှာလဲ ဆိုတဲ့ မေးခွန်းလေးတွေ မေးထားကြတာလည်းတွေ့ရပါတယ် ။ သဘောတူနေတဲ့ ပရိသတ်ကြီးကတော့ …

Read More »

(၂) နှစ်ပြည့် Anniversary မှာ ခင်ပွန်းဆီက တန်ဖိုးဖြတ်မရတဲ့လက်ဆောင်ရခဲ့တယ်ဆိုတဲ့ အမရာငြိမ်း

မော်ဒယ်လ်နဲ့အလှမယ်အမရာငြိမ်းကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ Miss Myanmar International တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသူပါ။ လက်ရှိအချိန်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ သာယာတဲ့မိသားစုဘဝလေးကိုတည်ထောင်ထားပြီး ပရိသတ်တွေကို အလှအပနဲ့ဆိုင်တဲ့ ဗဟုသုတတွေမျှဝေပေးနေတာလည်း ဖြစ်ပါတယ်။ အမရာငြိမ်းကတော့ (၂) နှစ်ပြည့် Anniversary လေးမှာ ကြည်နူးစရာလေးတွေကိုပရိသတ်တွေကိုမျှဝေလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ “နှစ်နှစ်ပြည့်ပြီဆိုတဲ့ Anniversary မှာကိုယ့်ကိုသူပေးခဲ့တဲ့ တန်ဖိုးအကြီးဆုံးလက်ဆောင်က နှင်းဆီပန်းတွေအများကြီးနဲ့ surprise မဟုတ်ဘူး။ အဖိုးတန်လက်ဆောင်တွေလည်း မဟုတ်ခဲ့ဘူး။ အဲဒီ့ နှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ…..ကိုယ့်ကိုမျက်ရည်ကျအောင် မလုပ်ခဲ့ဘူးဆိုတဲ့ ကတိတွေ ကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ဘူးဆိုတဲ့ တာဝန်ယူမှုတွေ ကိုယ့်နောက်ကွယ်မှာ စိတ်နဲ့တောင် မဖောက်ပြန်ခဲ့ဖူးပါဘူးဆိုတဲ့ သစ္စာတရားတွေပြဿနာဖြစ်တိုင်း ကိုယ်အရှက်ရအောင် လူတွေရှေ့မှာ လေသံမာမာနဲ့တောင် အော်ဟစ်ရန်ဖြစ်တာတွေ မလုပ်ခဲ့ဖူးဘူးဆိုတဲ့ သည်းခံနိုင်စွမ်းတွေ အားလုံးကို …

Read More »

ဇာတ်ဝင်တေးသီချင်းကို ပထမဆုံးရေးသားဖို့အတွက်စိတ်လှုပ်ရှားနေတဲ့ ပိုပို

ပိုပိုကတော့ ကိုယ်ပိုင်ဟန်နဲ့ရေးသားသီဆိုတဲ့သီချင်းတွေကြောင့် လူကြိုက်များပြီး အောင်မြင်လာခဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာလည်း သီချင်းအသစ်တွေဆက်တိုက်ဖန်တီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ ဂီတကိုချစ်မြတ်နိုးပြီး ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိတဲ့ပိုပိုကတော့ ဇာတ်ဝင်တေးသီချင်းကို ရေးသားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “ဘဝမှာ ပထမဆုံး ရေးပေးရမဲ့ ဇာတ်ဝင်သီချင်းဖြစ်မှာပါ ။ဆိုပြီးသားသီချင်း ကိုသုံးမှာမဟုတ်ပဲ။ ဝတ္တု ဇာတ်ကောင် ဖြိုးနေလင်းရဲ့ ခံစားချက်ကို သုံးပြီးရေးရမဲ့ ရုပ်ရှင် ဇာတ်ဝင်တေးဖြစ်ပါတယ်။ တာဝန် ကြီးသလို ခံစားရပါတယ်။ သေချာ ဖတ်ပြီး အကောင်းဆုံးကြိုးစားပေးပါမယ်အကို စေတနာမောင်ရေ မိန်းကလေး တေးရေးကို ယောကျားလေး ဆိုမဲ့ သီချင်းရေးခိုင်းတာကိုက တာဝန်ပိုကြီးတာပါပဲ ။ ကြိုးစားပါ့မယ် ကျေးဇူးပါ။ ရတဲ့ အနုပညာကြေး ကိုလဲ မဟာဝိဟာရ ဘုန်းကြီး ကျောင်း တစ်နေ့လုံးစာအတွက် လှူပါမယ်။ တေးရေးခ …

Read More »

အသက်(၈၂)နှစ်အဘွားကို အိမ်ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ခင်ဝင့်ဝါ

မော်ဒယ်လ်၊မင်းသမီးချောလေးခင်ဝင့်ဝါကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိပိုင်ဆိုင်ထားသလို အနုပညာလောကမှာလည်း အောင်မြင်မှုရရှိထားသူပါ။ ခင်ဝင့်ဝါကတော့ ချစ်စရာကောင်းပြီးလှပလွန်းတာကြောင့် အသက်တွေကြီးလာပေမယ့် ကလေးတစ်ယောက်လိုအပြစ်ကင်းစင်ပြီးချစ်စရာကောင်းသူလေးတစ်ယောက်ပါ။ ခင်ဝင့်ဝါကတော့ အနုပညာလောကမှာအထိုက်အလျောက်အောင်မြင်နေသလို အလှူအတန်းတွေ ပရဟတိတတွေလည်း ပြုလုပ်လေ့ရှိသူတစ်ယောက်ပါ။ အခုလည်း ပြိုကျတော့မယ့်အိမ်လေးမှာတစ်ကိုယ်တည်းနေထိုင်တဲ့အဘွားကို အိမ်လေးပြန်လည်ဆောက်လုပ်လှူဒါန်းပေးမဲ့တာဖြစ်ပါတယ်။ မလုံမခြုံတဲ့အိမ်လေးကအခုဆိုရင်တော့ နွေးထွေးလုံခြုံတဲ့အိမ်လေးတစ်လုံးဖြစ်ခဲ့ပါတယ်။ တစ်ကိုယ်တည်းနေပြီးကျောထောက်နောက်ခံမရှိတဲ့အဘွားကို ကူညီပေးခဲ့တဲ့ခင်ဝင့်ဝါရဲ့စိတ်ဓာတ်ကတော့လေးစားစရာပါပဲ။ ခင်ဝင့်ဝါတစ်ယောက် အနုပညာလောကမှာအခုထက်ပိုအောင်မြင်ကျော်ကြားပြီး အခုထက်ပိပြီးတော့လှူနိုင်တန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Source : KhinWintWah,သုဝဏ္ဏသာမ ဆင်းရဲနွမ်းပါးအဖိုးအဖွား ကူညီစောင့်ရှောက်ရေး – လက်ပံတန်း

Read More »

ချစ်သူကိုသတိရနေပြီး ဆောင်းတွင်းမှာတစ်ယောက်တည်းဆွေးနေရတဲ့သူတွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်စေမယ့် နီနီခင်ဇော်ရဲ့သီချင်းအသစ်

ပရိသတ်တွေချစ်တဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ အခုလိုကိုဗစ်ကာလအတွင်းမှာလည်း အနုပညာဖန်တီးမှုတွေဆက်တိုက်လုပ်နေပုံပါပဲ။ နီနီခင်ဇော်ကတော့ ပါတီခင်ဇော် အယ်လ်ဘမ်ထွက်ရှိပြီးနောက် single သီချင်းတွေ ပရိသတ်တွေအတွက်ဖန်တီးပေးနေတာတွေ့ရပါတယ်။ အခုလည်း ဆောင်းရာသီနဲ့လိုက်ဖက်လွန်းတဲ့ အဆွေးသီချင်းလေးကို ဒီနေ့ညနေ(၆)နာရီမှာ ထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း “ဆောင်း… နီနီရဲ့ Official Youtube Channel မှာ ဦးဦးဖျားဖျားနားဆင်ပါ။ နီနီရဲ့အလုပ်တွေကိုအားတက်သရော(ချက်ချင်း)(အခုဆိုအခု)ဆောင်ရွက်ပေးသော အဖွဲ့ကိုကျေးဇူးတင်ပါတယ်။ ဒီသီချင်းက Call For Collaborationကရရှိထားတဲ့ မျိုးဆက်သစ်တေးရေးပါ။” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒီသီချင်းလေးကတော့ ချစ်သူကိုသတိရနေပြီး ဆောင်းတွင်းမှာ တစ်ယောက်တည်းဆွေးနေရတဲ့သူတွေကတော့ ခံစားချက်နဲ့တိုက်ဆိုင်မှာ အသေအချာပါပဲ။ ပရိသတ်တွေနားဆင်လို့ရအောင် ပြန်လည်မျှဝေလိုက်ပါတယနော်… Source  : NiNiKhinZaw

Read More »

ဒီဇင်ဘာရဲ့ အငွေ့အသက်တွေနဲ့အတူ နားဆင်ရမယ့် နီနီခင်ဇော်ရဲ့ “ဆောင်း”

အိပ်မက်ဆုံရာပြိုင်ပွဲကနေတဆင့် ပရိသတ်တွေချစ်ခင်ရတဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ နီနီခင်ဇော်ကတော့ ဒီဇင်ဘာရဲ့ အငွေ့အသက်တွေနဲ့အတူ နားဆင်ရမယ့် ဆောင်း လို့အမည်ရတဲ့ သီချင်းလေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ သီချင်းအသစ်တွေကို စောင့်မျှော်နေကြတဲ့ နီနီရဲ့ ပရိသတ်တွေအတွက် တော့ လုံး၀ သဘောကျသွားမယ့် သီချင်းလေးဖြစ်မယ်ထင်ပါတယ် ။ နီနီရဲ့ Official Youtube Channel မှာ ဦးဦးဖျားဖျားနားဆင်နိုင်ဖို့အတွက် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး သူမရဲ့အလုပ်တွေကိုအားတက်သရော(ချက်ချင်း)(အခုဆိုအခု)ဆောင်ရွက်ပေးသော အဖွဲ့ကိုကျေးဇူးတင်ပါတယ်လို့လည်း ရေးသားဖော်ပြထားပါသေးတယ် ။ ဒီသီချင်းက Call For Collaboration ကရရှိထားတဲ့ မျိုးဆက်သစ်တေးရေးပါ ကောင်းထက်စံက ရေးသားပေးထားတာဖြစ်ပြီး နီနီကိုယ်တိုင် သီဆိုထားတာဖြစ်ပါတယ် ။ ထားသွားတဲ့ချစ်သူကောင်လေးကို လွမ်းပြီး မေ့မရနိုင်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ …

Read More »

မွေးနေ့မှာချစ်ရသူတွေနဲ့အတူ အလှူပြုလုပ်ခဲ့တဲ့အကြောင်းမျှဝေလာတဲ့ ဝိုင်းစုခိုင်သိန်း

ဒီနေ့ကတော့ သီချင်းအေးအေးလေးတွေနဲ့ပရိသတ်အချစ်တွေကိုသိမ်းပိုက်ထားတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။ ဝိုင်းစုကတော့ သီချင်းတွေကို ဆက်တိုက်ဖန်တီးနေတာဖြစ်ပြီး အယ်လ်ဘမ်(၆) ချပ်လုံးကလည်း အောင်မြင်မှုရခဲ့ပြီး ဆုပေါင်းများစွာကိုလည်း ရရှိထားသူပါ။ မွေးနေ့ရက်မြတ်လေးမှာတော့ ဝိုင်းစုက ချစ်ရတဲ့သူတွေနဲ့အတူ မွေးနေ့အလှူလေး ပြုလုပ်ခဲ့တာပါ။ မွေးနေ့အလှူလေးကိုတော့ ပရိသတ်တွေလည်း သာဓုခေါ်ရအောင် သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပြန်လည်မျှဝေဖော်ပြထားပါတယ်။ ပရိသတ်တွေကလည်း ဝိုင်းစုရဲ့မွေးနေ့မှာ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ်။ ဝိုင်းစုနဲ့အောင်လတို့စုံတွဲကတော့ အခုဆိုရင် ဂီတဖန်တီးမှုတွေလည်း အတူတူလုပ်နေခဲ့ပြီး ပရိသတ်တွေကို သီချင်းကောင်းတွေဖန်တီးပေးနေတာပါ။ ပရိသတ်ချစ်တဲ့ဝိုင်းစုတစ်ယောက် အနုပညာအလုပ်တွေလုပ်ရင်းချစ်ရသူတွေနဲ့အတူ အသက်ထပ်ဆုံးပျော်ရွှင်စွာနေထိုင်သွားစေဖို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Source  : WyneSuKhaingThein

Read More »

ရုတ်တရက်လေဖြန်းသွားတဲ့အတွက် မုံရွာဆေးရုံကြီးမှာ ကုသနေရတဲ့ ဟာသ လူရွှင်တော် ဦးမိုးကျော်

ပရိသတ်တွေကို ဟာဒယရွှင်ဆေးတွေ အမြဲတိုက်ကျွေးခဲ့ပြီး သူတို့ချစ်တဲ့အနုပညာနဲ့နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတဲ့ ဆိုနီ မိုးကျော် ဆိုတဲ့ လူရွှင်တော်ကြီး နှစ်ယောက်ကို ပရိသတ်တွေလည်းသိမှာပါ ။ (၄၁) နှစ်တာ အတွဲညီညီ ပရိသတ်တွေကို ဖျော်ဖြေခဲ့ကြတဲ့ ဝါရင့် လူရွှင်တော် ကြီးတွေဖြစ်ပြီး ဦးဆိုနီကတော့ (၂၀၀၉) ခုနှစ်အောက်တိုဘာလ မှာ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားခဲ့ပါတယ် ။ ဒီနေ့မှာတော့ မုံရွာမြို့ကို ခေတ္တရောက်ရှိနေတဲ့ ဟာသလူရွှင်တော်ကြီး ဦးမိုးကျော် ဒီဇင်ဘာလ (၂၄) နံနက်ပိုင်းက မျက်နှာတစ်ခြမ်းလေဖြန်းသွားတဲ့အတွက် မုံရွာဆေး ရုံးကြီးသို့ တင်ပို့ထားရတယ်လို့သိရပါတယ် ။ ဒီနေ့ ညနေပိုင်းမှာတော့ ကျောက်ပန်တောင်းမှာနေထိုင်တဲ့ ဦးမိုးကျော်ရဲ့သမီးက ကျောက်ပန်းတောင်းကို လာရောက်ခေါ်ဆောင်မှာဖြစ်တယ်လို့လည်း လူရွှင်တော် ဦးကောင်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို …

Read More »