Cele News

အဖေနှင့်ခင်ပွန်းဖြစ်သူတို့ကို ဂုဏ်ပြုလိုက်တဲ့ အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်လျှမ်းလျှမ်းတောက်အောင်မြင်နေသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါ။ အခုဆိုရင် သားသားမီးမီးတွေရဲ့မိခင်တစ်ယောက်အဖြစ်လည်းတာဝန်ကျေသလို အပျိုရှုံးအောင်လှတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အများကအားကျတဲ့ဘဝကိုလည်းပိုင်ဆိုင်ထားသူပါ။ အိန္ဒြာကျော်ဇင်ကတော့ ဒီနေ့လိုအဖေများနေ့မှာ ဖခင်ဖြစ်သူကို သတိတရနဲ့ဂုဏ်ပြုခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် ဂုဏ်ပြုပါသည်…အဖေရှိသောသူတိုင်းကို အားကျပါ၏… “Happy Father’s Day”အဖေများအားလုံးကို လေးစားလျှက်…..” ဆိုပြီးတော့ ဓာတ်ပုံနှင့်တကွရေးသားဂုဏ်ပြုခဲ့တာပါ။ ဒါ့အပြင်သားသားမီးမီးတို့ရဲ့ဖခင်ဖြစ်တဲ့ ခင်ပွန်းကိုလည်း မေ့မထားဘဲနဲ့ဂုဏ်ပြုခဲ့ပါသေးတယ်နော်။ ဖခင်ဖြစ်သူကိုသာမက ခင်ပွန်းကိုပါဂုဏ်ပြုခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ဂုဏ်ပြုစကားတွေကတော့ အခြားသူတွေကိုလည်း ကြည်နူးမှုကူးစက်စေမှာအမှန်ပါပဲနော်… Source : EaindraKyawZin

Read More »

Happy Birthday လို့ပြောချင်ပေမယ့် မကြားနိုင်တော့တဲ့သူတစ်ယောက်လို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ သားညီ

ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့မင်းသွေးတစ်ယောက် လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ ဆုံးပါးသွားခဲ့တာကိုတော့ ပရိသတ်တွေလည်း မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ကြမှာပါ။ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေသာမက ရုပ်ရှင်အသိုင်းအဝိုင်းက လူတွေပါ မင်းသွေရဲ့သေဆုံးမှုကို ယူကြုံးမရဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။ အဲ့ဒီထဲမှာတော့ မင်းသွေးနဲ့အမြဲအနီးကပ်ရှိနေခဲ့တဲ့ သားညီကတော့ မင်းသွေးနဲ့အမှတ်တရတွေကို အခုချိန်ထိလည်း မေ့ဖျောက်လို့ မရသေးတဲ့သူတစ်ယောက်ပါ။ ဒီနေ့ကတော့ မင်းသွေးရဲ့မွေးနေ့လေးဖြစ်ပြီး သားညီကတော့ လွန်ခဲ့တဲ့ လေးနှစ်က မွေးနေ့ဆုတောင်းလေးနဲ့အတူ “Happy Birthday ပြောချင်ပေမယ့် အခုတော့ ခင်ဗျား မကြားနိုင်တော့ဘူးဦးလေးရေ” ဆိုပြီး စိတ်မကောင်းစွာ ပြန်လည်မျှဝေခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ ရုပ်ရှင်အသိုင်းအဝိုင်းမှာ အစ်ကိုရှိတာခြင်းလည်းတူတဲ့အပြင် အစ်ကိုနှစ်ယောက်စလုံးကလည်း အောင်မြင်မှုတွေသိမ်းပိုက်ထားသူတွေမို့ ရှားရှားပါးပါးတူတဲ့သူတွေလို့ ဆိုရမှာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပေါင်းမိခဲ့ကြပြီး သူစိတ်ဓာတ်ကျနေတဲ့အချိန်တိုင်း အကြီးတစ်ယောက်လို စိတ်ခွန်အားပေးတဲ့ မင်းသွေးကတော့ …

Read More »

ဒီနေ့မှာ ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ယူခဲ့တဲ့ ခန့်စည်သူ

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဒီနေ့ ဇွန်လ (၂၁)ရက်နေ့မှာ ဇီဝိတဒါနကုသိုလ်လေးတစ်ခုက်ု ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။ ခန့်စည်သူက အလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းနေခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို သူ့ရဲ့ကောင်းမှုတွေကို ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့ဇွန်လ (၂၁)ရက်နေ့မှာလည်း ဇီဝိတဒါန ငားလွှတ်အလှူလေးပြုလုပ်ခဲ့တာကို ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင် အခုလိုပဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားပါသေးတယ်။ “ယနေ့ ကုသိုလ် (၂၁-၆-၂၀၂၀) အရပ်(၁၀)မျက်နှာနေ အားလုံးသောသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ စိတ်ဆင်းရဲကင်းကြပါစေ။ ကိုယ်ဆင်းရဲကင်းကြပါစေ။ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ သာဓု သာဓု သာဓု”လို့ မေတ္တာလေးလည်း ပို့ထားပါသေးတယ်။ ပရိသတ်တွေကတော့ ခန့်စည်သူရဲ့ မွန်မြတ်ဖြူစင်လှတဲ့ စိတ်ထားလေးကို ချီးကျူးနေခဲ့ကြပြီး ဒီနေ့ပြုလုပ်တဲ့ ဇီဝိတဒါနအလှူလေးအတွက်ကို …

Read More »