Cele News

သူနဲ့အတူ အဓိဌာန်ဝင်သူတိုင်းအတွက် လက်ဆောင်မဲလေးတွေဖောက်ပေးသွားမယ့် စမိုင်းလ်

ကုသိုလ်ရေးအတွက်ဆို အမြဲလက်မနှေးတတ်သူ စမိုင်းလ်ကတော့ အလှူကြီးအတန်းကြီးတွေ မကြာခဏပြုလုပ်လေ့ရှိသူတစ်ယောက်ဖြစ်သလို ချစ်ခင်ရတဲ့ပရိသတ်တွေပျော်ရွှင်ဖို့ အတွက်လည်း ကံစမ်းမဲအစီအစဉ်တွေပြုလုပ်ပေးလေ့ရှိသူတစ်ယောက်ပါ။ လူချစ်လူခင်များတဲ့အနုပညာရှင်တစ်ယောက်ပီပီ ကုသိုလ်ရေးကိစ္စတွေနဲ့ပတ်သက်ရင်လည်း ရှေ့ကဦးဆောင်ကာ အင်တိုက်အားတိုက်လုပ်လေ့ရှိသူပါ။ ကိုဗစ်ကာလမတိုင်ခင်မှာလည်း ထောင်ချီနဲ့ပရိသတ်တွေနဲ့ အဓိဌာန်တွေဆက်တိုက်ပြုလုပ်လာခဲ့တဲ့စမိုင်းလ်ကတော့ လတ်တလောအိမ်မှာနေရတဲ့ကာလကိုလည်း အဓိဌာန်တွေဆက်တိုက်ပြုလုပ်ရင်း အကျိုးရှိရှိဖြတ်သန်းနေပါတယ်။ မနေ့ကတော့ မဟာသမယသုတ်(၁၀) ရက်အဓိဌာန်အောင်မြင်ခဲ့ပြီဖြစ်ပြီး သူနဲ့အတူ အဓိဌာန်ဝင်ခဲ့တဲ့ ပရိသတ်တွေအတွက် ဓမ္မဒါနလက်ဆောင်အနေနဲ့ မဟာပဌာန်းကျမ်းကြီး(၅) အုပ်တွဲ အစုံ(၅) စုံကို မဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။ ဒီနေ့ည(၈) နာရီခွဲအချိန်မှာတော့ Facebook Live လေးပြုလုပ်ကာ မဲဖောက်ပေးသွားမှာဖြစ်ပြီး အဓိဌာန်ဝင်တဲ့သူတွေအကုန်လုံးကို စောင့်ကြည့်ကြဖို့ ရေးသားမျှဝေလာတဲ့အပြင် အဓိဌာန်ဝင်သူတွေထဲက (၁၀) ယောက်ကိုလည်း ဖုန်းဘေလ် မဲဖောက်ပေးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ.. ဒါ့အပြင် ကိုဗစ်ကာလမှာ ဝိတ်တက်ကုန်တဲ့သူတွေအတွက်လည်း Spicy …

Read More »

မင်္ဂလာဦးအကြိုအနေနဲ့ လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ နိုင်းဝမ်းတို့စုံတွဲ

နိုင်းဝမ်းကတော့ ရက်ပ်သီချင်းတွေနဲ့ လူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုများစွာကို ရယူထားနိုင်တဲ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ မကြာခင်မှာတော့ ကာလကြာရှည်တွဲခဲ့တဲ့ချစ်သူလေးနဲ့ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး ဒီသတင်းကိုလည်း ပရိသတ်တွေကိုအသိပေးထားခဲ့ပြီဖြစ်ပါတယ်။ နိုင်းဝမ်းတို့စုံတွဲကတော့ မင်္ဂလာဦးအကြိုအနေနဲ့ အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ နိုင်းဝမ်းကသူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ယနေ့ သစ်တံခါးဆရာတော်ကြီးရဲ့ ၁၀၈ရက်အဓိဌာန်အောင်ရက်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာဦးအကြိုအလှူအဖြစ်လှူဒါန်းဖြစ်ပါတယ်” ဆိုပြီးရေးသားထားခဲ့တာပါ။ မင်္ဂလာဦးအလှူ အနေနဲ့မြဝတီမြို့ရှိသစ်တံခါးဆရာတော်အရှင်သူမြတ် (၁၀၈)ရက် အဓိဌာန်ဝင်မယ့် ကာလအတွင်မှား ခေတ္တသီးတင်းသုံးမယ့်အမှတ်(၂၇၅ ) မြသုခ သာ့သာနာရိပ်သာ ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးအတွက် အလှူငွေ(၁၀,၀၀၀၀)ကျပ် လှူဒါန်းခဲ့တာပါ။ မကြာခင်မှာလက်ထပ်တော့မယ့်စုံတွဲလေးရဲ့အလှူကတော့ ကြည်နူးစရာပါ။ နိုင်းဝမ်းတို့ချစ်သူနှစ်ဦး အလှူအတန်းတွေများစွာလုပ်ရင်း ပျော်ရွှင်ကြည်နူးစွာအသက်ထက်ဆုံးပေါင်းဖက်နိုင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Source : KyawZinnLatt

Read More »

(၅) နှစ်ကြာပြီးနောက် သီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိလာတော့မယ့် လင်းလင်း

အကြမ်းစားရောခ့်သီချင်းတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုများစွာကိုရရှိထားတာကတော့ အဆိုတော်လင်းလင်းပါ။ ပွင့်ပွင့်လင်းလင်းနဲ့အရှိအတိုင်းနေထိုင်ပြောဆိုတတ်တာကြောင့်လည်း ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကိုရရှိထားပါတယ်။လင်းလင်းကတော့ ဇနီးဖြစ်သူချစ်သုဝေနဲ့အတူ ပရဟိတတွေလုပ်နေသလို ဂီတဖန်တီးမှုတွေကိုလည်း မမေ့လျော့တဲ့ပုံပါပဲ။ နှစ်တွေအကြာကြီးစောင့်နေခဲ့ရတဲ့ ပရိသတ်တွေအတွက် လင်းလင်းကတော့ ဖန်တီးမှုအသစ်တွေချပြဖို့ရှိနေပါတယ်။ လင်းလင်းကတော့ အခွေအသစ်ထွက်ရှိလာမယ့်အကြောင်းကို “ကဲ… ဒီတစ်ခါတော့ အတည် (၅) နှစ်ရှိပြီးတဲ့နောက် (၅) ခွေမြောက် ALBUM ရှေ့လထဲ ထွက်နိုင်အောင် ပြင်ဆင်နေပါတယ်။ Mix & Mastering တွေလဲ ကိုယ်တိုင်ဆိုတော့ ဂုဏ်ယူစရာပေါ့.. ဒီအခွေဟာ ကျနော့်အတွက် ရင်ခုန်စရာတွေ အပြည့်နဲ့ပါဘဲ ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာပါတယ်။ အမိုက်စားရောခ့်သီချင်းတွေနဲ့ဖမ်းစားလေ့ရှိတဲ့လင်းလင်းကတော့ ဒီတစ်ခါလည်း ပရိသတ်တွေရဲ့ခံစားချက်နဲ့ကိုက်ညီတဲ့သီချင်းတွေထွက်ရှိလာမလားစိတ်ဝင်စားစရာပါ။ သီချင်းအသစ်တွေနားဆင်ချင်တဲ့ပရိသတ်တွေကတော့ မျှော်လင့်ရင်ခုန်နေကြပါပြီ။ Source : HtweLynnKo

Read More »

သူမရဲ့ကိုယ်ပိုင် စိတ်ကူးယဉ် အမိုက်စားဖက်ရှင်တွေကို ဖန်တီးခဲ့တဲ့ မိုးဟေကို

အမိုက်စားဘော်ဒီနဲ့ တစ်နေ့တခြား ပိုပိုလှလာတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုနုပျိုလှပလွန်းတဲ့ မိုးဟေကို ကတော့ ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အကြွေကြီးကြွေနေကြတဲ့ မင်းသမီးချောလေးပါ ။ လက်ရှိမှာ သူမရဲ့ ကိုယ်ပိုင် Page လေးကနေတဆင့် ခရီးသွားပုံရိပ်တွေနဲ့ သူမရဲ့အမိုက်စား ပုံရိပ်လေးတွေကို ပရိသတ်တွေကို ဝေမျှပေးလျက်ရှိပါတယ် ။ သူမရဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ခရီးသွားအမှတ်တရတွေ ကို မျှဝေပေးနေတဲ့ မိုးဟေကို ကတော့ လတ်တလောမှာ သူမရဲ့ ကိုယ်ပိုင်ဖက်ရှင်လေးတွေကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။ မိုး ဘယ်သွားရင် ဘာလေးတော့ တွဲဝတ်မှာဆိုပြီး စိတ်ကူးယဉ်ရင်း ဝတ်ကြည့်ထားတာလေး ရှင်တို့လေးတွေအတွက် တင်ပေးလိုက်တယ်နော်။ ဘယ်တစ်စုံက မိုးနဲ့ အလိုက်ဆုံးလဲ …

Read More »

စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ အိမ့်ချစ်တို့စုံတွဲရဲ့ Pre-Wedding ပုံရိပ်များ

ပရိသတ်အချစ်တော် တေးသံရှင် အိမ့်ချစ်ကို သူမချစ်သူရဲ့ ရိုမန့်တစ် ဆန်ဆန် ပရိုပို့စ်လေးကြောင့် မိန်းကလေး ပရိသတ်တွေ အတော်လေး အားကျခဲ့ရတာပါ ။ အဲဒီနောက်မှာတော့ Pre-Wedding ပုံ လှလှလေးတွေရိုက်ကူးခဲ့ပြီး နှစ်ဖက်မိဘနဲ့အတူ လက်မှတ်ထိုးပွဲလေးကိုလည်း ခမ်းခမ်းနားနား ပြုလုပ်ခဲ့ပါတ.် ။ ပရိသတ်တွေက သူမရဲ့ Pre-Wedding ပုံတွေကို မျှော်လင့်နေခဲ့ကြပေမယ့် အိမ့်ချစ်က မတင်သေးတဲ့အတွက် ပရိသတ်တွေက မကြာခဏ တောင်းဆိုနေကြတာပါ ။ လတ်တလောမှာတော့ Studio A မှာရိုက်ကူးခဲ့တဲ့ အိမ့်ချစ်တို့ စုံတွဲရဲ့ စိတ်ကူးယဉ်ဆန်ဆန် Pre-Wedding ပုံရိပ်လေးတွေကို Studio A ရဲ့ Page ကနေတဆင့် ဖော်ပြလာခဲ့ပါတယ် ။ အိမ့်ချစ်ရဲ့ ပရိသတ်တွေကတော့ …

Read More »

သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတော့မယ့်အကြောင်းပြောခဲ့ပြီး ပရိသတ်တွေကိုရင်ခုန်စေခဲ့တဲ့စိုင်းစိုင်းခမ်းလိုင်

စိုင်းစိုင်းခမ်းလိုင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုကိုနှစ်ပေါင်းများစွာထိန်းသိမ်းထားနိုင်သူတစ်ယောက်အဖြစ် လေးစားအားကျခြင်းခံရသူတစ်ယောက်ပါ။ စိုင်းစိုင်းကတော့ အနုပညာလောကမှာသာမက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း အောင်မြင်တဲ့သူဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သီချင်းအသစ်ထွက်တိုင်းမှာပရိသတ်ကြားရေပန်းစားအောင်လုပ်နိုင်သူတစ်ယာက်ပဲဖြစ်ပါတယ်။ အခုလည်း သီချင်းအသစ်တစ်ပုဒ်ထွက်တော့မယ့်အကြောင်းကို ပရိသတ်ကို ဖေ့ဘွတ်ခ်ကတစ်ဆင့်အသိပေးပြောကြားလာခဲ့ပါတယ်။ စိုင်းစိုင်းကတော့ ကိုဗစ်ကြောင့် မျှော်လင့်ထားသလောက်သီချင်းတွေမရိုက်ကူးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ဒါကြောင့်လည်း အခွေထွက်ဖို့ကြာနေမှာလည်း ဖြစ်ပါတယ်။ ဒ်ပေမယ့်လည်း ဒီတစ်ပတ်တနင်္ဂနွေနေ့မှာတော့ သီချင်းအသစ်ထွက်ရှိမယ့်အကြောင်းပြောခဲ့ပြီး “O.M.G အံ့ဩတာပဲ” ဆိုတဲ့စာသားလေးကို ပရိသတ်တွေကို သဲလွန်စပေးခဲ့ပါတယ်။ ဒါကသီချင်းခေါင်းစဉ်ဖြစ်နေမလားဆိုတာတော့ တနင်္ဂနွေနေ့မှာသိရတော့မှာပါ။ ဒါ့အပြင် ပုံတစ်ပုံကိုလည်းတင်ပေးခဲ့တာကြောင့် ပရိသတ်တွေကတော့ ရင်ခုန်နေကြတော့မှာအမှန်ပါပဲနော်… Source : SaiSaiKhamLeng

Read More »

ကိုဗစ်ကာလမှာ ကလေးထိန်းပြီးကူညီချက်ပြုတ်ပေးနေတဲ့ခင်ပွန်းဖြစ်သူကြောင့် ကြည်နူးနေတဲ့စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အချစ်တွေကိုရယူခဲ့ပြီး အခုလိုအနုပညာအလုပ်တွေကျဲသွားတဲ့အချိန်ထိအောင်ပရိသတ်အားပေးမှုကို ရရှိထားသူပါ။ စန္ဒီမြင့်လွင်ကတော့ ကိုယ်ပိုင်မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့သမီးလေးထရက်ရှာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အခုလိုအချိန်မှာ ခင်ပွန်းဖြစ်သူကတော့ ကူညီပြီးချက်ပြုတ်ပေးနေတဲ့အပြင်ကလေးကိုပါဂရုစိုက်နေတာကြောင့်ကြည်နူးစရာပါ။ ဒီအဖြစ်အပျက်လေးကိုတော့ “အားလပ်ချိန်ရတိုင်း သူ့သမီးအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးရမှ ကျေနပ်တဲ့ထရက်ရှာဖေဖေ ပုံမှန်ဆို ကိုယ်ရောသူရော ကအလုပ်တွေနဲ့။ သူလည်း သူ့အလုပ်ကိစ္စအပြင်သွား၊ ကိုယ်လည်း ပွဲတက်၊ Show ဆို နဲ့ မအားကြဘူး။ ထရက်ရှာအတွက်ကတော့ အားချိန်ရတိုင်း ကိုယ်တိုင်ပဲဝင်လုပ်ပေးဖြစ်ကြပါတယ်။ယောကျ်ား၊မိန်းမအလုပ်မခွဲပဲ အားချိန်ရတာနဲ့ အဖေလုပ်သူကပါ ကူပေးတတ်တဲ့သူဖြစ်တော့ ကိုယ်တစ်ယောက်တည်း တာဝန်မပိတော့ သက်သာရပါတယ်။ဖေဖေတွေ လဲခုလိုကိုဗစ်ဆိုတောဘမေမေတွေကိုကူဖို့ အချိန်လေးပိုထွက်လာတာပေါ့နော်။ တာဝန်လည်း မပိစေတဲ့အပြင်စိတ်လည်းချမ်းသာရပါတယ်။” ဆိုပြီးတော့ ဖေ့ဘွတ်မှာရေးသားပြီးဗီဒီယိုလေးကိုပါမျှဝေထားပါတယ်။ ပရိသတ်တွေကတော့ ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ ကြည်နူးစရာကောင်းတဲ့အကြောင်း မှတ်ချက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ တကယ့်ကိုဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကိုပိုင်ဆိုင်ထားတာပါပဲနော်…. …

Read More »

ကိုဗစ်ကာလအတွင်းမှာ အားလုံးရဲ့ခံစားချက်တွေနဲ့ထပ်တူကျမယ့် ဝိုင်းစုခိုင်သိန်းရဲ့ ” မျှော်လင့်ချက်”သီချင်း

သီချင်းအေးအေးလေးတွေနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားသူကတော့ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ဝိုင်းစုခိုင်သိန်းပါ။ ဝိုင်းစုကတော့ သီချင်းအယ်လ်ဘမ်အသစ်ထွက်တိုင်းမှာပရိသတ်တွေရဲ့အားပေးမှုကိုရယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဝိုင်းစုကတော့ အခုလိုကိုဗစ်ကာလကြီးမှာ သီချင်းကောင်းတစ်ပုဒ်ထွက်ရှိလာခဲ့တာဖြစ်ပြီး ပရိသတ်တွေကြိုက်နှစ်သက်နေကြတာလည်း ဖြစ်ပါတယ်။ သီချင်းနာမည်ကတော့ ” မျှော်လင့်ချက်” ဖြစ်ပြီး အားလုံးကို ပျော်ရွှင်ရမယ့်နေ့အထိ ခံနိုင်ရည်ရှိရှိရင်ဆိုင်သွားကြဖို့ သီဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ပါ။ ဒီသီချင်းကိုတော့ အောင်လကရေးသားပေးထားတာဖြစ်ပြီး လက်ရှိအခြေအနေနဲ့ခံစားချက်ချင်းတိုက်ဆိုင်စေမှာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကာလကြီးမှာတော့ လူတိုင်းဟာ ချစ်တဲ့သူတွေ မိသားစု၊သူငယ်ချင်းတွေနဲ့မတွေ့ဆုံရဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ ဒီကာလကြီးအမြန်ဆုံးပြီးဆုံးသွားဖို့မျှော်လင့်နေကြတာပါ။ ဝိုင်းစုကတော့ အားလုံးရဲ့ မျှော်လင့်ချက်တွေ အမြန်ဆုံး ပြည့်စေဖို့ သီချင်းလေးနဲ့ပြောပြလိုက်ပါပြီ။ ဝိုင်းစုရဲ့သီချင်းကြောင့် ခံစားချက်နဲ့တိုက်ဆိုင်ခဲ့တဲ့သူတွေရှိကြလားနော်… Source : WyneSuKhaingThein

Read More »

ချစ်သက်တမ်း(၇)နှစ်ပြည့်တဲ့နေ့မှာ နားလည်မှုအပြည့်နဲ့ချစ်ခင်ပေးခဲ့တဲ့ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ခင်ရူပ

ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ မော်ဒယ်လ်၊သရုပ်ဆောင်ခင်ရူပကိုတော့ သိကြမှာပါ။ အနုပညာအလုပ်တွေကြောင့်ပရိသတ်တွေနဲ့ရင်းနှီးမှုရှိသလို တစ်ဖက်မှာလည်း စီးပွားရေးအလုပ်တွေကိုလုပ်ကိုင်ပြီး အောင်မြင်မှုရရှိနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်ချစ်တဲ့ ခင်ရူပကတော့ လက်ထပ်ခဲ့တာ(၇) နှစ်ရှိခဲ့ပြီဖြစ်ပြီး anniversaryနေ့မှာ အမှတ်တရအနေနဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေလာခဲ့ပါတယ်။ ချစ်သက်တမ်း (၇) နှစ်အတွင်းမှာရှိခဲ့တဲ့အမှတ်တရတွေကို “သူနဲ့စတွေ့ထဲက ဘဝတစ်ခုလုံးပါပြောင်းလဲခဲ့တယ်.. စိတ်ရော လူရော အရာရာရောပေါ့ ။ အဖေလို အကိုလို ချစ်သူလို အခုဆိုခင်ပွန်းလိုအထိပေါ့။ မိန်းမချင်းပုတ်ခတ်မနာလိုခံရတဲ့ထိပါ ကျွန်မဘဝကို တန်ဖိုးထားတဲ့သူ.. သူနဲ့တွေ့တာကျွန်မအတွက်တော့ ကောင်းကျိုးတွေများပါတယ်.. ဒါမယ့် ကျွန်မနဲ့တွေ့ရတာတော့ သူနဲနဲ ဝဋ်ကြီးပုံရပါတယ်။ အကုန်သိ အကုန်နားလည်ပြီး ဆိုးချင်လို့ကိုဆိုးနေတဲ့ ကဂျီကဂျောင်လေးကို အရမ်းသည်းခံလို့ကျေးဇူးပါ။ ယူပေးတာလည်း ကျေးဇူးပါ (ပြောနေကြစကားလေး) အပြောင်းအလဲ အတိုက်အခိုက်တွေများလှတဲ့ ကျွန်မပတ်ဝန်းကျင်မှာလည်းနေတတ်အောင်အမြဲလမ်းပြသင်ပေးသူ.. ကျွန်မကို …

Read More »

သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ တန်ဖိုးကို အဓိပ္ပါယ်ဖွင့်ဆိုပြလိုက်တဲ့ မေပန်းချီ

ပရိသတ်ရဲ့အချစ်တော်အနုပညာရှင်တွေဖြစ်တဲ့ မေပန်းချီနဲ့ ဘေဘီမောင်တို့ကတော့ အနုပညာလောကကို ဝင်ရောက်လာတဲ့အချိန်လည်း မကွာခဲ့သလို ကိုယ်စီပင်ကိုယ်အရည်အချင်းအပြည့်နဲ့ ပရိသတ်အသိမှတ်ပြုအားပေးခံရဖို့ ကြိုးစားခဲ့ကြသူတွေပါ။ တစ်ယောက်အခက်အခဲနဲ့ ကြုံချိန်တိုင်းမှာ တစ်ယောက်က အားပေးခဲ့ကြပြီး အနုပညာအသိုင်းအဝိုင်းထဲမှာ အနုပညာညီအစ်မတွေအဖြစ်နဲ့သာမက သူငယ်ချင်းကောင်းတွေအဖြစ်နဲ့ပါ စိတ်တူကိုယ်တူ ရှိခဲ့သူတွေလို့ ဆိုရမှာပါ။ ဒီနေ့မှာတော့ နှစ်ယောက်သားတွဲလျက်ပုံလေးတွေနဲ့အတူ မေပန်းချီကတော့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့တန်ဖိုးကို အဓိပ္ပါယ်ဖွင့်ဆိုပြခဲ့ပါတယ်။ သူငယ်ချင်းဆိုတာ လွယ်လွယ်ဖြစ်လာတဲ့ နာမ်စားတစ်ခုတော့ မဟုတ် အဆင်မပြေမှုတွေ… နားလည်မှု လွဲမှုတွေ…. သဘောထားချင်းမတိုက်ဆိုင်မှုတွေ… စိတ်အဖုအထစ်တွေ အခက်အခဲတွေ ကိုကျော်လွှားပြီးတဲ့အချိန်တစ်ခုရောက်မှ ကျန်ခဲ့တဲ့အရာပါ…. ဒါတွေ ကို ပွင့်လင်းစွာ မညှိနိူင်းနိုင်ရင်တော့ သူငယ်ချင်းကောင်းဆိုတာ မင်းအတွက်ရှားပါးနေအုံးမှာပဲ… အသက်အရွယ်ရလာတာနဲ့အမျှ နားလည်လာတာတစ်ခုက အပေါင်းအသင်းကြား စိတ်အဖုအထစ်တွေကို ပွင့်လင်းစွာ ဖြေလျော့ ဖို့ပါပဲ… သင်မှားလျှင် …

Read More »