Cele News

ကျွန်တော့်ပေတံကျိုးသွားလည်း ကိုယ်ပိုင်သီချင်းတွေနဲ့ ပြန်ဆက်သွားမယ်ဆိုတဲ့ ထိုက်ကြီး

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်တင်ဆက်နေတဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ မနေ့ညက Episode-12 ပထမဆုံး Knockouts Round ပွဲကို Live လွှင့်တင်ဆက်ခဲ့ပြီဖြစ်ပါတယ်။ Team အာဇာနည်၊ Team ရန်ရန်ချမ်း နဲ့ Team နီနီတို့က ပြိုင်ပွဲဝင် Team တစ်ဖွဲ့စီက လေးယောက်စီ စုစုပေါင်း ပြိုင်ပွဲဝင်(၁၂) ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်တချို့နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ ဟိုးအရင်ကတည်းက အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရထားသလို The Voice Myanmar ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Team အာဇာနည်အဖွဲ့ဝင် အဆိုတော်ထိုက်ကြီးကတော့ မနေ့ကယှဉ်ပြိုင်မှုမှာ နှုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ Team အာဇာနည်အဖွဲ့ထဲက ပြိုင်ပွဲဝင်ထိုက်ကြီး၊ ဆလိုင်းတေးလျန်၊ G နဲ့ N …

Read More »

မဲရုံတွေမှာ ပင်ပင်ပန်းပန်းနဲ့အလုပ်ကြိုးစားခဲ့ကြတဲ့ဆရာ၊ဆရာမတွေကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အနုပညာအလုပ်တွေသိပ်မလုပ်တော့တဲ့အချိန်မှာတောင်မှ ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိနေဆဲသူတစ်ဦးပါ။ လက်ရှိအချိန်မှာသာယာပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်ထားသလို အလှူအတန်းတွေရက်ရက်ရောရောလှူဒါန်းလေ့ရှိတာကြောင့် အများက လေးစားအားကျခံရသူလည်း ဖြစ်ပါတယ်။ မနေ့ကတော့ မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီလိုနေ့မှာတော့ ဆရာ၊ဆရာမတွေဟာ မဲရုံမှာတာဝန်ကျခဲ့ကြပြီး ညဘက်တွေအထိမဲတွေရေတွက်ပြီးအလုပ်လုပ်ရတဲ့အထိလည်း အလုပ်ရှုပ်ခဲ့ကြတာပါ။ သူတို့တွေကို ကျေးဇူးတင်ကြောင်းကိုတော့ စမိုင်းလ်ကသူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “မဲရုံတာဝန်ကျတဲ့ဆရာဆရာမများနဲ့ တာဝန်ကျသူတွေအကုန်လုံးအရမ်းပင်ပန်းနေကြပြီသနားပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်” ဆိုတာအပြင် ပုံလေးတွေနဲ့အတူ “အခုအချိန်ထိအလုပ်လုပ်နေကြသူ ဆရာ ဆရာမများ Volunteer များ ပြည်သူ့ရဲများ လုံခြုံရေး ရပ်ကွက်ကျေးရွာ မြို့နယ်အသီးသီးမှတာဝန်ကျသူများအားလုံးတစ်ဦးတစ်ယောက်ချင်းကိုတကယ့် Respect ပါ။ တိုင်းပြည်အတွက်အားလုံးပူးပေါင်းပြီးလုပ်ဆောင်ပေးနေကြတာ ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ပုံလေးတွေကိုယ်တိုင်ပို့ပေးကြသူများကိုလည်းကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ ရေးသားဖော်ပြခဲ့တာပါ။ Source : စမိုင်းလ် Smile

Read More »

ဦးကျော်ထူးရဲ့ ဆန်ကို အနုပညာကြေးမယူဘဲ အခမဲ့ Live လွှင့်ရောင်းပေးခဲ့လို့ မမျှော်လင့်ထားတာတွေ ပြန်ရခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်အချစ်တော် ဇာတ်ပို့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေနားထားတုန်း တခြားစီးပွားရေးတစ်ခုအနေနဲ့ အနုပညာကြေးယူပြီး Live လွှင့်ဈေးရောင်းနေတာပါ ။ လတ်တလောမှာတော့ ဟာသသရုပ်ဆောင် ဦးကျော်ထူးက ဆန်ရောင်းတာ Live လွှင့်ပေးဖို့အကူညီတောင်းတဲ့အတွက် ကူညီပေးခဲ့တယ်လို့သိရပါတယ် ။ အဖေက ဆန်ရောင်းဖို့ live လွှင့်ပေးဖို့ အကူအညီတောင်းတော့ ဘာမှမပေးပါနဲ့ သမီး လာကူညီပေးမယ်လို့ ပြောခဲ့တယ် ဘာမှမမျှော်လင့်ပဲ စေတနာသန့်သနိ့နဲ့ကူညီပေးခဲ့ပေမယ့် ပြန်ရလိုက်တာက မနည်းမနောပါပဲ ဆိုတဲ့စာသားလေးနဲ့အတူ ဦးကျော်ထူးရဲ့ မေတ္တာလက်ဆောင်တွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ (၆၇၀၀၀) တန် ရှယ်ဆန် ၃ အိတ်၊ ဆီဘူးကြီး (၆) ဘူး ၊ ကြက်ဥ ၅ ကဒ် …

Read More »

အာဆီယံမှာအဆင်းရဲဆုံးဂုဏ်ပုဒ်ကို ဖယ်ရှားနိုင်မယ့် အစိုးရကို လိုချင်ပါတယ်ဆိုတဲ့ မိုးယံဇွန်

ယနေ့ နိုဝင်ဘာလ (၈)ရက်နေ့ မဲပေးမှုနဲ့ပတ်သက်ပြီး ပရိသတ်အချစ်တော် သရုပ်ဆောင်မိုးယံဇွန်က သူလိုချင်တဲ့ အစိုးရရဲ့ပုံစံကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်တဲ့ မဲပေးခြင်းပြုလုပ်ပြီးနောက်မှာ ပြည်သူတွေကိုယ်စား အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်စား ပြောပြလာခဲ့တာဖြစ်ပါတယ် ။   ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီပဲ အစိုးရပြန်ဖွဲ့ဖွဲ့ ၊ အစိုးရအသစ်တစ်ရပ်ကပဲ အစိုးရပြန်ဖွဲ့ဖွဲ့သေချာတာ တော့ပီးခဲ့တဲ့ ၁၀ နှစ်က ထက်ပိုကောင်းတဲ့ အစိုးရ အာဆီယံမှာအဆင်းရဲဆုံးဂုဏ်ပုဒ်ကို ဖယ်ရှားနိုင်မယ့် အစိုးရ အခြေခံလူတန်းစားတွေများတဲ့နိုင်ငံဖြစ်လို့ အခြေခံလူတန်းစားတွေ ရဲ့နေထိုင်မှုနဲ့ အလုပ်အကိုင်ကိုအာမခံချက်ပေးနိုင်မယ့် အစိုးရကိုပြည်သူတယောက်အနေနဲ့ လိုချင်ပါတယ် အမြင်တူသည် ဖြစ်စေ မတူသည်ဖြစ်စေေ သချာတာကတော့ တိုင်းပြည်အနာဂတ်ကောင်းဖို့ ပြောသမျှကို လက်တွေ့မှာ အကောင်အထည်ဖော်ဆောင်ပီး တိုးတက်အောင်လုပ်နိုင်တဲ့ …

Read More »

နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ခဲ့ကြတဲ့ အနုပညာရှင်များ

ပရိသတ်ကြီးရေ နိုဝင်ဘာလ (၈) ရက်နေ့မှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြန်မာနိုင်ငံသားတိုင်း တူညီစွာ မဲပေးခဲ့ကြတဲ့ နေ့ရက်လေးပါ ။ နိုင်ငံသားတိုင်း ကိုယ့်အမိနိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ ကိုယ်နှစ်ခြိုက်ရာ ပါတီကို မဲပေး ဆုံးဖြတ်ပေးခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တွေကလည်း တူညီစွာ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကိုကျေပွန်ခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက် တာဝန်ကျေပွန်ခဲ့တဲ့ အနုပညာရှင်များရဲ့ ပုံရိပ်များကိုဖော်ပြပေးလိုက်ပါတယ်နော် ။                         Source : Facebook Emily (cele Gabar)

Read More »

ဖခင်ဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားကြောင်း ပရိသတ်တွေကို အသိပေးခဲ့တဲ့ Oasix

ပရိသတ်ကြီးရေ မန္တလေးသား Rapper လေးတစ်ယောက်ဖြစ်တဲ့ Oasix ကတော့ ဆယ်ကျော်သက် လူငယ်တွေ အသည်းစွဲအားပေးနေကြတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဒီနေ့ နိုဝင်ဘာလ (၈)ရက်နေ့မှာတော့ Oasix ရဲ့ ဖခင်ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာကြားသိရပါတယ် ။ Oasix ရဲ့ ဖခင်ဖြစ်သူဟာ သူ(၉)တန်း (၂၀၀၇)ခုနှစ်လောက်ကတည်းက လေဖြတ်ရောဂါခံစားနေရတာဖြစ်ပါတယ်။   Oasix ဟာမကြာခင်ကမှ (၁၉၉၆) ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ မိသားစု ရှင်ပြု ရဟန်းခံ ဗီဒီယိုလေးကို ပရိသတ်တွေကို ဝေမျှခဲ့ပါသေးတယ် ။ မိသားစု စုံစုံလင်လင်နဲ့ ပျော်စရာကောင်းတဲ့အမှတ်တရလေးတွေကို မျှဝေပေးခဲ့တဲ့အတွက် ပရိသတ်တွေက သဘောအကျကြီး ကျခဲ့ကြပေမယ့်လည်း ဒီနေ့ ဒီနေ့ နေ့လည် ၁၂:၃၀ ရုတ်တရက်ကြီး …

Read More »

မဲရုံကိုအရင်ဆုံးဝင်ရတဲ့အထိတက်ကြွခဲ့တဲ့ ရှင်ဖုန်းကိုချီးကျူးစကားဆိုလာတဲ့ ဟန်နီထွန်း

ဒီနေ့ကတော့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနေတာဖြစ်တာကြောင့် တစ်နိုင်ငံလုံးကပြည်သူတွေကတာ့ မနက်(၆)နာရီမှ ညနေ(၄)နာရီအတွင်း ဆန္ဒမဲပေးလျက်ရှိနေတာပါ။ အချို့ကတော့ မနက်(၆)နာရီမထိုးခင်ကတည်းက မဲရုံရှေ့ရောက်ရှိပြီး တက်ကြွစွာမဲပေးနေကြတာပါ။ အဲ့ဒီအထဲမှာရှင်ဖုန်းတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ ရှင်ဖုန်းကတော့ အစောဆုံးသွားရောက်ခဲ့ပြီး အရင်ဆုံးမဲပေးတဲ့သူတစ်ယောက်ဖြစ်ခဲ့တာပါ။ အဲ့ဒီအကြောင်းကိုတော့ တစ်ချိန်ကပရိသတ်အချစ်တော်မင်းသမီးကြီးဟန်နီထွန်းက  “အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတာက ညီမလေး ရှင်ဖုန်း မနက် သုံးနာရီခွဲထဲက မဲရုံရှေ့ရောက်ပြီး သူအရင်ဆုံး နံပါတ်(၁)ဝင်ရတာပဲတဲ့ ဂီတလောကသားတွေ အတက်ကြွဆုံးပဲ တက်ကြွလိုက်တာ ရုပ်ရှင်လောကကတော့ လူ အယောက်(၅၀)တောင်ပြည့်ပါ့မလားပဲ” ဆိုပြီးတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ချီးကျူးစကား ဆိုထားခဲ့ပါတယ်။ ဒီနေ့မှာ အနုပညာရှင်တွေကသူတို့ရဲ့ဖေ့ဘွတ်ခ်အကောင့် တွေမှာ မှင်စွန်းနေတဲ့လက်သန်းတွေနဲ့အတူ တက်ကြွစွာမဲပေးခဲ့ကြောင်းကို အသီးသီးဖော်ပြလာကြတာပါ။ ရှင်ဖုန်းကတော့ အရင်ဆုံးမဲရုံကိုဝင်ခွင့်ရတဲ့အထိတကယ့်ကိုတက်တက်ကြွကြွနဲ့မဲပေးခဲ့တာပါ။ Source : HoneyHtun,ShinBone

Read More »

ရွေးကောက်ပွဲနေ့ မှာတက်တက်ကြွကြွနဲ့ Volunteer လုပ်နေတဲ့ G Fatt

G Fatt ကတော့ လူငယ်အဆိုတော်တွေထဲမှာနာမည်ကျော်လူကြိုက်များတဲ့အဆိုတော်တစ်ယောက်ပါ။ ကိုယ်ပိုင်စတိုင်ဖန်တီးမှုတွေနဲ့ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကိုရယူထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ရွေးကောက်ပွဲနေ့ဖြစ်ပြီး တော့ အနုပညာရှင်တော်တော်များများကတော့ ဆန္ဒမဲသွားပေးခဲ့ကြတာပါ။ G Fatt ကတော့ ရွေးကောက်ပွဲနေ့ မဲရုံမှာ Volunteer လုပ်နေတဲ့အကြောင်းကိုလည်း “၁၆/၂ မဲရုံက Volunteer လေးပါ” ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။ ဒါ့အပြင် ပရိသတ်တွေကိုလည်း “မဲရုံကို မဖြစ်မနေမဲသွားပေးဖို့ ဆော်သြလိုက်ပါတယ် မဲပေးပြီးရင်လဲ Cmt မှာ ပြကြပါဦး … တန်းစီရတာတော့ကြာမှာ ဖြစ်ပေမယ့် စိတ်ရှည်ရှည် စောင့်ပြီးပေးကြမယ်ဗျို့ ညနေ၄နာရီနောက်ဆုံးနော် #Vote2020” ဆိုပြီးတော့ ဆော်သြလိုက်ပါသေးတယ်။ G Fatt ကတော့ မကြာသေးခင်ကလည်း Vote ဆိုတဲ့သီချင်းကိုလည်း သီဆိုထားပြီး ပရိသတ်တွေအားပေးမှုတွေလည်း …

Read More »

ရွေးကောက်ပွဲမှာမဲသွားပေးရင်း ဖူးစာဆုံခဲ့တယ်ဆိုတဲ့ ပိုပို

ပိုပိုကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်သလို သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်သူပါ။ ကိုယ့်ဒူးကိုယ်ချွန်ပြီးတော့အောင်မြင်လာသူတစ်ယောက်ဖြစ်သလို ပရိသတ်တွေကို အနုပညာဖန်တီးမှုအသစ်တွေနဲ့မရိုးစေတဲ့သူလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ရွေးကောက်ပွဲနေ့ဖြစ်ပြီး ပိုပိုကိုယ်တိုင်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ မနက်စောစောထပြီး မဲသွားပေးခဲ့တယ်လို့ ဆိုပါတယ်။ မဲသွားပေးရင်းနဲ့ဖူးစာဆုံခဲ့တယ်ဆိုပြီးတော့လည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ” I Voted မဲပေးပြီးပါပြီ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပါပြီရှင် .. ဪ ရွေးကောက်ပွဲမှာလဲ ဖူးစာ ဆုံခဲ့ပါပြီ ရွေးကောက်ပွဲ ဖူးစာပေါ့” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ပိုပိုကတော့ မင်းသားချောအလင်းရောင်နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံလေးကိုလည်း တင်ထားခဲ့ပါသေးတယ်။ ပိုပိုကတော့ မကြာသေးခင်က သီတင်းကျွတ်ဖူးစာ ဆိုတဲ့ သီချင်းလေးကိုထွက်ရှိထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ကြိုက်နှစ်သက်အားပေးမှုလည်း ရရှိထားပါသေးတယ်။ တဲ့ပိုပိုကတော့ ဒီနေ့မှာလည်း ရွေးကောက်ပွဲဖူးစာဆိုပြီးအရွှန်းဖောက်စနောက်လာပါတယ်ပရိသတ်ကြီးရေ… Source : ပိုပို

Read More »

သီတင်းကျွတ်လာကန်တော့တဲ့ မိုးဟေကို ကို အကယ်ဒမီအမြန်ဆုံးရပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ဂျွန်လွင် 

အစကတည်းက မိဘစကားနားထောင်တဲ့မိုးဟေကိုက  ဆရာဂျွန်လွင် စကားကိုအမြဲ နာခံလိုက်နာတတ်သူမို့ ဆရာဂျွန်လွင်ရဲ့ အချစ်တော် တပည့်မလေးဖြစ်နေတာပါ ။  ဆရာဂျွန်လွင် က သရုပ်ဆောင်အလုပ်ကို လုပ်ရမယ် သရုပ်ဆောင်မင်းသမီးနဲ့ လိုက်တယ် ဆိုပြီးတော့ လမ်းကြောင်းပေးခဲ့တဲ့အပေါ် နာခံပြီး လျှောက်လှမ်းခဲ့တာ အရမ်းကိုအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တာပါ ။   ဆရာဂျွန်လွင်က အကြံဉာဏ်တွေလည်းပေးသလို  အဓိကကတော့ ခွန်အားအမြဲပေးတဲ့အတွက် အဲ့ဒီနှစ်ချက်တည်း နဲ့တင်အရာအားလုံးပြီးပြည့်စုံနေပါပြီ”လို့တောင်အင်တာဗျူးတွေမှာဖြေဆိုခဲ့တာပါ ။ ဒီနှစ်သီတင်းကျွတ်မှာလည်း မိုးဟေကိုတစ်ယောက် သူမရဲ့ ဆရာ ဂျွန်လွင်ကို သွားရောက်ကန်တော့ပြီး ဂါရဝပြုခဲ့တဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ ဂျွန်လွင်တစ်ယောက် အရမ်းကို ပီတိဖြစ်နေခဲ့တာပါ ။ သားသမီးအရင်းသဖွယ် အစဉ်ချစ်ခင်ရတဲ့မိုးဟေကို မိဘကိုအရမ်းသိတတ်တဲ့ သမီးစိတ်နှလုံးရွှင်လန် းစီးပွါးရေးလောကမှာအောင်မြင်ပြီးအနုပညာမှာထိပ်ဆုံးဖြစ်ပြီး အကယ်ဒမီလဲအမြန်ရပါစေ ဆိုတဲ့ဆုမွန်ကောင်းတွေလည်းအများကြီးပေးခဲ့ပါသေးတယ် ။ ပရိသတ်တွေကတော့ …

Read More »