Cele News

ဘဝမှာအထီးကျန်ဆုံးချိန်ကိုဖြတ်သန်းနေရတဲ့အကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ရှိန်းတင်ထူး

အပြုံးချိုချိုလေးတွေနဲ့မင်းသားချောရှိန်းတင်ထူးကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေလုပ်နေသူဖြစ်ပြီး “သူစိမ်းအိမ်” ဇာတ်ကားထဲမှာတော့ ပရိသတ်တွေသတိထားမိကြမှာပါ။ အမြဲကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး အမြမြဲလိုလိုပြုံးပြုံးရွှင်ရွှင်တွေ့ရတဲ့ ရှိန်းတင်ထူးကတော့ ပရိသတ်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။ သူကတော့ လတ်တလောအဆင်မပြေတဲ့အကြောင်းကို ဘဝမှာ အထီးကျန်ဆုံး အချိန်နဲ့ စိတ်အပူဆုံးအချိန်ကိုပြပါဆို ဒီအချိန်တွေပဲဖြစ် လိမ့်မယ်။တော်သေးတာပေါ့ဗျာ အကောင်းဘက်ကပဲ တွေးပေးတက်တဲ့ စိတ်လေးကို အမေပေးထားလို့ တည်ငြိမ်တဲ့ စိတ်လေးကိုလဲအဖေက ပေးထားလို့ မဟုတ်ရင် Depression ဝင်ပီး လူ့အသိုင်းအဝိုင်းနဲ့အဆက်အသွယ်ပြတ်နေလောက်ျပီ ။ပခုံး တွေကောင်းလို့ ကံတရားကိုလဲကျေးဇူးတင်မိတယ်။ ဆိုပြီးတော့ သူ့ခံစားချက်တွေကို ဖေ့ဘွတ်ခ်မှာရေးသားလာတာပါ။ ဒါ့အပြင်ပရိသတ်တွေကိုလည်း ကျွန်တော့်ခံစားချက်တွေကို ကျွန်တော်တစ်ယောက်ပဲ မျိုသိပ်ပီး ခံစားတက်လို့ ကိုယ့်ကိုယ်ကိုလဲ ကျေးဇူးတင်မိတယ် ။အမြဲတန်းရယ်နေပြုံးနေနိုင်တယ်ဆိုတာ လွယ်တော့မလွယ်ဘူးဗျ မျက်နှာပိုးမသေလို့လဲ တစ်ခြားလူတွေကလဲ ပြောကြတယ် …

Read More »

နိုဝင်ဘာလ (၁၆)ရက်နေ့မှာပြုလုပ်မယ့် မီးမီးခဲအမှတ်တရ ရိုက်ကူးရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ မီးနို

Galaxy Star သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေကြားမှာ လူသိများလာတဲ့ အဆိုတော်တစ်တော်တစ်ယောက်ဖြစ်တဲ့ မီးနိုကတော့ ကွယ်လွန်သူ အဆိုတော် မီးမီးခဲနဲ့ပတ်သက်ပြီး ရိုက်ကူးရေး တစ်ခုလုပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ် ။     အဲ့ဒီအတွက် ပရိသတ်ကြီးကိုယ်တိုင်ရိုက်ထားတဲ့ RIP မီးမီးခဲ ၊ We Miss You ၊ See You Again MMK ၊ We Love You Mee Mee Khal ဆိုတဲ့စာသားလေးတွေနဲ့ ပုံလေးတွေ ကို ရိုက်ကူးပေးဖို့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ် ။ အဲ့ဒီတောင်းဆိုမှုနဲ့ပတ်သက်ပြီး တချို့ပရိသတ်တွေဆီက အခုလိုလုပ်တော့ရောမီးမီးခဲက ပြန်ရှင်လာမှာလားဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ …

Read More »

သူမ Live လွှင့်ပြီးဈေးရောင်းပေးနေတဲ့ဆိုင်က စိန်လက်စွပ်တစ်ကွင်း ပါလာလို့ ပိုင်ရှင်ကိုပြန်လည် အပ်နှံခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့အပြင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Home နေရတဲ့အတွက် ရိုက်ကူးရေးတွေရပ်နားထားရပြီး နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ကနေတဆင့် Live လွှင့်ဈေးရောင်းရင်း မအားမလပ်နဲ့ဖြစ်နေတာပါ။   လတ်တလောမှာတော့ လက်ဝတ်ရတနာတွေကို အနုပညာကြေးယူပြီး Live လွှင့်ရောင်းချပေးနေတဲ့ နှိုင်းယှဉ်က သူမ မသိလိုက်ဘဲ ဆိုင်က ပါလာတဲ့ စိန်လက်စွပ်လေးကို ပိုင်ရှင်ကို ပြန်လည်အပ်နှံခဲ့တယ်လို့သိရပါတယ် ။ မနေ့က စိန်ရောင်းနေရင်း လည်ပင်းနာလာတော့ အိတ်ကိုပေါင်ပေါ်တင်ပီး ငုံဆေးထုတ်စားတာဒီလက်စွပ်လေးက ဘယ်ကဘယ်လို အိတ်ထဲကျသွားမှန်းမသိဘူး အိမ်ပြနိရောက်ရင် အိတ်ထဲကပစ္စည်းတွေအမြဲထုတ် …

Read More »

ကျော်ကျော်ဗိုလ်ရဲ့ဇနီးဖြစ်သူ မဇာရဲ့မိခင်ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းစကားဆိုခဲ့တဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ နှင်းဆီအငြိမ့်အဖွဲ့ရဲ့ ပင်တိုင် လူရွှင်တော်တွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်နဲ့ ထွန်းထွန်းတို့ကတော့ အရမ်းကိုရင်းနှီးချစ်ခင်ကြတဲ့ အနုပညာရှင်နှစ်ယောက်ပါ ။ လတ်တလောမှာတော့ စိတ်မကောင်းစရာ သတင်းတစ်ခုကို ထွန်းထွန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကျော်ကျော်ဗိုလ်ရဲ့ ဇနီးဖြစ်သူ မဇာရဲ့ မိခင်ကွယ်လွန်သွားတဲ့ သတင်းပဲဖြစ်ပါတယ် ။ မဇာရေ တကယ်စိတ်မကောင်းပါဘူးဗျာ .. မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ် ။ အန်တီကောင်းရာသုဂတိလားပါစေ ဆိုတဲ့ စာသားလေးနဲ့အတူ ထွန်းထွန်းက သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ တဆင့် ဝမ်းနည်းကြောင်းရေးသားဖော်ပြခဲ့တာပါ ။ ကျော်ကျော်ဗိုလ်ရဲ့ ပရိသတ်တွေနဲ့ ထွန်းထွန်းရဲ့ ပရိသတ်တွေကတော့ မဇာရဲ့မိခင်တစ်ယောက် ကောင်းရာမွန်ရာ ရောက်ဖို့အတွက် ဝမ်းနည်းစွာ ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ် ။ မဇာရဲ့ မိခင်လည်း …

Read More »

ဘဝရဲ့အရေးပါတဲ့အမှတ်တရနေ့လေးတွေမှာ အမေ့ကိုရှိစေချင်တယ်ဆိုတဲ့ ဘုန်းလျှံ

ပရိသတ်ကြီးရေ ဒီနေ့နိုဝင်ဘာလ(၆) ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင်ဘုန်းလျှံရဲ့မွေးနေ့ရက်မြတ်လေးပါ။ ဘုန်းလျှံကတော့ ဘဝအတွက် သင်ခန်းစာယူစရာအတွေ့အကြုံတွေနဲ့ နှစ်ကာလအတန်ကြာ ဖြတ်သန်းခဲ့ရသူဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ ကောင်းမှုကုသိုလ်အလှူအတန်းတွေ ဆက်တိုက်လုပ်ရင်း ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ဖို့ ကြိုးစားနေတဲ့အပြင် ပါရမီဖြည့်ဖက်ချစ်သူလေးနဲ့လည်း မကြာခင်မှာ လက်မှတ်ရေးထိုးပွဲလေးပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ သူ့ရဲ့ အသက်(၃၈) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး အမှတ်တရနေ့လေးတွေမှာ မိခင်ကိုရှိစေချင်ကြောင်းကို Happy birthday to me နိုဝင်ဘာလ(6)ရက်နေ့မှာ.ခက်ခဲစွာမွေးဖွားပေးခဲ့တဲ့.ချစ်လှစွာသောအမေကို ရိုသေလေးစားစွာကန်တော့ပါတယ်အမေ…ဒီနေ့ဆိုအမေကျွန်တော့ကို မွေးထုတ်ပေးခဲ့တာ(38) နှစ်ပြည့်ပါပြီ.. မွေးနေ့နဲ့မင်္ဂလာလက်မှတ်ထိုးမယ့်နေ့မှာ အမေကိုရှိစေချင်ပါတယ်..ဒါပေမယ့် ဆိုပြီး စိတ်မကောင်းစွာရေးသားမျှဝေလာပါတယ်။ ဘုန်းလျှံရဲ့မိခင်ဖြစ်သူကတော့ သူထောင်ထဲမှာ ရှိနေစဉ်အချိန်တုန်းက ဆုံးပါးသွားခဲ့တာဖြစ်ပြီး အခုလိုပျော်စရာအချိန်လေးတွေ မိခင်နဲ့အတူဖြတ်သန်းခွင့်မရတော့တဲ့ ဘုန်းလျှံအတွက် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်စေမိမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ… ဒါပေမယ့်လည်း ဖြစ်လာမယ့်ကံတရားကရှောင်လွဲလို့မရတာမို့ …

Read More »

ထက်ထက် Live ကနေ အားပေးခဲ့တဲ့ကားကို စပွန်ဆာရတာလို့ဝေဖန်ခံနေရတဲ့ နီလန်းဘက်က ရပ်တည်ခဲ့တဲ့ မေမဒီ

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေတဆင့် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်လာခဲ့တဲ့ နီလန်းကတော့ မကြာသေးမီကမှ ထက်ထက်မိုးဦးရဲ့ Live ကနေတဆင့် သိန်း(၃၀၀)တန်ကားတစ်စီး ဝယ်ယူခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေခံနေခဲ့ရပါတယ် ။ ဒီကားက စပွန်ဆာရတာဆိုတဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို နီလန်းကလည်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ် ။ နီလန်းက ဒီကားလေးကို သူမရဲ့ We Love တွေနဲ့ သူမရဲ့ဖခင်က ဝယ်ပေးခဲ့တာ ဘုရားသိပါတယ်ဆိုတဲ့ စကားနဲ့တုံ့ပြန်ခဲ့ပြီး အဆိုတော် မေမဒီကလည်း ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲဗျာ မနာလိုအူတို တာလေးတွေ လျှော့ မုဒိတာပွါးတက်ဖို့ ခင်ဗျားတို့ကို ငရဲကသင်မှပဲ ရမယ်ထင်ပါတယ် သူ့ Post ကို Share တယ်ဆိုတာ ကိုယ်ချင်းစာလို့ပါ ကိုယ့်တုန်းကဆို လူရင်းကတောင် အဲ့လိုထင်မြင်ပြီး ပြောခံရတာ …

Read More »

ပါတီတစ်ခုရဲ့လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံမယ့်ဖခင်ကို ဝန်းရံခဲ့လို့ ဝေဖန်မှုတွေအပြင်းထန်ခံနေရတဲ့ မိုးယံဇွန်

ပရိသတ်ကြီးရေ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ မဲဆွယ်စည်းရုံးမှုတွေလည်း အပြင်းအထန်လုပ်ဆောင်နေကြတာတွေ့ရပါတယ် ။ ပရိသတ်အချစ်တော် သရုပ်ဆောင် မိုးယံဇွန်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်ဇေယျကလည်း ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ လတ်တလောမှာတော့ဖခင်ဖြစ်သူရဲ့အားပေးစကားဆိုခဲ့တဲ့ သရုပ်ဆောင်မိုးယံဇွန်က ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်းအထန်ခံနေရပါတယ် ။ ဦးကျော်ဇေယျက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ် ။ မိုးယံဇွန်က သူ့ရဲ့ ဖေ့ဘုတ်စ် ပရိုဖိုင်မှာ ဖခင်ဖြစ်သူရဲ့ ပါတီကိုယ်စားလှယ်ပုံရိပ်ကို ချိန်းပြီး Good Luck Father လို့ရေးသားခဲ့တဲ့အတွက် အတော်လေး ဝေဖန်မှုတွေပြင်းထန်ခဲ့တာဖြစ်ပါတယ် ။   ဝင်ရောက်ဆဲဆိုနေကြတဲ့သူတွေကို မိုးယံဇွန်က ငါ့အဖေကိုငါအားပေးတာ ဘယ်သူ့ကိုမှ ပုတ်ခတ်ပြီးဆဲနေတာမဟုတ်ဘူး ဆိုတဲ့မှတ်ချက်နဲ့ရေးသားတုံ့ပြန်ခဲ့ပါတယ် ။ မိုးယံဇွန်ရဲ့ ပရိသတ်တွေကလည်း ဖခင်ဖြစ်သူကို …

Read More »

အနုပညာကြေးလေးတွေနဲ့ (၂၂)သိန်းကျော်တန်ဖိုးရှိတဲ့ အောက်စီဂျင်စက်တွေလှူဒါန်းခဲ့တဲ့ မေလသံစဉ်

ကိုဗစ် နဲ့ပတ်သက်ပြီး အနုပညာရှင်အသီးအသီးက မိမိတို့တတ်အားသမျှပါဝင်ကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး မကြာသေးမီကလည်း ရွှေသမီးရွှေဆိုင် Live လွှင့်ဈေးရောင်းလို့ ရတဲ့ အနုပညာကြေး ၁၅ သိန်းကို ကိုဗစ် ကာကွယ် ကုသ တိုက်ဖျက်ရေးအတွက် လှူဒါန်းခဲ့သလို Diamond mart Khit SanYadanarစိန်ဆိုင် Live မှ ရရှိတဲ့ အနုပညာကြေးနဲ့ သူမ စုထားတဲ့ ကြော်ငြာရိုက်ရတဲ့ ငွေလေးတွေပေါင်းပြီး ဒဂုံဆိပ်ကမ်းမှ အိမ်ခြေ(၂၀၀)ကိုလည်း လှူဒါန်းခဲ့ပါသေးတယ် ။ မကြာခဏဆိုသလို ကိုဗစ်အတွက် လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ မေလသံစဉ်က လတ်တလောမှာလည်း Live လွှင့်ဈေးရောင်းလို့ရတဲ့ အနုပညာကြေးလေးတွေနဲ့ ရွှေသမီး စိန်ရွှေရတနာဆိုင် တို့ပူးပေါင်းပြီးဧရာဝတီဖောင်ဒေးရှင်း Covid-19 ကုသရေးမှာလိုအပ်နေတဲ့ Oxygen …

Read More »

သားသမီးတွေသီတင်းကျွတ်ကန်တော့ခဲ့တဲ့ ကြည်နူးစရာမြင်ကွင်းလေးကိုမျှဝေလာတဲ့ Rဇာနည်

Rဇာနည်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်အနုပညာရှင်ဖြစ်သလို ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာရရှိထားတာပါ။ Rဇာနည်ဆိုတဲ့နာမည်နဲ့အတူ သီချင်းအေးလေးတွေကတော့ ပရိသတ်တွေရင်ထဲစွဲထင်ကျန်နေစေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သားသမီး(၃)ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားပါတယ်။ Rဇာနည်ရဲ့သားသမီးတွေကတော့ သီတင်းကျွတ်အစဉ်အလာအတိုင်းမိဘနှစ်ပါးကို ကန်တော့ခဲ့ကြပါတယ်။ အသက်ငယ်တဲ့ကလေးတွေဖြစ်ပေမယ့် အခုလိုလိမ္မာရေးခြားရှိတဲ့အပြုအမူလေးတွေကတော့ တကယ့်ကိုချစ်စရာပါ အဲ့ဒီအကြောင်းကိုလည်း Rဇာနည်ကသူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်။ သားသမီး(၃)ယောက်လုံးကတော့ ဖေဖေ Rဇာနည်နဲ့မေမေဝမ်းတို့ကို ရှိခိုးကန်တော့နေကြတာဖြစ်ပြီး ပရိသတ်တွေကတော့ ချစ်စရာကောင်းတယ်ဆိုပြီးတော့ မှတ်ချက်တွေပေးကြသလို ကြည်နူးမှုတွေကူးစက်ခဲ့တာလည်း ဖြစ်ပါတယ်။ တကယ့်ကိုကြည်နူးစရာအခိုက်အတန့်လေးမို့ ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်.. Source : zarnimyonyunt

Read More »

နိုင်ငံအသီးသီးမှဇာတ်ကားများစွာထဲကမှ Druk International film festival (DIFF) က ချီးမြှင့်တဲ့ ထူးချွန်ဆု(၄)ဆုကို ဆွတိခူးနိုင်တဲ့ နို့ဘီလူး

နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ (၂၀၁၉)မတ်လမှာရုံတင်ခဲ့တာဖြစ်ပြီး ပရိသတ်ကြိုက်နှစ်သက်အားပေးမှုကိုရရှိထားတဲ့ ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကတော့ နိုင်ငံတကာရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့အတူ Druk International film festival (DIFF) မှာ ယှဉ်ပြိုင်ခဲ့ပြီးဆုလေးဆုဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တာဖြစ်ပြီး ဘူတန်နိုင်ငံရှိ Druk International Film Festival မှ ချီးမြင့်တဲ့ 16th Season (Sept 2020) Competition မှာ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ် အစရှိတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဇာတ်ကားများစွာနှင့်အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတ ဆု အမျိုးစားပေါင်းများစွာ အနက်မှ Official …

Read More »