Cele News

မြေးမလေး Pinky Win အယောင်ဆောင် လိမ်လည်နေသူတွေရှိကြောင်း အသိပေးလာတဲ့ ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါကတည်းကအနုပညာလောကမှာအောင်မြင်ကျော်ကြားခဲ့တဲ့ အကယ်ဒမီဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုအခုချိန်ထိလည်းရရှိနေဆဲဖြစ်ပါတယ်။ ဝါဝါဝင်းရွှေရဲ့ မြေးမလေးနှစ်ယောက်ဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင်းဝါပန်းမြတ်သူတို့နှစ်ယောက်ကတော့ အရုပ်မလေးတွေလို အရမ်းချစ်စရာကောင်းလွန်းတဲ့အတွက် ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ အကယ်ဒမီ ဝါဝါဝင်းရွှေက ချစ်စွာသောပရိတ်သတ်တွေကို အကောင့်တုတစ်ခုကို ဖော်ပြခဲ့ပြီး သူမရဲ့ မြေးမလေး ပန်းသွေး (Pinky Win) အယောင်ဆောင်ပြီး ဖေ့စ်ဘုတ်အသုံးပြုသူတွေကို မိတ်ဖွဲ့ခြင်း၊ ငွေကြေးတစုံတရာရရှိရန် အားထုတ်ခြင်း အစရှိတာတွေကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရတဲ့အတွက် report ထုပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။     ပရိသတ်တွေက ကူညီပြီး ရပို့ထုပေးခဲ့ကြပေမယ့် အကောင့်အတုက ခဏဘဲပျက်သွားပြီး ပြန်ပေါ်နေလို့ report ထပ်ထုပေးဖို့ကိုလည်း ပရိသတ်တွေကို …

Read More »

ပထမဆုံးရတဲ့အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင် သင်းယု

The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အသက်အငယ်ဆုံးပြိုင်ပွဲဝင်လို့ဆိုရမယ့် Rapper မလေး သင်းယုကတော အသက်(၁၆) နှစ်သာရှိသေးပေမယ့် ယုံကြည်မှုအပြည့်နဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Battle Round အဆင့်ထိ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အားပေးနေတဲ့ We Love တွေအတွက် တစ်နေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလျက်ရှိသလို လွန်ခဲ့တဲ့ရက်ပိုင်းကလည်း အနုပညာလှုပ်ရှားမှုတစ်ခု လုပ်ထားကြောင်း မျှဝေခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ဘဝရဲ့ပထမဆုံးမှတ်တိုင်တစ်ခုကို အောင်အောင်မြင်မြင်နဲ့စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ပျော်ရွှင်စွာနဲ့ မျှဝေခဲ့ပါတယ်။ သင်းယုဆိုတာဖြစ်တည်လာဖို့အတွက် ကိုယ့်ကိုကိုယ်လည်း အားတင်းကြိုးစားခဲ့ရသလို….. ဘေးကနေမတားတော့ဘဲ ဆက်အားပေးလာတဲ့မိဘနှစ်ပါးကို…..အနုပညာကြေးအကုန်ကန်တော့လိုက်ပါတယ်…. ပထမဆုံးသောအနုပညာကြေးကို…….အရေးအပါဆုံးသောမိဘနှစ်ပါးအတွက်သာ… နောက်ထပ်သောအနုပညာလှုပ်ရှားမှုတိုင်းမှရတဲ့အနုပညာကြေးတိုင်းက….. မေမေနဲ့ဖေဖေအတွက်ပဲအမြဲ ဖြစ်နေမှာပါ ဆိုတဲ့စာသားနဲ့အတူ မိဘနှစ်ပါးကို ကန်တော့နေတဲ့ကြည်နူးဖွယ်ပုံရိပ်လေးကို …

Read More »

ကိုဗစ်ရောဂါကူးဆက်ခံထားရတဲ့ ဘိုးဘွားတွေအတွက် ပုဆိုးထဘီအဟောင်းတွေ အလှူခံခဲ့တဲ့ ရွှေရည်သိန်းတန်

တခေတ်တစ်ခါက ပရိသတ်တွေအားပေးခဲ့ရတဲ့ မြန်မာသံတေးသံရှင် တွံတေးသိန်းတန်ရဲ့ သမီးဖြစ်တဲ့ အဆိုတော် ရွှေရည်သိန်းတန်က ကိုဗစ်ကာလမှာ ပုဆိုး ထဘီအဟောင်း များကို အရေးပေါ်အလှူခံလျက်ရှိပါတယ် ။ သားသမီးတွေရဲ့ အရိပ်အောက် မနေရရှာဘဲ ဆရာတော်ရဲ့ အရိပ်အောက်ခိုလှုံ နေရတဲ့ ဘိုးဘွား တို့အတွက် အရေးပေါ် အလှုခံခဲ့တာပဲဖြစ်ပါတယ် ။   သဘာဝတရားရိပ်သာ ဆေးကုသဆောင် မှ အိပ်ယာကျောကပ် ဘိုးဘွား များဟာ Covid ရောဂါ ကူးဆက်ခံနေရတဲ့အတွက် သံလျင်ဆေးရုံမှာ ဘိုးဘွား ၃၉ ဦး တက်ရောက်ကုသ လျက်ရှိပါတယ် ။ သဘာဝဆေးကုဆောင်မှာ (၅၂) ဦး ရှိရာ ဆီးဝမ်း များ သွားပြီးတာနဲ့ အဝတ်အစားများကို မီးရှို့ကာ …

Read More »

အသေးစားအလှူလေးအနေနဲ့ ဘာဂါတွေကိုလိုက်ဝေဖို့ပြင်ဆင်ခဲ့ပြန်တဲ့ ဖွေးဖွေး

ဖွေးဖွေးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပကာသနမရှိပွင့်ပွင့်လင်းလင်းနေထိုင်ပြောဆိုတတ်တာကြောင့်လည်း ပရိသတ်တွေအချစ်ပိုရသူပါ။ ဖွေးဖွေးကတော့ အောင်မြင်မှုတွေရရှိနေသလို အလှူအတန်းရက်ရောသူတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာလည်း စိတ်ကူးရသလို အသေးစားအလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဖွေးဖွေးကတော့ ဘာဂါ(၂၀)ကို အသေးစားအလှူအနေနဲ့ လှူဖို့အတွက်ပြင်ဆင်ထားခဲ့တာပါ။ အခုလိုကာလမှာတော့ အလှူရှင်တွေကတတ်နိုင်တဲ့ဘက်ကနေပြီး အလှူလေးတွေလုပ်နေကြတာတွေ့ရမှာပါ။ ဖွေးဖွေးကတော့ ဘာဂါတွေပြင်ဆင်ထားတဲ့အကြောင်းကိုလည်း သူ့ရဲ့ My Story မှာရေးသားဖော်ပြထားပါသေးတယ်။ ဖွေးဖွေးကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မကြာခဏဆိုသလို မျှဝေလေ့ရှိသူပါ။ ဘာဂါကတော့ လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ Fast Food တစ်ခုဖြစ်ပြီး ဖွေးဖွေးကတော့ အလှူလူပ်ဖို့အတွက်အကြံရခဲ့ပုံပါပဲ။ Source : PhwayPhwayMyStory

Read More »

တူမဖြစ်သူအတွက် ကိုယ်တိုင်ကင်မရာကိုင်တာ ပါရမီဖြည့်ပေးခဲ့တဲ့ အူဝဲရဲ့ဗီဒီယိုလက်ရာ

အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဖြစ်သလို ပရိသတ်တွေရဲ့အချစ်တွေလည်း များစွာရရှိထားတာပါ။ အူဝဲလို့လည်း ချစ်စနိုးခေါ်ကြတဲ့အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီဆု(၂)ဆုရရှိထားသလို အနုပညာသက်တမ်းကလည်းမနည်းလှပါဘူး။ သူတတ်စွမ်းတဲ့အနုပညာနဲ့တူမဖြစ်သူမေတိုးခိုင်ကို ကင်မရာကိုင်ကာ ဗီဒီယိုရိုက်ကူးပေးခဲ့တာပါ။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အိမ်မှာ ကိုယ့်အိမ်သားတွေနဲ့ပဲ အပျော်ရှုတင်လေးတစ်ခုရိုက်ထားတာလေးရဲ့ bts လေးပေါ့နော်… ကိုယ်တိုင် art director လုပ်, ကင်မရာကိုင်(ကင်မရာအကြီးကြီး),edit လုပ်ပြီး ဖူးဖူးကို cover song လေး ရိုက်ပေးထားတာပါ… အဲ့ဒါလေးကြည့်ချင်ရင်တော့ May Toe Khine – မေတိုးခိုင် page မှာတင်ထားပါတယ်, မကြည့်ရသေးရင် သွားဝင်ကြည့်လိုက်နော်….တူမအကြီးဆုံးက modelလုပ်,တူမအငယ်လေးက photoရိုက်တဲ့ အပိုင်းတာဝန်ယူ,အိုင်က video ရိုက်တဲ့အပိုင်းတာဝန်ယူ, အိမ်က တပည့်ကျော်တွေက ဆက်တင် မီးထိုးမှန်ထိုး တာဝန်ယူအိမ်မှာရှိတဲ့လူနဲ့ အလုပ်တော့ဖြစ်နေချလိုက်တယ်ကွယ် …

Read More »

ဦးဗေဒါရဲ့မွေးနေ့ပွဲလေးကို ပရဟိတမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့တဲ့ The Voice Myamar ပြိုင်ပွဲဝင် G

The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သူ G ကတော့ ပြီးခဲ့တဲ့အပတ်က Battle Round မှာ Rဇာနည် Steal လုပ်ခြင်းခံခဲ့ရပြီး နောက်တစ်ဆင့်တက်လှမ်းခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ G ကတော့ ကိုဗစ်ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ လုပ်အားပေးတာဝန်ထမ်းဆောင်နေတာ ခုနှစ်လခန့်ရှိနေပြီဖြစ်ပြီး ရိုးသားဖြူစင်ပြီး ပကာသနမရှိတဲ့ G ရဲ့ပုံစံလေးကြောင့် ချစ်သူခင်သူပရိသတ်တွေ များစွာရရှိနေပြီ ဆိုရင်လည်း မမှားပါဘူး။ ဒီနေ့မှာလည်း G ကတော့ ကိုဗစ်ကာလကို ပရဟိတလုပ်ရင်းဖြတ်သန်းနေသူ ဟာသသရုပ်ဆောင်ဗေဒါရဲ့ မွေးနေ့ပွဲလေးကို ပရဟိတမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာပြန်ပါတယ်။ G ကိုယ်တိုင်လည်း သူ့ရဲ့ဒီနှစ်မွေးနေ့ကို ပရဟိတမောင်နှမတွေနဲ့ပဲ ပျော်ရွှင်စရာဖြတ်သန်းခဲ့သလို ဦးဗေဒါရဲ့မွေးနေ့လေးမှာလည်း ပရဟိတမောင်နှမတွေနဲ့ ပျော်ရွှင်စွာ သွားရောက်အားဖြည့်ပေးခဲ့ကြတာ …

Read More »

နာမည်ကျော် Bangkok International Documentary Awards 2020 အခမ်းအနားကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုဒိုင်အနေနဲ့ ပါဝင်ခွင့်ရခဲ့တဲ့ ဝတ်မှုန်ရွှေရည်

အနုပညာသက်ရင့်လာတာနဲ့အမျှ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို တစ်စထက်တစ်စသိမ်းပိုက်လာနိုင်တဲ့ မြန်မာအမျိုးသမီးအနုပညာရှင်ကတော့ ဝတ်မှုန်ရွှေရည်ပါ။ ကစ်ရဲ့အနုပညာနဲ့ အလှအပတွေကို နိုင်ငံတကာက လက်ခံချီးကျူးထားကြသလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် Asia Model Creative Awards မှာလည်း The Only Mom ဇာတ်ကားနဲ့ Regional Winner ဖြစ်ခဲ့သူတစ်ယောက်ပါ။ အားပေးနေတဲ့ပရိသတ်ကြီးဂုဏ်ယူရအောင် အမြဲကြိုးစားနေတဲ့ကစ်ကတော့ ဒီနေ့မှာဝမ်းသာစရာသတင်းကကောင်းလေးတစ်ခုကို မျှဝေပေးလာပါတယ်။ အဲ့ဒါကတော့ လာမယ့် ဒီဇင်ဘာလ (၁၇) ရက်နေ့မှာကျင်းပမယ့် နာမည်ကျော် Bangkok International Documentary Awards 2020 အခမ်းအနားကြီးမှာ ကစ်ကို မြန်မာနိုင်ငံကိုယ်စားပြု အကဲဖြတ်ဒိုင်တစ်ယောက်အနေနဲ့ ဖိတ်ကြားခံခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအခမ်းအနားကြီးမှာတော့ ဥရောပ၊ အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ …

Read More »

အင်းစိန်အကျဉ်းထောင်ဆေးရုံအတွက် သိန်း (၅၀)ခန့်တန်ဖိုးရှိ ကိုဗစ်လူနာကုသရေးပစ္စည်းများ လှူဒါန်းသွားမယ့် ရဲတိုက်

ပရိသတ်တွေနဲ့ အတော်ကြာအောင် အလှမ်းဝေးနေတဲ့ သရုပ်ဆောင် ရဲတိုက်ကတော့ သူ့ရဲ့ ရဲတိုက်ဖောင်ဒေးရှင်း နဲ့အတူ အလှူလေးတစ်ခု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ် ။ ကိုဗစ် ကာကွယ်ကုသရေးအတွက် လိုအပ်တာတွေကို တတ်နိုင်သလောက် လှူဒါန်းသွားမှာပဲဖြစ်ပါတယ် ။ ရဲတိုက်ဖောင်ဒေးရှင်းရဲ့အလှူ အဖြစ် အင်းစိန်အကျဉ်းထောင်ဆေးရုံအတွက် ကိုဗစ်လူနာရှိလာခဲ့ရင်အဆင်သင့်ကုသနိုင်ဖို့လူနာ (၁၁)ဦး ကို တပြိုင်တည်းအောက်စီဂျင်ပေးကုသပေးနိုင်မယ့် အောက်စီဂျင်ပိုက်သွယ်တန်းခြင်း ၊အထူးကြပ်မတ်စောင့်ကြည့်ကုသနိုင်ရန်အတွက် အောက်စီဂျင်ရရှိမှုတိုင်းတာတဲ့ စက် ၊မော်နီတာ ၊စသည့် ပစ္စည်းများစုစုပေါင်းကျပ် သိန်း(၅၀) ခန့်ကို တပ်ဆင်လှူဒါန်းရန်စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ် ။   ရဲတိုက်ဖောင်ဒေးရှင်းကိုအလှူငွေထည့်ဝင်ခဲ့ကြတဲ့ ရန်ကုန် မန္တလေးနဲ့ တစ်နိုင်ငံလုံးမှ ပရိတ်သတ်များကို သာဓုခေါ်ဆိုနိုင်ကြဖို့ အတွက် ရဲတိုက်ဖောင်ဒေးရှင်းကနေတဆင့် လေးစားစွာအသိပေး ကြေညာခဲ့တာပဲဖြစ်ပါတယ် ။ ရဲတိုက်ရဲ့ ချစ်ပရိသတ်ကြီးလည်း …

Read More »

ဂျိမ်းစ်ဂျိုကာဇာတ်လမ်းတွဲရဲ ဒါရိုက်တာ ပြည်ဟိန်းသီဟနဲ့ သရုပ်ဆောင် ကျော်ထူးကို သွားရောက်ကန်တော့ခဲ့တဲ့ ဂျိုကာ

ဂျိမ်းစ် ဂျိုကာဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဂျိမ်းစ်ဘွန်းကို အရမ်းကြိုက်တဲ့ စုံထောက်ရူး ၊ ဂျိမ်းစ်ဘွန်းကာရိုက်တာ ကို ရူးတဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ် ဂျိုကာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတာဖြစ်ပြီး ဂျိုကာ၊ ကျော်ထူး၊ အုန်းသီး၊ စိန်သီး၊ စိုပြေ၊ စံလင်း၊ ချက်ကြီး၊ မိုးသဲနဲ့ 7+ အဖွဲ့သားတွေလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။ ဟာသလေးတွေပါတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်လို့ ပရိသတ်တွေက အကြိုက်တွေ့ခဲ့ကြပြီး ဂျိုကာက အဓိက သရုပ်ဆောင်အဖြစ်ပထမဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းဆိုလည်းမမှားပါဘူးနော် ။ လတ်တလောမှာတော့ ဂျိမ်းစ်ဂျိုကာဇာတ်လမ်းတွဲရဲ့Directorကြီးနဲ့ လေးလေးဖြစ်သူ လေးထူးတို့ကို ဂါရဝတရားရှေ့ထားပြီးသီတင်းကျွတ်ကာလလေးမှာသွားရောက်ကန်တော့ခဲ့ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ဆရာသမားတွေကို သွားရောက်ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကို ဂျိုကာက …

Read More »

မရိုတတ်ဘူးလို့ ထင်နေတဲ့ ပရိသတ်တွေကို ပြန်လည်ဖြေရှင်းခဲ့တဲ့ စိန်ဖြိုးလှိုင်

ပရိသတ်တွေ မောင်ဆိုတဲ့ မင်းသားလေးအဖြစ် သိခဲ့တဲ့ စိန်ဖြိုးလှိုင်ကတော့ မင်းသမီးချောလေး ရီရီပွင့်ဖြူကတော့ ပရိသတ်တွေ အားကျရတဲ့ဆယ်လီအနုပညာရှင်စုံတွဲပါ ။ မကြာသေးမီကမှ ရီရီပွင့်ဖြူက ရိုမန့်မဆန်တတ်တဲ့ ချစ်သူ စိန်ဖြိုးလှိုင်ရဲ့အကြောင်းကို ပရိသတ်တွေကို ဝေမျှခဲ့တဲ့အတွက် ပရိသတ်တွေက ဒေါက်တာစိန်တစ်ယောက် မရိုတတ်ဘူးလို့ သတ်မှတ်ခဲ့ကြပါတယ် ။   ပရိသတ်တွေ မရိုတတ်ဘူးလို့ ထင်နေတဲ့ ဒေါက်တာ စိန်ကတော့ Relationship တိုင်းက သူ့နည်းသူဟန်နဲ့ အချစ်ကိုဖော်ပြကြတာချည်းပါပဲ မ Ro ဘူး ဆိုရင်တောင်အဲ့ဒါ Ro နည်းတမျိုးပါပဲ လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ ကိုယ်မှအချစ်ခံနေရတယ်လို့ ထင်နေတာဟာ မှားတယ်.လို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။   စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ …

Read More »