Cele News

ဖြုတ်မပစ်ရက်လောက်အောင် ကောင်းလွန်းလို့ ဒိုင်တွေ Save လုပ်လိုက်ရတဲ့ The Voice Myanmar ပြိုင်ပွဲဝင်နှစ်ဦး

နှစ်စဉ် အဆိုဝါသနာရှင်လူငယ်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့The Voice Myanmar ပြိုင်ပွဲကြီးကတော့ အခုဆို Season (3) Battle ပြိုင်ပွဲကိုရောက်ရှိလာခဲ့ပါပြီ ။ Blind Auditions မှာ ဒိုင်တွေ သဘောကျရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ (၂) ယောက်တွဲ ယှဉ်ပြိုင်ခဲ့တဲ့ ထဲမှာ ဒိုင်တွေ ဖြုတ်မပစ်ရက်လောက်အောင် ကောင်းလွန်းလို့ Save လုပ်လိုက်ရတဲ့ ပြိုင်ပွဲဝင်နှစ်ဦး ပေါ်ထွက်လာခဲ့ပါတယ် ။ ဒိုင်တွေ Save လိုက်တဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ကတော့ Team R Zar Ni အဖွဲ့က နော်ပြည့်စုံအေးကြူ နဲ့ Team Ni Ni အဖွဲ့က ဇာနည် တို့နှစ်ယောက်ပဲဖြစ်ပါတယ် ။ Team Ni …

Read More »

Annie ရဲ့ အမာခံပရိသတ်တွေ ကြေကွဲခဲ့ရတဲ့ The Voice Myanmar Battle ည

ကိုဗစ်ကာလအတွင်း ပြည်သူလူထုအတွက် ဘဝအမောဖြေဖျောက်စရာအစီအစဉ်တစ်ခုအဖြစ် ထုတ်လွှင့်ပြသလာတဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ Blind Audition အပတ်စဉ်တွေပြသခဲ့ပြီးနောက် ဒီနေ့ညမှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်ချင်း ယှဉ်ပြိုင်ရတဲ့ Battle Round ပထမဆုံးထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ထဲက ပြိုင်ပွဲဝင်နှစ်ယောက် သီဆို battle ပြိုင်ရတဲ့ပွဲမို့ နှစ်ယောက်ထဲကတစ်ယောက်ကတော့ နောက်ထပ် သူ့ကို Steal လုပ်မယ့်ဒိုင်သာမရှိခဲ့ဘူးဆိုရင် ပြိုင်ပွဲကို နှုတ်ဆက်ထွက်ခွာသွားရမှာဖြစ်ပါတယ်။ ဒီနေ့ ည Battle Night ရဲ့နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေက ပရိသတ်ကိုစိတ်မကောင်းဖြစ်စေခဲ့ဆုံးသူကတော့ Annie ပါ။ Annie ကတော့ Season-3 ပြိုင်ပွဲရဲ့ Blind Audition အဆင့်ကို ကိုဌက်ရဲ့ သီချင်းလေးကို သီဆိုပြီး ပထမဆုံးဖြတ်ကျော်နိုင်ခဲ့တဲ့သူပါ။ …

Read More »

ဒီနေ့ည Battle Round မှာ တလက်လက်ထနေတဲ့ အနက်ရောင်ဝတ်စုံနဲ့ တွေ့မြင်ရမယ့် နီနီခင်ဇော်

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အမျိုးသမီးအဆိုရှင်တစ်ယောက်ဖြစ်သူ နီနီခင်ဇော်ကတော့ အမိုက်စားအသံရှင်ပိုင်ရှင်တစ်ယောက်ဖြစ်ရုံမက ဖက်ရှင်ပိုင်းကိုလည်း သေချာဂရုစိုက်ဝတ်ဆင်တတ်သူတစ်ယောက်ပါ။ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးသီချင်းဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ဒိုင်အဖြစ် သုံးနှစ်ဆက်တိုက် ဆောင်ရွက်နေရသူလည်း ဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကာလမှာ ပြန်လည်စတင်နေပြီဖြစ်တဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Blind Audition မှာတော့ နီနီကို နီနီခင်ဇော်ဆိုတဲ့နာမည်လေးအတိုင်း ပေါ့ပါးပြီး အမိုက်စားပေါ်လွင်နေတဲ့ အနီရောင်အင်္ကျီလေးနဲ့တွေ့မြင်ခဲ့ရမှာဖြစ်ပြီး ဒီနေ့ည Battle Round မှာ ဘယ်လိုဖက်ရှင်မျိုးနဲ့ တွေ့မြင်ရမလဲဆိုတာတော့ ပရိသတ်ကြီးလည်း စိတ်ဝင်စားနေလောက်ပြီလို့ ထင်ပါတယ်နော်။ နီနီကတော့ ဒီနေ့ညပြိုင်ပွဲမှာ တွေ့ရမယ့်နီနီရဲ့ပုံစံလေးကို ဗွီဒီယိုလေးနဲ့မျှဝေပြီး Battle Round ပြိုင်ပွဲကြီးကို စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်လာပါတယ်။ စိန်ပွင့်တွေနဲ့ …

Read More »

နေ့စဉ်အလှူလေးကို မှန်းထားတာထက် ဆယ်ဆပိုလှူပေးခဲ့တဲ့ စမိုင်းလ်

အလှူအတန်းဆို လက်မနှေးတတ်သူ စမိုင်းလ်ကတော့ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ တတ်အားသရွေ့ကူညီနေသလို အခုအောက်တိုဘာလကလည်း ခင်ပွန်းဖြစ်သူကိုပြည့်မောင်ရဲ့မွေးလဖြစ်တာကြောင့် လအစကတည်းက ထောက်ပံ့ကူညီမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ နေ့စဉ်အလှူအဖြစ် သူ့ကိုအကူအညီလာတောင်းကြသူတွေထဲက တစ်ယောက်ကိုရွေးချယ်ပြီး တစ်သိန်းလှူဒါန်းမှုကို ကိုပြည့်မောင်ရဲ့မွေးနေ့ (၂၂) နေ့အထိ နေ့စဉ်လှူဒါန်းပေးသွားဖို့ရည်ရွယ်ထားသလို အခြားလိုအပ်တဲ့နေရာတွေမှာလည်း အဆင်ပြေသလို လှူဒါန်းပေးနေပါတယ်။ နေ့စဉ်လှူဒါန်းပေးမှုကိုတော့ တစ်သိန်းသတ်မှတ်ထားပေမယ့်လည်း မနေ့ကတော့ နှစ်ယောက်လှူဒါန်းပေးခဲ့သလို ဒီနေ့မှာလည်း သတ်မှတ်ထားတာထက် ဆယ်ဆ ပိုလှူပေးဖြစ်ခဲ့ကြောင်း မျှဝေလာပါတယ်။ ဒီနေ့အတွက်လှူဒါန်းမှုကိုတော့ သန်လျင်မြို့နယ် သဘာဝဘိုးဘွားရိပ်သာကိုရွေးချယ်ခဲ့တာဖြစ်ပြီး ရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေအတွက် တစ်သိန်းနဲ့မလောက်နိုင်မှန်းသိလို့ (၁၀) သိန်းလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အဖွားရှိသူမို့ ကိုယ်ချင်းစာစိတ်နဲ့ လှူဒါန်းပေးခဲ့တာဖြစ်ပြီး ဘိုးဘွားများ အဆင်ပြေစေဖို့လည်း ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။ စမိုင်းလ်ကတော့ သူ့ရဲ့နေ့စဉ်အလှူကို တစ်ယောက်သာသတ်မှတ်ထားပေးမယ့် အတတ်နိုင်ဆုံး အလှူခံရဲ့အခြေအနေကိုကြည့်ပြီး …

Read More »

မငွေသိမ်း လျှာအရင်းမြတ်စေဖို့ ကိုယ်တိုင်ချက်ပြုတ်ကျွေးနေတဲ့ ခင်လှိုင်

နှစ်ပေါင်းကြာရှည်စွာ အောင်မြင်တဲ့ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ခင်လှိုင်ကတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပါ။ ခင်လှိုင်တို့ဇနီးမောင်နှံကတော့ နားလည်မှုရှိရှိနဲ့ နှစ်ပေါင်းများစွာသာယာတဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်နိုင်ခဲ့သလို သားသမီးတွေကလည်း စည်းကမ်းရှိပြီး မိဘအပေါ်သိတတ်တာမို့ ပျော်စရာကောင်းတဲ့မိသားစုလေးလို့ ဆိုရမှာပါ။ မိသားစုကြီးအဖြစ် တစ်အိမ်ထဲမှာ စည်းစည်းလုံးလုံးစုပြီး နေကြသလို မကြာခဏဆိုသလိုလည်း ပျော်ရွှင်စရာမိသားစုအချိန်လေးတွေကို ပရိသတ်ကိုပါ မျှဝေပေးလေ့ရှိပါတယ်။ ခင်လှိုင်ကတော့ ရှာရသမျှငွေ အကုန်သိမ်းလေ့ရှိတဲ့ ဇနီးဖြစ်သူကို မငွေသိမ်းလို့ချစ်စနိုးနဲ့ခေါ်လေ့ရှိသလို ဒီနေ့မှာတော့ ချစ်ဇနီးလေး ထမင်းစားမြိန်စေဖို့ ကိုယ်တိုင်မီးဖိုချောင်ဝင်နေကြောင်း မျှဝေလာပါတယ်။ ခင်လှိုင်ကတော့ ချက်ပြုတ်ရေးမှာလည်း ပါရမီပါသူဖြစ်ပြီး အခုလိုကိုဗစ်ကာလအလုပ်တွေရပ်နားထားရချိန်မှာလည်း မအားကြောင်းကို ” အလုပ်နားပေမယ့် ..ကျွန်တော်မအားပါ ခင်ဗျာ… မငွေသိမ်း လျှာအရင်းမြက်စေဖို့ ဘာဟင်းချက်မယ်ထင်ပါသလဲ” ဆိုတဲ့စာသားလေးနဲ့အတူ မီးဖိုချောင်မှာ စာဖိုမှူးကြီးလုပ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဦးခင်လှိုင်ကတော့ …

Read More »

ဆေးရုံတက်နေစဉ် ဝိုင်းကူပေးခဲ့တဲ့ကြောင့် ဧရာဝတီစင်တာကပေးတဲ့ အသိမှတ်ပြုလက်ဆောင်လေးရခဲ့တဲ့ စိန်ဖြိုးလှိုင်

စိန်ဖြိုးလှိုင်ကတော့ တူ၊တူမလေးတွေနဲ့အတူ Quaratine ဝင်ပေးရင်း Positive ထွက်ခဲ့တာကြောင့် ဧရာဝတီစင်တာမှာ ပြောင်းရွေ့ကုသခံခဲ့ရသူပါ။ ဧရာဝတီစင်တာမှာ (၁၁) ရက်ကြာ Quarantine ဝင်ခဲ့ပြီး မနေ့ကတော့ အိမ်ပြန်လို့ ရခဲ့ပြီဖြစ်ပါတယ်။ ဧရာဝတီစင်တာမှာ နေထိုင်စဉ်ကာလအတွင်းမှာလည်း Positive သာထွက်ခဲ့ပေမယ့် ကျန်းမာရေးကောင်းသူတစ်ယောက်မို့ အစစအရာရာကူညီပေးခဲ့ရုံသာမက ပရိသတ်ကြီးကိုလည်း သူ့ရဲ့အတွေ့အကြုံလေးတွေကို ဗွီဒီယိုလေးတွေနဲ့ မျှဝေပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ဧရာဝတီစင်တာကပေးတဲ့ အသိမှတ်ပြုလက်ဆောင်လေးရခဲ့ကြောင်း မျှဝေလာပါတယ်။ “ကျွန်တော်ဆေးရုံတက်စဉ် ဝိုင်းကူပေးခဲ့တာကြောင့် ဧရာဝတီဖောင်ဒေးရှင်းကနေ ဒီ နာမည်ထိုးထားတဲ့အင်္ကျီလက်ဆောင်လေး ပို့ပေးလာပါတယ်… တကယ်တော့ ကျွန်တော်လုပ်ပေးခဲ့တာ မပြောပလောက်ပါဘူး..ဒါပေမယ့် ခုလို အသိမှတ်ပြုခံရတော့ တကယ်ကို surprise ပါပဲ..အရမ်းဝမ်းသာမိပါတယ်…စီစဉ်ပေးတဲ့ အန်တီမြတ်မြတ်ဦးကိုလည်းကျေးဇူးပါ” ဆိုပြီး သူရရှိခဲ့တဲ့လက်ဆောင်လေးကို မျှဝေခဲ့ပါတယ်။ ဒါ့အပြင် အင်္ကျီလက်ဆောင်လေးကို …

Read More »

လိမ္မာလွန်းတဲ့သမီးလေးထရက်ရှာကို ကြည့်ပြီး အချစ်ပိုနေရတဲ့ မေမေစန္ဒီမြင့်လွင်

ပရိသတ်ရဲ့အချစ်တော် Rapper မလေး စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီးကတည်းက မိသားစုကိုပဲအချိန်ပေးရင်း ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်နေသူပါ။ အားပေးနေတဲ့ပရိသတ်တွေအတွက် သီချင်းတွေပြန်လည်ချပြနိုင်ဖို့လည်း ကြိုးစားနေပြီး မကြာသေးခင်ကမှ စိုးသူနဲ့ အတူ သီဆိုထားတဲ့ စုံတွဲသီချင်းလေးတစ်ပုဒ် ထွက်ရှိနိုင်ခဲ့ပါသေးတယ်။ လတ်တလောကိုဗစ်ကာလမှာတော့ အိမ်မှာပဲနေရင်း သမီးဖြစ်သူထရက်ရှာလေးနဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးလျက်ရှိတဲ့အပြင် ပရိသတ်ကြီးကိုလည်း နေ့စဉ်နီးပါး ဗွီဒီယိုလေးတွေနဲ့ မျှဝေပေးနေပါတယ်။ ဒီနေ့မှာတော့ သင်ယူလွယ်နေပြီဖြစ်တဲ့ထရက်ရှာလေး မေမေပြောသမျှလိုက်လုပ်တတ်နေပြီဖြစ်ကြောင်း ” လက်ပိုက်ပါထရက်ရှာ…. လက်ပိုက်ဆိုလဲပိုက် မေမေ့ဆီလာဆိုလည်း လာနေပြီ အတတ်ကလေးဖြစ်နေပြီ ” ဆိုပြီး ဗွီဒီယိုလေးနဲ့ မျှဝေလာပါတယ်။ ထရက်ရှာလေးကတော့ နေ့စဉ်နေ့တိုင်း မေမေ့ရဲ့သင်ကြားထိန်းကျောင်းမှုကို ခံနေရတဲ့ကလေးလေးမို့ အခုဆို တော်တော်တောင် တတ်နေပါပြီတဲ့ ပရိသတ်ကြီးရေ.. ချစ်ဖို့ကောင်းအောင် တစ်တုတ်ပြီး မေမေ့စကားအတိုင်း …

Read More »

မင်းသားတစ်ယောက်ကို ပန်းစည်းလက်ဆောင်ပေးမိလို့ ပြန်လည်ဖြေရှင်းလိုက်ရတဲ့ Ar-T

ပရိသတ်ကြီးရေ .. အနုပညာကိုချစ်မြတ်နိုးပြီး ပရိသတ်တွေအတွက်အကောင်းဆုံး ဖန်တီးမှုတွေနဲ့ အမြဲကြိုးစားနေသူကတော့ အဆိုတော် အားတီပဲ ဖြစ်ပါတယ် ။ အားတီ ရဲ့ သီချင်းတွေဟာ ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားပြီး Joox ရဲ့ Top 10 နေရာမှာ အမြဲနေရာယူနေခဲ့တာပါ ။ သူရိုက်ကူး တဲ့ Music Video တွေကလည်း ပရိသတ်တွေ အရမ်းကို အားပေးကြမ်းခဲ့တာပါ ။   သူ့ရဲ့နေ့စဉ်ဖြတ်သန်းမှု ပုံရိပ်တွေကို ပရိသတ်တွေအတွက် အမြဲမျှဝေပေးနေတဲ့ အားတီကတော့ လတ်တလောမှာ မင်းသားတစ်ယောက်ကို မွေးနေ့လက်ဆောင် ပန်းစည်းပေးမိတဲ့အတွက် အတော်လေး ဖြေရှင်းလိုက်ရတယ်လို့ဆိုပါတယ် ။ ” ကိုယ့် Family ထဲက မင်းသားမွေးနေ့မို့ …

Read More »

လူပြောများနေတဲ့ ကြော်ငြာနဲ့ပတ်သက်ပြီး Blame သမျှကိုကျေကျေနပ်နပ်ကြီးခံယူသွားမယ်ဆိုတဲ့ အေးမင်းဟိန်း

ပရိသတ်တွေကို ဟာသတွေ အမြဲတင်ဆက်ပေးပြီး video reaction တွေပြုလုပ်ပြီး ရယ်မောပျော်ရွှင်စေတဲ့ ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ဖြစ်တဲ့ အေးမင်းဟိန်းကတော့ လတ်တလောမှာ ပရိသတ်တွေကြားမှာအတော်လေး ဝေဖန်မှုပြင်းထန်နေတဲ့ကြော်ငြာမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ် ။ ဒီ ကြော်ငြာ ဗီဒီယိုကြောင့် သူ့အတွက် ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရတာပါ ။ ဒါကြောင့် အေးမင်းဟိန်းက သူ့ကို အားပေးတဲ့ထဲက လူကြီး လူငယ် ကလေးတွေအတွက် မသင့်တော်တဲ့ အသုံးအနှုန်းတွေ ရွံ့စရာအမူအရာတွေ နဲ့ ပြောမိဆိုမိခဲ့ရင် ဒီကပဲတောင်းပန်အပ်ပါတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ တောင်းပန်ကြောင်းရေးသားခဲ့ပါတယ် ။   သူ ကိုယ်တိုင်လည်း တစ်ခါတစ်လေ မိန်းကလေးလို့ ဝတ်ပြီးသရုပ်ဆောင်နေတဲ့ အတွက် မိန်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ abuse လုပ်တာမျိုး …

Read More »

မင်းသွေးကွယ်လွန်ခြင်း (၂)ပြည့်အနေနဲ့ ချစ်သူကောင်မလေးက ရိုက်ကူးခဲ့တဲ့ Video လေး

ပရိသတ်ကြီးရေ ပရိသတ်ချစ်ရတဲ့ သရုပ်ဆောင် မင်းသွေးတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားခဲ့အခုဆို (၂) ပြည့်ခဲ့ပြီ ဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးနဲ့ ချစ်ရတဲ့ မိသားစု ၊မောင်နှမ ၊ သူငယ်ချင်းတွေကို ထားသွားခဲ့တာ (၂) နှစ်တောင်ပြည့်ခဲ့ပြီဖြစ်ပြီး အားလုံးက လွမ်းဆွတ်သတိရကြောင်း စာလေးတွေ ကို လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့ကြပါတယ် ။ ဒီနေ့ဟာ ကျွန်တော်တို့အားလုံးကို မင်းသွေးနှုတ်မဆက်ပဲထွက်သွားခဲ့တာ၂နှစ်ပြည့်ခဲ့ပါပြီ မတည်မြဲခြင်းဆိုတဲ့သင်္ခါရတရားကို သူလုပ်ခဲ့တဲ့အနုပညာနဲ့ပြသထားတဲ့ MV လေးကို မင်းသွေးရဲ့ပရိသတ်များအားလုံးအတွက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ မင်းသွေးအမှတ်တရ Video လေးကို နေတိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။ ထူးခြားတာကတော့ ဒီ Video လေးကို မင်းသွေးရဲ့ချစ်သူ ကောင်မလေး ကိုယ်တိုင် သရုပ်ဆောင်ထားပြီး မင်းသွေးရဲ့အုတ်ဂူလေးဆီကို …

Read More »