International Cele

ဇာတ်လမ်းတွဲအသစ်အတွက် ဇာတ်ညွှန်းဖတ်ကာပြင်ဆင်နေပြီဖြစ်တဲ့ Ji Chang Wook နဲ့ Kim Ji Won

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်တွေဖြစ်သလို မြန်မာပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ Ji Chang Wook နဲ့ Kim Ji Wonတို့ကတော့ ဇာတ်လမ်းတွဲအသစ်နဲ့အတူ ပရိသတ်တွေဆီရောက်ရှိလာဦးမှာပါ။ ပရိသတ်တွေရင်ခုန်နေတဲ့ဇာတ်လမ်းတွဲကတော့ “City Couple’s Way of Love”ဖြစ်ပြီး KakaoTVကနေပြီးတော့ ထုတ်လွှင့်ပြသသွားမှာပါ။ ဒီဇာတ်လမ်းတွဲမှာ Ji Chang Wook ကတော့ ရိုးသားပြီး မိမိအလုပ်ကို ချစ်မြတ်နိုးတဲ့ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး နွေရာသီရဲ့ညတစ်ညမှာမထင်မှတ်ဘဲတွေ့ဆုံခဲ့ပြီးမိန်းကလေးတစ်ဦးကို မေ့မရဖြစ်နေသူတစ်ယောက်ပါ။ Kim Ji Wonကတော့ အလွတ်တန်း Marketer တစ်ယောက်ဖြစ်ပြီး လွတ်လပ်စွာရပ်တည်ရတာကိုကြိုက်တဲ့ ရဲရင့်ထက်မြက်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ပါဝင်ထားတာပါ။ ထူခြားဆန်းကြယ်တဲ့နေရာမှာတွေ့ဆုံကြမယ့် သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုကနေပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ ဒီဇင်ဘာလမှာစတင်ထုတ်လွှင့်ပြသတော့မှာဖြစ်တာကြောင့် သိပ်ပြီးတော့မကြာတော့ပါဘူးနော်။ ဒီနေ့မှာတော့ ဇာတ်ညွှန်းဖတ်နေကြတဲ့ သရုပ်ဆောင်တွေရဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါပြီ။ Source : soompi

Read More »

Netflix ဒရမ်မာဇာတ်ကားအသစ်နဲ့အတူ ပရိသတ်တွေပြန်လည်မြင်တွေ့ရမယ့် Kim Soo Hyun

Kim Soo Hyun ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်သလို သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေက စောင့်မျှော်နေကြတာပါ။ မကြာသေးခင်ကတော့ “It’s Okay To Not Be Okay” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီးစီးသွားခဲ့ပြီး ပရိသတ်တွေစိတ်ကျေနပ်မှုများစွာရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့နိုဝင်ဘာလ(၆)ရက်နေ့မှာတော့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ “Finger” နဲ့အတူပရိသတ်တွေဆီကိုပြန်လာတော့မယ့်သတင်းထွက်ရှိလာတာပါ။ ဒီဇာတ်လမ်းတွဲကတော့ “American Psycho” ဇာတ်ကားကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Netflix ကနေပြသသွားမယ့် စီးရီးတစ်ခုလို့လည်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Kim Soo Hyun ဟာ နာမည်ကြီးတဲ့ interior designer တစ်ယောက်ဖြစ်ပြီး အတွင်းမှာတော့ လျှို့ဝှက်စွာဖုံးကွယ်ထားတဲ့ sociopath killer တစ်ယောက်အနေနဲ့ သရုပ်ဆောင်သွားမှာပါ။ ဒီလိုဇာတ်ကားကောင်းနဲ့အတူ Kim Soo Hyun …

Read More »

Start – up ဇာတ်လမ်းတွဲနဲ့အတူ မဒီလေးတွေကြားရေပန်းစားနေပြန်တဲ့ မင်းသားKim Seon Ho

လက်ရှိအချိန်မှာတော့ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတစ်ခုကတော့ Start – up ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ပရိသတ်အချစ်တော် Bae Suzy နဲ့ Nam Joo-Hyuk တို့ပါဝင်ထားပြီး ကိုယ်ပိုင်လုပ်ငန်းနဲ့အောင်မြင်ဖို့အတွက်ကြိုးစားကြတဲ့ လူငယ်လေးတွေအကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ နောက်ထပ်ဒုတိယဇာတ်ဆောင်အနေနဲ့ပါဝင်ထားတဲ့မင်းသားကတော့ Kim Seon Ho ဖြစ်ပါတယ်။ ပါးချိုင့်လေးနဲ့အတူ အပြုံးချိုချိုလေးတွေပိုင်ဆိုင်ထားတဲ့ မင်းသားကတော့ မဒီလေးတွေကြားရေပန်းစားနေပြန်တာပါ။ သူ့ရဲ့အသက်ကတော့ (၃၄)နှစ်ရှိပြီဖြစ်ပြီး (၂၀၀၉) ခုနှစ်ကတည်းက အနုပညာအလုပ်ကိုလုပ်ကိုင်ခဲ့တာကြောင့် ဇာတ်လမ်းတွဲတော်တော်များများမှာပါဝင်သရုပ်ဆောင်ဖူးပါတယ်။ “100 Days My Prince” “Two Cops” နဲ့ မကြာသေးခင်ကထွက်ရှိထားတဲ့ “Find Me in Your” Memory စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေသတိထားမိကြမှာပါ။ …

Read More »

ထိပ်တန်းမင်းသားPark Seo Joon နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မေမြတ်နိုး

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မေမြတ်နိုးကတော့ Park Seo Joonနဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ မေကတော့ Park Seo Joon နဲ့အတူ ကြော်ငြာတစ်ခုကိုရိုက်ကူးခွင့်ရခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီဗီဒီယိုလေးကို Park Seo Joonရဲ့ဖေ့ဘွတ်ခ်ကနေပြီးတော့ မျှဝေခဲ့သလို မေမြတ်နိုးကလည်း Surprise ဆိုပြီးတော့ ပြန်လည်မျှဝေခဲ့ပါတယ်။ မေမြတ်နိုးကတော့ Miss Asia Pacific World တစ်ယောက်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံးသရဖူသယ်လာခဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် Asia Next Top Model ပြိုင်ပွဲကြီးရဲ့ 4th season မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ပထမဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top -7 …

Read More »

အိမ်မက်တွေနောက်လိုက်မယ့်လူငယ်တွေအတွက် စိတ်ခွန်အားရစေခဲ့တဲ့ Record of Youth ဇာတ်လမ်းတွဲ

လက်ရှိမှာပရိသတ်တွေကြားရေပန်းစားနေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကတော့ Record of Youth ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ tvN ရုပ်သံလိုင်းကပြသတာဖြစ်ပြီး မင်းသားချော Park Bo Gum နဲ့မင်းသမီး Park So Dam တို့အပြင် မင်းသား Byeon Woo-Seok လည်းပါဝင်ထားတာပါ။ Park Bo Gum ကတော့ မိဘဖြစ်သူကဆင်းရဲပေမယ့် အောင်မြင်တဲ့သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့ကြိုးစားနေတဲ့ မော်ဒယ်လ်တစ်ယောက်ပါ။ ဒါ့အပြင် Park So Damကလည်း မိတ်ကပ်ပညာရှင် ၊ Byeon Woo-Seok ကလည်း မော်ဒယ်လ်တစ်ဦးစသဖြင့် ကိုယ့်ရဲ့careerလမ်းကြောင်းပေါ်မှာ အောင်မြင်အောင်ကြိုးစားနေကြသူတွေပါ။ သူတို့တွေရဲ့ဘဝတွေကို အကောင်းဆုံးပုံဖော်ပြီး ရိုက်ကူးသွားခဲ့တဲ့ဒီဇာတ်လမ်းလေးကတော့ မနေ့ကတင်ဇာတ်သိမ်းပိုင်းအထိထုတ်လွှင့်ခဲ့ပါပြီ။ ဒီဇာတ်ကားလေးကလည်း ပရိသတ်ကြိုက်နှစ်သက်မှုများခဲ့သလို ဇာတ်သိမ်းပိုင်းလေးဟာလည်း ပရိသတ်တွေအတွက်ကြည်နူးစရာဖြစ်ခဲ့တဲ့ဇာတ်သိမ်းလေးလည်း …

Read More »

Global Drama တစ်ခုဖြစ်တဲ့ “Pachinko” ကို စတင်ရိုက်ကူးနေပြီဖြစ်တဲ့ လီမင်ဟို

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ လီမင်ဟိုကတော့ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေသည်သည်းလှုပ်အားပေးတဲ့မင်းသားတွေထဲကတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်မှုထမ်းပြီးနောက်ပထမဆုံးရိုက်ကူးခဲ့တဲ့ “The King :The Eternal Monarch” ဇာတ်လမ်းတွဲကလည်း အောင်မြင်ခဲ့ပြီး အခုလည်း ဇာတ်လမ်းတွဲအသစ်ထပ်မံထွက်ရှိလာဦးမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ Apple TV+ ကနေပြီးတော့ ပြသမယ့် Global Drama တစ်ခုဖြစ်တဲ့ “Pachinko” ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ လီမင်ဟိုဟာ ကိုရီးယားနိုင်ငံကနေပြီး ဂျပန်နိုင်ငံကိုရောက်ရှိခဲ့သူတစ်ဦးဖြစ်တဲ့ဟန်ဆုအနေနဲ့ပါဝင်ထားပါတယ်။ သူဟာ ချမ်းသာကြွယ်ဝပြီးသြဇာအာဏာကြီးမားတဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လျှို့ဝှက်ပြီးမှန်းဆရခက်တဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်။ ဒီဇာတ်ကားRomance လည်းပါဝင်မှာဖြစ်ပြီး အပိုင်းအနေနဲ့(၈)ပိုင်းပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းဟာနာမည်ကျော်ဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးတာဖြစ်ပြီး လီမင်ဟိုအနေနဲ့ ဒီဇာတ်လမ်းတွဲနဲ့အတူ ဟောလိဝုဒ်ပွဲမှာပွဲဦးထွက်မယ့်ဇာတ်ကားလည်း ဖြစ်လာမှာပါ။ ဒီဇာတ်ကား ကိုရိးယား၊ဂျပန်နဲ့ အမေရိကမှာ သွားရာက်ရိုက်ကူးမှာဖြစ်ပါတယ်။ အခုဆိုရင် တောင်ကိုရီးယားမှာစတင်ရိုက်ကူးနေပြီဖြစ်ပြီး ကနေဒါမှာလည်း သွားရောက်ရိုက်ကူးဦးမှာပါ။ ရိုက်ကွင်းတွေနဲ့အတူ …

Read More »

Gong Yoo ရဲ့အမာခံပရိသတ်ဖြစ်ပြီး မင်းသားကြောင့်ကိုရီးယားစကားတိုးတက်ခဲ့တဲ့အကြောင်းကိုပြောပြခဲ့တဲ့ Lisa

အနုပညာအရည်အချင်းအပြည့်ရှိသလိုချစ်စရာကောင်းတဲ့ Lisa ကတော့ အခုနှစ်တွေအတွင်းမှာ နာမည်ကျော်ကြားလာတဲ့ Blackpink အဖွဲ့ဝင် အိုင်ဒေါတစ်ယောက်လည်း ဖြစ်ပါတယ်။ Lisa ကတော့ ထိုင်းလူမျိုးဖြစ်ပေမဲ့ ကိုရီးယားဘာသာစကာားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာ ပရိသတ်တွေသိကြမှာပါ။ Lisa ကတော့ မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ JTBC ရဲ့ “Ask Us Anything” ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့ပြီး ကိုရီးယားဘာသာစကားကို တိုးတက်အောင်လုပ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေကိုကြည့်ပြီး ဘာသာစကားတိုးတက်အောင်လုပ်ခဲ့ပြီး “Goblin” ဇာတ်ကားကတော့ သူအကြိုက်ဆုံးလို့ ဆိုပါတယ်။ မကြာသေးခင်က ထပ်မံကြည့်ဖြစ်ခဲ့ပြီး ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ Gong Yoo ရဲ့ အမာခံပရိသတ်လို့ဆိုပါတယ်။ ဘာလို့ဒီလိုမျိုး Gong Yoo ရဲ့ ပရိသတ်ဖြစ်လာလဲဆိုတဲ့မေးခွန်းကိုတော့ Gong Yooဟာ သူသဘောကျတဲ့ပုံစံဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် အရပ်ရှည်တာကိုလည်း …

Read More »

အသက(၄၀)ပြည့်တော့မယ်လို့ထင်ရက်စရာမရှိအောင်လှနေတဲ့ ကိုရီးယားမင်းသမီးများ

တောင်ကိုရီးယားနိုင်ငံကအနုပညာရှင်တွေကတော့ အသားအရည်လှပကြသလို အသက်နဲ့မလိုက်အောင်နုနယ်ပျိုမျစ်ကြတာကြောင့်လည်း နာမည်ကြီးပါတယ်။ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေနာမည်ကြီးလာတာ ဆယ်စုနှစ်(၂) ခုကျော်ရှိပြီဖြစ်သလို အချို့မင်းသမီး၊မင်းသားတွေကတော့ အသက်ကြီးလာတယ်လို့မထင်ရအောင်နုနယ်လှပနေဆဲပါ။ အခုတစ်ခါမှာတော့ အသက်(၄၀)ပြည့်ကာနီးထိတောင်မှ လှပနေဆဲမင်းသမီး(၅)ဦးကိုဖော်ပြပေးလိုက်ပါတယ်။ ဒီမင်းသမီးတွေကတော့ (၁၉၈၂) ခုနှစ်ဖွားတွေဖြစ်ပြီး (၂၀၂၁) ခုနှစ်မှာတော့ အသက်(၄၀)ထဲကိုရောက်တော့မှာလည်း ဖြစ်ပါတယ်။ (၁) Son Ye Jin တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို မြန်မာပရိသတ်တွေရဲ့အသည်းကျော်လည်းဖြစ်တဲ့ Son Ye Jin ပါ။ (၂) Han Ji Min ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေသိကြတဲ့ Han Ji Min ကတော့ ကလေးတစ်ယော က်လိုချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး အသက်ထက်များစွာနုပျိုနေသူပါ။ (၃) Yoo In Na မြန်မာပရိသတ်တွေရဲ့အသည်းကျော်မင်းသမီးတစ်လက်လည်းဖြစ်ပြီး မကြာခင်မှာလည်း The Spies Who …

Read More »

Kim So Hyun နဲ့အတူ တွဲဖက်သရုပ်ဆောင်ဖို့အတွက် ဆွေးနွေးနေပြီဖြစ်တဲ့ မင်းသားချောJi Soo

ပရိသတ်အချစ်တော်မင်းသမီးချောလေး Kim So Hyun ဟာ သမိုင်းဒရမ်မာဇာတ်လမ်းတွဲမှာပါဝင်လာဦးမယ်ဆိုတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ ဇာတ်လမ်းတွဲနာမည်ကတော့” The River where the Moon Rise” ဖြစ်ပြီး သမိုင်းထဲက မင်းသမီးPyeonggang အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာအဓိကဇာတ်ဆောင်အနေနဲ့ မင်းသမီးနဲ့အတူပါဝင်သရုပ်ဆောင်ဖို့အတွက်ကမ်းလှမ်းခံထားရတာကတော့ မင်းသားချောJi Soo ပါ။ မင်းသားချော Ji Sooကတော့ ပရိသတ်အခိုင်အမာရထားတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ သူကတော့ အနုပညာလှုပ်ရှားမှုများစွာရှိခဲ့ပြီး မြန်မာပရိသတ်တွေကတော့ “Strong Girl Bong-soon” ဇာတ်ကားမှာ ရဲတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ “Moon Lovers: Scarlet Heart Ryeo” ဇာတ်လမ်းတွဲမှာလည်း မင်သား(၁၄)အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာကြောင့် ရင်းနှီးပြီးသားဖြစ်မှာပါ။ လက်ရှိမှာတော့ မင်းသားJi Soo ကို ဇာတ်လမ်းတွဲတွင်ပါဝင်ဖို့ …

Read More »

အားလုံးကိုလွမ်းဆွတ်သတိရစေခဲ့တဲ့ တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ Sulli ရဲ့သေဆုံးမှု

မနှစ်ကဒီလိုအချိန်မှာတော့ ပရိသတ်တွေရဲ့အချစ်တော် Sulli တစ်ယောက် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တဲ့သတင်းကိုသိခဲ့ရတာပါ။ အောက်တိုဘာလ(၁၄)ရက် (၂၀၁၉) ခုနှစ်မှာအသက်(၂၅)နှစ်အရွယ် အောင်မြင်နေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ကြယ်ပွင့်လေးဖြစ်တဲ့ Sulli ဟာနေအိမ်မှာ သေဆုံးနေခဲ့ပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ အခုဆိုရင်တော့ Sulli ရဲ့သေဆုံးမှုဟာတစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေကလွမ်းဆွတ်သတိရနေဆဲပါပဲ။ သူဟာ (၂၀၀၅) ခုနှစ်မှာSBS ရုပ်သံလိုင်းရဲ့သမိုင်းကြောင်းနောက်ခံဒရမ်မာဇာတ်ကားဖြစ်တဲ့ ‘Ballad of Seodong’ မှာ ကလေးသရုပ်ဆောင်အနေနဲ့ ပွဲဦးထွက်ခဲ့တာပါ။ အဲ့ဒီနောက် f(x) ရဲ့အဖွဲ့ဝင်အမျိုးသမီးအိုင်ဒေါတစ်ဦးအနေနဲ့ (၂၀၀၉) ခုနှစ်မှာစတင်လှုပ်ရှားခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၇) ခုနှစ်မှာ “Real” ဇာတ်ကားမှာ ထိပ်တန်းမင်းသား Kim Soohyun နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့ Sulli ရဲ့သေဆုံးမှုဟာ တောင်ကိုရီးယားအနုပညာလောကအတွက် အတော်လေးလှုတ်လှုတ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ အားလုံးကိုကျောခိုင်းသွားခဲ့တဲ့ Sulli …

Read More »