Uncategorized

ကြည့်ရှုသူတိုင်းရဲ့ ရင်ထဲကိုအေးမြစေတာကြောင့် ချီးကျူးနေခဲ့ရတဲ့ အိချောပိုရဲ့ ဗီဒီယိုလေး

ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုကတော့ ပရိသတ်တွေရဲ့အားပေးဖြစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ မြန်မာဆန်လွန်းလှပြီး အချိုးအစားလှပလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားကာ အိချောပိုကိုယ်တိုင်ကလည်း မြန်မာဝတ်စုံတွေကို အမြတ်တနိုးနဲ့ တန်ဖိုးထားပြီး ဝတ်ဆင်လေ့ရှိပါတယ်။ လတ်တလောမှာလည်း အိချောပိုက မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ နာမည်ကြီး အဆိုတော်ကြီးဖြစ်တဲ့ တေးရေးဆရာ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထူးအိမ်သင်ရဲ့ နာမည်ကြီး သီချင်းနှစ်ပုဒ်ကိုနောက်ခံထားပြီး ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ခေါင်းလောင်းလေးတွေမြည်နေပြီ” နဲ့ “တနေ့နေ့တော့ချစ်၍လာလိမ့်မည်” သီချင်း(၂)ပုဒ်ကို Cover ပြန်လည်သီဆိုထားတဲ့ သီချင်းလေးနဲ့ လိုက်ဖက်ညီစွာရိုက်ကူးထားခဲ့တာပါ။ သီချင်းလေးနဲ့ အညီ မြန်မာဆန်စွာ လိုက်ဖက်ညီအောင် ရိုက်ကူးထားခဲ့တဲ့ အိချောပိုရဲ့ ဗီဒီယိုလေးကတော့ ကြည့်ရှုရတဲ့ သူတွေအတွက် အေးချမ်းပြီး ကြည်နူးဖွယ်ကောင်းလွန်းလှတာကြောင့် လူကြီးလူငယ်ပရိသတ်မရွေးက …

Read More »

လမ်းမပေါ်က ပန်းရောင်းတဲ့သူတွေဘဝကို စာနာတဲ့အနေနဲ့ကိုယ်တိုင် ခဏတာ ဝင်ရောင်းခဲ့တဲ့ Sinon

ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် Sinon ကတော့ ပရဟိတ စိတ်အပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာခဏ ဆိုသလို အလှူအတန်းတွေပြုလုပ်တတ်ပြီး ကြင်နာမှုအပြည့်ရှိတဲ့ Sinon ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြပါတယ် ။ လတ်တလောမှာတော့ Sinon တစ်ယောက် လမ်းမပေါ်ကပန်းရောင်းတဲ့သူ တွေ အဖြစ် ခဏတာ သရုပ်ဆောင်ခဲ့ပါတယ် ။သူတို့ မိသားစုကိုကျွေးမွေးဖို့ သူတို့ဘယ်လောက် အလုပ်ကြိုးစားလည်းဆိုတာပီးတော့ ဘယ်လောက်ရိုးသားလည်းဆိုတာ ကျွန်တော် နားလည်နိုင်ပါပြီ ဆိုတဲ့စာသားလေးနဲ့အတူ ကိုယ်တိုင် ကားလမ်းမပေါ်မှာ ပန်းရောင်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ကျွန်တော်သူတို့အပေါ်မှာ လုံးဝလေးစားပါတယ်။ ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ဘဝကို ရှင်သန်နေလို့…..ကျေးဇူးတင်ပါတယ် လို့လည်းရေးသားဖော်ပြထားပါသေးတယ် ။ ပရိသတ်တွေကတော့ Sinon …

Read More »

တောင်ကိုရီးယားနိုင်ငံရဲ့သတင်းမီဒီယာတစ်ခုမှာဖော်ပြခံလိုက်ရတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံကနာမည်ကျေ်မော်ဒယ်လ်၊သရုပ်ဆောင်တွေထဲမှာ ပိုင်တံခွန်ကတော့ ပြည်ပနိုင်ငံကပရိသတ်တွေကပါ အားပေးဝန်းရံခြင်းခံရသူပါ။ အာရှနိုင်ငံကမိန်းကလေးပရိသတ်တွေဝန်းရံအားပေးခြင်းခံရသလို ထိုင်းနိုင်ငံမှာဆိုရင်လည်းပရိသတ်တွေအခိုင်အမာရှိတဲ့အပြင် အနုပညာအလုပ်တွေလည်းလုပ်ကိုင်နေရတာပါ။ နှစ်စဉ် The 100 Most Handsome Faces စာရင်းကိုထုတ်ပြန်လေ့ရှိတဲ့ TC Candlerကတော့ ဒီနှစ်မှာပိုင်တံခွန်ကိုဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းထားတာပါ။ ဒီလိုမျိုးစာရင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးကနာမည်ကျော်တွေကိုထည့်သွင်းထားတာကြောင့် မြန်မာနိုင်ငံသားတွေအတွက်တော့ ဂုဏ်ယူစရာပါ။ အခုဆိုရင်တောင်ကိုရီးယားနိုင်ငံကသတင်းမီဒီယာတစ်ခုက  ပိုင်တံခွန်ရဲ့ပုံရိပ်တွေကို ရေးသားဖော်ပြလာတာပါ။ မိုဘိုင်းမီဒီယာတစ်ခုဖြစ်တဲ့ 피키캐스트ကနေပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ မြန်မာနိုင်ငံကမော်ဒယ်လ်တစ်ဦးဖြစ်ကြောင်းနဲ့ (၁၉၉၆) ခုနှစ်ဖွားတစ်ဦးဖြစ်ကြောင်း ရေးသားထားတာပါ။ ပိုင်တံခွန်ရဲ့အမိုက်စားစတိုင်နဲ့ရုပ်ရည်ချောမောမှုတွေကတော့ မြင်သူတိုင်းကကြွေလောက်စရာလည်း ဖြစ်ပါတယ်။ အခုလို တောင်ကိုရီးယားနိုင်ငံကပါသတိထားမိကာ ရေးသားဖော်ပြခံရတာကတော့ ဂုဏ်ယူစရာပါပဲနော်… Source :  피키캐스트

Read More »

နို့မှုန့်ဖိုးမတတ်နိုင်တော့လို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ကျန်ရစ်သူရဲ့ မိသားစုလေးအတွက် တစ်နှစ်စာ နို့မှုန့်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ .. ခိုင်နှင်းဝေ လို့ဆိုလိုက်တာနဲ့ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်နေတဲ့ နာမည်ကျော်မင်းသမီးတစ်ယောက်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ ။ မကြာသေးမီကမှ ခက်ခဲလွန်းတဲ့ ဘဝကို ရင်မဆိုင်နိုင်တော့လို့ ကလေးနို့မှုန့်ဖိုးမတတ်နိုင်လို့ ဖခင်ဖြစ်သူက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ သတင်းကိုပရိသတ်တွေအားလုံးလည်း သိပြီးဖြစ်မှာပါ ။ ဒီနေ့မှာတော့ ဖခင်ဖြစ်သူမှာ နို့မှုန့်ဖိုး မတတ်နိုင်တော့လို့ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွား တဲ့အတွက် ကျန်ရစ်သူ ဇနီးနဲ့ (၃)လသားလေး အား အမျိုးသမီးချင်း ၊ သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ နို့မှုန့် တစ်နှစ် စာကို သူမရဲ့ ကွယ်လွန်သွားတဲ့ သမီးလေး အား ရည်စူး၍ လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ် ။ သူမသွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးသာဓုခေါ်ဆိုနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ …

Read More »

“မီးခြစ်ဆံ” သီချင်းလေးကို ဂစ်တာလေးနဲ့ Cover ပြန်လည်သီဆိုခဲ့တဲ့ ချမ်းမြေ့မောင်ချို

ပရိသတ်ကြီးရေ မောင်ချိုလေးလို့ ပရိသတ်တွေချစ်စနိုးနဲ့ ခေါ်ကြတဲ့ ပရိသတ်အချစ်တော် ချမ်းမြေ့မောင်ချိုကတော့ သူ့ရဲ့ပရိသတ်တွေအတွက် သီချင်းလေးတွေကို Cover Song ပြန်လည်သီဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တင်ဆက်ပေးနေခဲ့ပါတယ်။ မောင်ချိုလေးကတော့ Cover Song လေးတွေကို ကိုယ်တိုင်ဂစ်တာတီးပြီး သီဆိုခဲ့တာပါ။ ပရိသတ်တွေကလည်း မောင်ချိုလေးရဲ့ Cover Song ပြန်လည်သီဆိုတဲ့ ဗီဒီယိုလေးတွေကို သဘောကျနှစ်သက်ပြီး အားပေးနေခဲ့ကြပါတယ်။ မောင်ချိုလေးကလည်း အခုလို Covid ကာလမှာ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားရလေအောင် Cover Song ပြန်လည်သီဆိုတဲ့ ဗီဒီယိုလေးတွေကို တင်ဆက်ပေးနေခဲ့ပြီး လတ်တလောမှာတော့ “မီးခြစ်ဆံ” ဆိုတဲ့ သီချင်းလေးကို ဂစ်တာလေးတီးကာ ပြန်လည်သီဆိုခဲ့တဲံ ဗီဒီယိုလေးကို တင်ဆက်ပေးခဲ့ပါတယ်။ “မီးခြစ်ဆံ” သီချင်းလေးကတော့ မူရင်းအဆိုတော် သီဆိုခဲ့ချိန်ကလည်း …

Read More »

မှတ်ချက်ကာင်းတွေ အများကြီးရခဲ့တဲ့ သဇင်ထူးမြင့်နဲ့ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ ပညာပေး ဗီဒီယိုလေး

ပရိသတ်အချစ်တော် သဇင်ထူးမြင့်ကတော့ Twin Guys ll It’s my Lifestyle Page မှာ အမွှာညီအစ်ကိုနှစ်ယောက်နဲ့အတူ ကလေးလေးတွေတွက် အလိုအပ်ဆုံးအရာ ဆိုတဲ့ ပညာပေး ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ် ။ ဒီဗီဒီယိုလေးကို Twin Guys ll It’s my Lifestyle Page ကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့အရမ်းကို အကြိုက်တွေ့နေကြတာပါ ။ ဒီဗီဒီယိုလေးဟာ ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာ ဆရာမတွေ ကိုယ်တိုင်တောင် ချီးကျူးရတဲ့ထိ ကောင်းမွန်တဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်လို့ဆိုရမှာပါ ။ ဒီဗီဒီယိုလေးကို Preschool ဆရာမတစ်ယောက်က သူမအနေနဲ့ ဒီလိုထိရောက်တဲ့ ပြကွက်မျိုးကို မိဘတွေအတွက် တင်ဆက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် …

Read More »

ကျေးလက်ဆေးပေးခန်းလေး ဆောက်လုပ်လှူဒါန်းဖို့ ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့တဲ့ ချစ်သုဝေနဲ့ လင်းလင်း

ခေတ်သစ်ဖောင်ဒေးရှင်း ကို တည်ထောင်သူ အဆိုတော် ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူ အလှူအတန်းတွေ အဆက်မပြတ်ပြုလုပ်နေခဲ့တာ ပရိသတ်တွေသိပြီဖြစ်မှာပါ ။ လက်ရှိမှာလည်း ဧရာဝတီတိုင်း သဲကုန်းအုပ်စု အုန်းချောင်းကျေးရွာမှာ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ရန်အတွက် ပုသိမ်ဆေးရုံအုပ်ကြီး ဆရာDr. သန်းမင်းထွဋ် အား ငွေကျပ်သိန်း၂၀၀ ပေးအပ်လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ ကုန်းလမ်းရေလမ်းနဲ့ သွားရတဲ့ ဧရာဝတီတိုင်း သဲကုန်းအုပ်စု ကျေးရွာ ၇ရွာအတွက် သားဖွားခန်းအပါ ကျေးလက်ဆေးခန်းလေး မှာအလွန်လိုအပ်နေတဲ့ ကျန်းမာရေးလိုအပ်ချက်ဖြစ်ပြီး တာဝန်ကျဆရာမလေးများရဲ့ လုပ်ငန်းခွင်လုံခြုံမှု ၊ ကာကွယ်ဆေးထိုးခြင်း ၊ သားဖွားခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှူများပြုလုပ်နိုင်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများပြုလုပ်နိုင်ခြင်း အစရှိတာတွေကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အလှူရှင်များအားလုံးစိတ်နှလုံးဝမ်းမြောက် ပီတိဖြစ်ဖို့ အတွက် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ် …

Read More »

ထိရက်စရာမရှိရလောက်အောင် နုပျိုလှပလွန်းနေတဲ့ အလှတရားတွေနဲ့ ညို့အားပြင်းပြင်းလှနေတဲ့ လုလုအောင်

ပုရိသပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Sexy မော်ဒယ်မလေး လုလုအောင်ဆိုတာ ချစ်စရာလည်းကောင်းသလို ဆွဲဆောင်မှု ညှို့အားတွေပြည့်နေတဲ့ သူလေးတစ်ယောက်ပါပဲနော်။ သူဟာ လူမှုကွန်ယက်ပေါ်မှာ လည်း အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာရရှိထားပြီးတော့ သူမရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးတွေနဲ့ ပုံလေးတွေကိုလည်း မကြာခဏမျှဝေပေးလေ့ရှိပါတယ်နော်။ လှပလွန်းတဲ့ကောက်ကြောင်းတွေအပြင် မျက်နှာလေးကလည်း ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိထားတာလည်းဖြစ်ပါတယ်။ ခေးကြီးလုလုအောင်ကတော့ သူမရဲ့ အမိုက်စား sexy ကျကျပုံလေးတွေကို ဖေ့ဘွတ်ပေါ်တွင် အများဆုံးဖော်ပြလေ့ရှိရာ ယောင်္ကျားလေးပရိသတ်တွေ အများဆုံး တစ်ခဲနက်အားပေးခြင်းခံရတာလည်းဖြစ်ပါတယ်။ သူမရဲ့တင်းတင်း ရင်းရင်းနဲ့ လှပတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကြောင့် ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်။သူမကတော့ Photo Shooting တွေရိုက်ကူးနေ တာဖြစ်ပြီး မော်ဒယ် လောကမှာလည်း အောင် …

Read More »

ကိုရီးယားသံအမတ်ကြီးနဲ့တွေ့ဆုံခဲ့ရတဲ့အပြင် လက်ဆောင်တွေပါရခဲ့တဲ့ ခါရာ

စတိုင်ကျကျနဲ့အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်နဲ့ မော်ဒယ်လ်၊မင်းသားချောခါရာကတော့ မဒီလေးတွေရဲ့အသည်းကျော်မင်းသားတွေထဲကတစ်ယောက်ပါ။ သူကတော့ မြန်မာ့ကိုယ်စားပြုတစ်ယောက်အနေနဲ့ Asia Model Star Award .(2016) ဆုရရှိခဲ့တဲ့အပြင် သရုပ်ဆောင်ပိုင်နိုင်တဲ့ မင်းသားတစ်လက်အနေနဲ့လည်း ပရိသတ်တွေအသိမှတ်ပြုမှုကိုရရှိလာသူလည်း ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းကလည်း LOON Magazine Thailand မှာ ရွေးချယ်ဖော်ပြခံရတဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံးသော မော်ဒယ်လ်လည်း ဖြစ်လာခဲ့ပါတယ်။ အခုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ကိုရီးယားသံအမတ်ကြီးနဲ့တွေ့ဆုံခဲ့ရတဲ့အကြောင်းကို “ကျွန်တော်အမြဲသတိရနေမယ့် အမှတ်တရနေ့လေး ဒီနေ့ ကိုရီးယားသံအမတ်ကြီးရဲ့ ဖိတ်ကြားမှုကြောင့် သံအမတ်ကြီးအိမ်ကို ကျွန်တော် ရောက်ခဲ့ပါတယ်.။ အရသာရှိတဲ့ နေ့လည်စာနဲ့ နွေးထွေးစွာ တည်ခင်းဧည့်ခံမှုအတွက်ရော သံအမတ်ကြီးပေးတဲ့ အမှတ်တရလက်ဆောင်လေးအတွက်ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..” ဆိုပြီးတော့ တွေ့ဆုံခဲ့တဲ့ပုံရိပ်လေးတွေအပြင် ရရှိခဲ့တဲ့လက်ဆောင်လေးတွေကိုပါ ပရိသတ်တွေကို ဖေ့ဘွတ်ခ်ကနေပြန်လည် မျှဝေခဲ့တာပဲဖြစ်ပါတယ်။ ခါရာကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို …

Read More »

ခင်ပွန်းဖြစ်သူနဲ့ လွန်ခဲ့တဲ့နှစ်ကတည်းက ကွာရှင်းခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော်လာတဲ့ မယ်လိုဒီ

လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ မယ်လိုဒီနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ကွာရှင်းပြတ်စဲမှုအကြောင်းကို ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကွာရှင်းပြတ်စဲမှုအပြီးမှာ ထပ်မံထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကြောင့် မယ်လိုဒီကတော့ ဝေဖန်တိုက်ခိုက်မှုတချို့ကို ကြုံနေရတာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အခြေအနေအမှန်ကိုမသိတဲ့ ပရိသတ်တွေနဲ့ စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် မယ်လိုဒီကတော့ အတွင်းရေးတချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “စိတ်ပူပင်နေကြတဲ့ ပရိသတ်ကြီးကို အသိပေးပါရစေရှင်… ကျွန်မအနေနဲ့ မတူညီမှုများစွာနဲ့ ညှိမရတဲ့အနေအထား အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ကတည်းက အမျိုးသားနဲ့ လမ်းခွဲခဲ့ကြတာပါ..သားလေးနဲ့ မိဘများရဲ့မျက်နှာ၊ ထောက်ထားစရာတွေရှိတာကြောင့်သာ တရားဝင်မထုတ်မပြောခဲ့တာပါ. တစ်မိုးထဲအောက်၊ မိဘများနဲ့အတူ လွတ်လပ်စွာနေထိုင်ခဲ့ကြတာ ကာလအတော်ကြာပြီဆိုတာ ရင်းနှီးတဲ့မိတ်ဆွေတွေ သိကြပါတယ်… သားလေးကိစ္စရှိတာပဲဖြစ်ဖြစ်၊ ပွဲလမ်းတွေရှိခဲ့တာပဲဖြစ်ဖြစ် သူနဲ့ကျွန်မက သားလေးရဲ့မိဘအနေနဲ့ရော၊ မိတ်ဆွေကောင်းအနေနဲ့ရော မိသားစုလို ပုံမှန်သွားလာတာလည်း ရှိခဲ့ကြပေမယ့်လည်း နှစ်ဦးစလုံးဟာ …

Read More »