“အရေးပေါ် အကူအညီတောင်းခံမှုကြောင့် သာကေတဘက်မှ အိမ်ခြေ (၁၀၀)စာကိုဆန်၊ဆီ၊ကြက်သွန်၊ကိတ်ခြောက် များ လှူဒါန်း​ပေးခဲ့တဲ့ခိုင်နှင်းဝ”
CeleGabar ပရိသတ်ကြီးရေခိုင်နှင်းဝေကတော့ပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ဦးစီးတည်ထောင်ကာ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလိို့လည်းဆိုရမှာပါ။
အမြဲလိုလိုပရဟိတအလုပ်တွေဆက်တိုက်လုပ်ကာ အလှူအတန်းရက်ရောလွန်းတဲ့ ခိုင်နှင်းဝေကတော့ဒီနေ့မှာ” အရေးပေါ် အကူအညီတောင်းလာတဲ့ သာကေတဘက်မှ အိမ်ခြေ (၁၀၀)စာကို ဂေဟာမှာ ရှိတဲ့ ဆန်၊ဆီ၊ကြက်သွန်၊ကိတ်ခြောက် များ ခွဲဝေ လှူဒါန်းပေးခဲ့ပါတယ်..ခုနှစ်ရက် သားသမီးများ စုပေါင်းပြီး လှူဒါန်း မှု အစုစုတို့အား သာဓု သာဓု ခေါ်ဆို၍ ထပ်တူ ကုသိုလ်ပွားများနိုင်ကြပါစေရှင်..🙏🙏🙏…” ဆိုတဲ့စာလေးနဲ့ လှူဒါန်းမှုပုံရိပ်တွေကိုမျှဝေခဲ့တာပါ။
လူကိုယ်တိုင််သွားရောက်ကာ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကိုကြည့်ပြီးမြင်သူတိုင်းက ကျေနပ်ပီတိဖြစ်ကာမုဒိတာပွားနေကြတာအမှန်ပါပဲနော်။CeleGabar ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။
Koe-CeleGabar
Source – Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
Source – Khine Hnin Wai
x
error: Content is protected !!