” ဖေဖေမေမေတို့ရဲ့အသည်းကျော် shandra လေး ငါးလပြည့်သွားခဲ့ကြောင်း သမီးလေးရဲ့ ပရိသတ်တွေကို ပြောပြလာတဲ့ စည်ဖြိုး”

CeleGabar ပရိသတ်ကြီးရေ စည်ဖြိုးကတော့ ထူးခြားတဲ့နာမည်လေးနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း ပရိသတ်အားပေးမှုရရှိလာတဲ့မင်းသားတစ်ယောက်ပဲဖြစ်ပါတယ် ။ ဗီဒီယိုဇာတ်ကားတွေလည်းများစွာရိုက်ကူးခဲ့ပြီး MRTV4 မှာပြသခဲ့တဲ့”အလင်းထဲကလူ”ဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်တွေ အားပေးဝန်းရံခဲ့ရတဲ့ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့မော်ဒယ်လ်ခင်လွှမ်းနဲ့ သာယာအေးချမ်းတဲ့အိမ်ထောင်သည်ဘဝလေးကိုလျှောက်​လှမ်းနေကာ ချစ်စရာသမီးချောလေးကိုပိုင်ဆိုင်ထားတာပါ။ သမီးလေးကိုလည်း သူ့ရဲ့နာမည်လေးဖြစ်တဲ့ Shandrashwesi ဆိုတဲ့ Pageလေးထောင်ကာ အားပေးချစ်ခင်တဲ့ပရိသတ်တွေ အမောပြေစေဖို့ ပုံလေးတွေနဲ့ဗိဒီယိုလေးတွေတင်ပေးလျက်ရှိတာပါ။

ဒီနေ့မှာလည်း” ၅လနဲ့ ၃ရက် ပြည့်သွားသော Shandra လေး 🥰”ဆိုတဲ့စာလေးနဲ့အ​တူ ချစ်စရာကောင်းလွန်းတဲ့အပြုံးလေးတွေနဲ့ Shandraရဲ့ပုံလေးတွေကိုတင်လာခဲ့တာပါ။CeleGabarပရိသတ်ကြီးလည်း Shandraလေးကိုချစ်ကြမယ်လို့ထင်ပါတယ်နော်။

Koe- CeleGabar
Source-ShandraShweSi
ZawgyiFont ဖြင့်ဖတ်ရန်




Koe- CeleGabar
Source-ShandraShweSi

Check Also

” နိုင်ငံကျော် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီမြတ်ကေသီအောင်ရဲ့ ထုံကျင်ကိုက်ခဲနေသောဝေဒနာများအား ကုသပေးခဲ့တဲ့ ထူးခန့်ကျော်”

CeleGabarပရိသတ်ကြီးရေ မင်းသားကြီးထူးခန့်ကျော်ကတော့အခုချိန်မှာဆိုရင်လည်း ၇ရက်သားသမီးတွေရဲ့ရောဂါဝေဒနာတွေကိုတတ်နိုင်တဲ့ဘက်ကကူညီစောင်မကုသပေးနေခဲ့တာကြာပါပြီ။ ပြည်သူပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ အားကိုးအားထားပြုနေရတဲ့ ဆရာတစ်ယောက်ပါ။ အနုပညာအလုပ်တွေလုပ်ခဲ့စဥ်တုန်းက လည်းသရုပ်ဆောင်ချိန်မှာ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့သလို အခုလို ရောဂါဝေဒနာတွေကုသချိန်မှာလည်း တကယ်ကိုပျောက်ကင်းအောင်ကုသနိုင်ကြောင်း ဂူဏ်သတင်းကြီးမားလျက်ပါ။ဒီနေ့မှာလည်း”ကျွန်တော်သူမ၏အနုပညာအားအရမ်းကြိုက်ခဲ့ရသော  ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်  …

x
error: Content is protected !!