” မင်္ဂလာလက်မှတ်ထိုးပွဲကို အမှတ်တရဖြစ်အောင်တွေးရင်းအစ်မဖြစ်​သူနန္ဒါလှိုင်ဆီကအကြံပေးစကားကြောင့် အံ့သြရယ်​ေမာခဲ့ရတယ်ဆိုတဲ့ သတို့သားလောင်း မောင်”

CeleGabar ပရိသတ်ကြီးရေ သရုပ်ဆောင်မောင်နဲ့ ရီရီပွင့်ဖြူကတော့ ပရိသတ်တွေမိတ်ဆက်စရာမလိုလောက်အောင် သိပြီးသားဖြစ်တဲ့အနုပညာရှင်နှစ်ယောက်ပါ။ သူတို့နှစ်ယောက်ရဲ့ချစ်ခရီးလမ်းကတော့ (၈)နှစ်ကျော်အချိန်ကာလကိုရောက်ရှိလာပြီဖြစ်ပြီး မကြာခင်မှာ လက်ထပ်ဖို့စီစဥ်နေကြပြီဖြစ်ပါတယ်။

အမြဲပျော်ပျော်ရွှင်ရွှင်နဲ့ Vlogတွေရိုက်ကူးတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ တစ်ယောက်နဲ့ တစ်ယောက် အချိန်အကြာကြီးနားလည်မှုရှိရှိနဲ့ အချိန်တွေဖြတ်သန်းခဲ့ကြတာပါ။ လက်ရှိမှာတော့ စိန်ဖြိုးကတော့ ” ဒီရက်ပိုင်း မင်္ဂလာဆောင်ကို အမှတ်တရလေးဖြစ်အောင် Idea တွေးစဉ်းစားလိုက်၊ အစ်မတွေဘယ်လိုလုပ်လဲမေးလိုက် နဲ့ တစ်ယောက်ထဲ ရှုတ်နေတာ။မနေ့ညက ထိုင်စဉ်းစားရင်း ၁၂နာရီထိုးနေတာကို နာရီကိုမကြည့်မိပဲ မလတ်အခန်းထဲကို ဝင်သွားပြီး လက်ထက်စာချုပ်လေးခဏ ပြပါ၊ ပြီးတော့ လက်ထက်စာချုပ် လက်မှတ်ထိုးတဲ့အခါ သူများတွေလို ထိုင်မထိုးပဲ Stand Table လေးနဲ့ မတ်တပ်ရပ်ပြီးထိုးလို့ရလား ဆိုပြီး သွားမေးတယ်။

အဲ့မှာ ဇေမဒီ ကို ဖက်ပြီး အိပ်နေတဲ့ မလတ်တစ်ယောက် အိပ်ချင်မူးတူးနဲ့ ..နင်မတ်တပ်ရပ်ပြီး လက်မှတ်ထိုးလို့လဲရတယ် ၊ လက်မှတ်တစ်ခါထိုးပြီးတော့ ကွင်းတစ်ပတ် ပတ်ပြေး ပြီးတော့မှ ပြန်လာထိုးလဲ ရတယ် ဆို ပြောပါလေရော 😅😅😅မနက်သူ့ကို ပြန်ပြောပြတော့ မှတ်တောင် မမှတ်မိဘူး။ ငါ အဲ့လိုပြောလိုက်လားတဲ့..🤣ကဲ ဘယ်လိုလဲ ..မလတ်​ပေးတဲ့ အကြံအတိုင်း ကွင်းတပတ်ပတ်​ပြေးပြီးမှ လက်မှတ်ထိုး​လိုက်ရမလား 😅”ဆိုတဲ့ ဟာသအလွဲလေးကို ပြောပြခဲ့တာပါCeleGabarပရိသတ်တွေလည်း လက်ထပ်ဖို့အတွေးတွေများနေတဲ့ သတို့သားလောင်းလေး မောင်ကို ဆန်းသစ်တဲ့အကြံတွေပေးခဲ့ကြပါဦးနော်။

 

Koe-CeleGabar

Source- SeinPhyo

ZawgyiFontဖြင့်ဖတ်ရန်

” မင်္ဂလာလက်မှတ်ထိုးပွဲကို အမှတ်တရဖြစ်အောင်တွေးရင်းအစ်မဖြစ်​သူနန္ဒါလှိုင်ဆီကအကြံပေးစကားကြောင့် အံ့သြရယ်​မောခဲ့ရတယ်ဆိုတဲ့ သတို့သားလောင်း မောင်”

 




Koe-CeleGabar

Source- SeinPhyo

x
error: Content is protected !!