” မနေ့ကကျရောက်တဲ့မွေးနေ့မှာ မြန်မာဆန်ဆန်ကျက်သရေရှိစွာ ဘုရားသွားကုသိုလ်ယူခဲ့တဲ့ပုံရိပ်တွေကို တင်လာခဲ့တဲ့ စံထိပ်ထားဦး”
CeleGabar ပရိသတ်ကြီးရေ စံထိပ်ထားဦးကတော့ အရွယ်ရောက်လာလေ လှသထက်လှလာတဲ့အနုပညာမျိုးဆက်သစ်လေးပါ။မင်းသမီးခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်ပြီး ပညာရေးကိုဦးစားပေး သင်ယူနေပေမယ့် ရရင်ရသလို အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်လည်း ရှိပါတယ်နော်။
စံထိပ်ထားဦးလေးကို ချစ်တဲ့ပရိသတ်တွေက ချစ်စနိုးနဲ့လည်း ထိပ်ထိပ်လေးလို့ ခေါ်လေ့ရှိကြပါသေးတယ်။ဒါ့အပြင်ပရိသတ်တွေက ထိပ်ထိပ်လေးရဲ့ TikTokတွေကို အထူးအားပေးသဘောကျလျက်ရှိတာပါပဲနော်။ အခုနောက်ပိုင်းမှာလည်း ဂီတာတီးသင်ပြီး ပရိသတ်တွေကိုအချိန်ရရင်ရသလို ဆိုပြလေ့ရှိပါသေးတယ်။
လက်ရှိမှာတော့ မနေ့ကကျရောက်တဲ့နိုဝင်ဘာလ၂၆ရက်နေ့မှာကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့ရက်မြတ်လေးမှာ ဘုရားသွားကာကုသိုလ်ယူခဲ့တဲ့ ပူံရိပ်လေးတွေကို ချစ်တဲ့သူတွေအတွက်တင်ပေးလာခဲ့တာပါ။” မွေးနေ့အမှတ်တရ”ဆိုတဲ့စာလေးနဲ့အတူ မြန်မာဆန်ဆန်အဖြူရောင်ဝတ်စုံလေးနဲ့ ကျက်သရေရှိစွာလှပနေတဲ့ထိပ်ထိပ်ရဲ့ပံု​ေလး​ေတွကိုCeleGabarပရိသတ်တွေကြည့်ရှူနိုင်ဖို့တင်ပေးလိုက်ပါတယ်နော်။
Koe-CeleGabar
Source- San HtateHtar Oo
ZawgyiFontဖြင့်ဖတ်ရန်
Koe-CeleGabar
x
error: Content is protected !!