“ဖခင်ကြီးဆုံးပါးသွားတာ (၃)လတိတိပြည့်ခဲ့ပြီဖြစ်ပေမယ့် တစ်ရက်မှမေ့မရပါဘူးလို့ ရင်ဖွင့်ပြောပြလာတဲ့ရတနာမိုင်”
CeleGabar ပရိသတ်ကြီးရေ ရခိုင်သူလေး ရတနာမိုင်ဟာ အဆိုတော် မိုင်ရဲ့ သမီးဖြစ်ပြီး မိခင်ရဲ့ သွေးအပြည့် ပါတယ်လို့ဆိုရလောက်အောင် အဆိုပညာမှာ တကယ်တော်တဲ့သူလေးပဲ ဖြစ်ပါတယ်..။မ​ြကာ​ေသးမီအချိန်အတွင်းမှာလည်း ဖခင်ကြီးကိုဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့ဒီဇင်ဘာလ(၂၅)ရက်နေ့ဟာ မိုင်လေးချစ်ရတဲ့ ဖခင်ကြီးဆုံးပါးသွားတာ (၃)လတိတိပြည့်တဲ့နေ့ပါပဲနော်။ ဖခင်ကြီးရဲ့ ၃လပြည့်ဆွမ်းကပ်အလှူကို နေအိမ်မှာ ပြုလုပ်ကာ ဖခင်ကြီးကိုသတိရကြောင်း ပြောပြလာခဲ့တာပါ။
“ဘာလိုလိုနဲ့ ဒီနေ့ဖေကြီးကွယ်လွန်တာ သုံးလပြည့်အလှူ တရက်မှမေ့မရပါဘူးဖေကြီး ကုသိုလ်ထပ်တူရပါစေ ဖေကြီးမြင့်မြတ်သောဘုံဘဝမှာခံစားစံစားနိုင်ပါစေ 🙏🙏🙏”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်လာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း မိုင်လေးအတွက်အားပေးစကားပြောခဲ့ပါဦးနော်။
Koe- CeleGabar
Source- Yadanar My
ZawgyiFontဖြင့်ဖတ်ရန်
Koe- CeleGabar
Source- Yadanar My
x
error: Content is protected !!