” သမီးလေးရက်၁၀၀ပြည့်မှာ အိမ်နဲ့အဝေးတစ်နေရာကိုရောက်ရှိနေပေမယ့် မိန်းမနဲ့သမီးလေးရဲ့ ရှေ့ရေးအတွက်အလုပ်တွေကြိုးစားနေပါတယ်ဆိုတဲ့ နက္ခတ်”
CeleGabarပရိသန်ကြီးရေ နက္ခတ်ကတော့ MRTV4 ဇာတ်လမ်းတွဲတွေကနေပရိသတ်တွေရင်ထဲရောက်ရှိခဲ့တဲ့မင်းသားတစ်လက်ပါ။အခုချိန်မှာ အိမ်ထောင်ကျကာ ချစ်စရာသမီးလေးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ ဒီဇင်ဘာလ၂၉ရက်နေ့ကတော့ နက္ခတ်ရဲ့ ချစ်စရာသမီးလေးရက်၁၀၀ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။
” မိန်းမရေ ဒီနေ့ က ကိုယ်တို့ နှစ်ယောက်ရဲ့ သမီး လေး ရက် ၁၀၀ ပြည့် မွေးနေ့လေး နော်။ ကိုယ်က အခုချိန်မှာ မိန်းမနဲ့သမီးလေးရဲ့ရှေ့ရေးအတွက် အလုပ်ကြိုးစားရဖို့အဝေး တစ်နေရာ ကို ရောက်နေ ပေမဲ့ ကိုယ့်စိတ်တွေ နှလုံးသားတွေကကိုယ့်မိန်းမနဲ့ သမီး လေး အနားမှာ တစ်ချိန်လုံးရှိနေတာပါ။ကိုယ်နဲ့ မင်း နဲ့ အတူတူ ဖြတ်သန်း ခဲ့ကြတဲ့ အိမ်ထောင် ၅နှစ် ကာလ အတွင်း မှာ မင်း ကိုယ့်အပေါ်မှာ နားလည်ပေးနိုင် မှုတွေက ကိုယ်ဘယ်လိုဘဲ တွေးတွေး ရင်နဲ့ မဆံ့ အောင် များပြားလွန်းပါတယ် ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုမှာ ကိုယ်တို့ ကြုံတွေ့ ခဲ့ရတာတွေ က သိပ်ကို ခါးသီးလွန်းပါတယ်။ဘဝဆိုတာ လော ကဓံ ရှစ် ပါးကို ကောင်းကောင်းကြီး ခံရမယ်ဆိုတာ ကိုယ်သိပေမဲ့ တကယ် လက်တွေ့ ခံစားရတဲ့ အချိန် ကျတော့ တော်တော် ကို နာကျင်ရတယ် ။
မိန်းမ ရယ် ကိုယ်မင်းနဲ့ အတူတူ ရှေ့ဆက်မဲ့ ဘဝခရီးအတွက် လို အပ်တဲ့ အရာတွေ ကို ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိတာထက်ပိုပြီး ကိုယ်ကြိုးစားမှာပါနာကျင်မှုတွေ နာကျင်စရာတွေ နဲ့ပြည့်နေတဲ့ ဒီလောက ကြီးထဲမှာမိန်းမ နဲ့ သမီးလေး က ကိုယ့် အတွက် ဘုရားပေးတဲ့ ဆုလာဘ် ပါကိုယ်မင်းနဲ့ မတွေ့ခင် အချိန် ကာလတစ်ခုမှာကိုယ်နေထိုင်ခဲ့တဲ့ ပုံစံကို မင်းနဲ့ တွေ့ပြီးမှ ကိုယ် အစစအရာရာ ပြောင်းလဲနိုင်ခဲ့တယ် ဒီထက်ပိုပြီး ကောင်းသောပြောင်းလဲခြင်းတွေနဲ့တည်ရှိဖို့ ကိုယ် ကြိုးစားနေ မှာပါဒီနေ့ ရက်၁၀၀ ပြည့်မွေးနေ့လေး မှာသမီးလေးရဲ့ ဘဝတစ်လျှောက်လုံး အစစအရာရာ အဆင်ပြေ ချောမွေ့ ပြည့်စုံ ပါစေ လို့ ဖေဖေ ဆုတောင်းပေးပါတယ်”ဆိုတဲ့စာလေးနဲ့ အဝေးတ​စ်နေရာကနေသမီးလေးနဲ့မိန်းမကို လွမ်းဆွတ်ကြောင်းစာလေးတွေရေးသားခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း နက္ခတ်ရဲ့သမီးလေးရက်၁၀၀ပြည့်မွေးနေ့အတွက်ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။
Koe-CeleGabar
Source-နက္ခတ်
ZawgyiFont ဖြင့်ဖတ်ရန်
Koe-CeleGabar
Source-နက္ခတ်
x
error: Content is protected !!