“အသက်က (၇၅) နှစ်အရွယ်နားလေးတဲ့အပြင် စကားတွေလဲ မပီတော့ဘဲ တိုလီမိုလီလေးတွေရောင်းကာ အသက်မွေးဝမ်းကျောင်းနေရတဲ့အဘိုးအိုကို ငွေကျပ်၁သိန်းလှူဒါန်းခဲ့တဲ့ မိုးစက်”

CeleGabarပရိသတ်ကြီးရေလူရွှင်တော်မိုးစက်ကတော့ လက်ရှိမှာ အလှူအတန်းပြုကာ ပရဟိတလုပ်နေတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်ပါ။ သူ့အနေနဲ့ အသက်ကြီးကာကူရယကယ်ရာမဲ့ဒုက္ခရောက်ကာ ကိုယ့်ရဲ့ဝမ်းစာအတွက်အသက်အရွယ်နဲ့မလိုက်အောင် ကိုယ်တိုင်ရရာအလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်နေတဲ့သက်ကြီးရွယ်အိုတွေကို လှူဒါန်းနေတာပါ။

စီနီယာဆရာသမားတွေကိုရတဲ့ဘက်ကအကူအညီတွေပေးနေတဲ့အပြင်လစဉ်ထောက်ပံ့မှုတွေလာ်းပြုလုပ်ပေးလျက်ရှိတာပါ။ ဒီနေ့မှာတော့ အသက်၇၅နှစ်အရွယ် နားတော်တော်လေးပြီး စကားတွေတောင်ပီပီသသမရှိတော့တဲ့ အဘိုးအိုဟာ ဘီး၊လက်သည်းညှပ်နဲ့ ဓားအသေးလေးတွေကိုရောင်းကာ ရသလောက်အသက်မွေးဝမ်းကျောင်းပြုနေတာကြောင့် မိုးစက်အနေနဲ့ သွားရောက်လှူဒါန်း ခဲ့တာပါ။

မိုးစက်အနေနဲ့အဘိုးအိုအတွက် ၁သိန်းလှူဒါန်းခဲ့ကြောင်း ပရိသတ်အလှူရှင်တွေကို ပြန်လည်ဝေမျှခဲ့တာပါ။ CeleGabarပရိသတ်တွေလည်းအဘိုးအိုကို လှူဒါန်းချင်တဲ့သူတွေရှိရင် သွားရောက်လှူဒါန်းကြဖို့အတွက်အဖိုးရောင်းတဲ့နေရာကတော့တောင်ဒဂုံ ၊ (၅၃) ဈေး ၊ သမထိပ် မှာ မနက် (၁၁) နာရီဝန်းကျင်လောက်အထိဘဲ ရောင်းတာကြောင့် သွားရောက်အားပေးကြပါဦးနော်။


Koe-CeleGabar
Source – MoeSat
ZawgyiFontဖြင့်ဖတ်ရန်




Koe-CeleGabar
Source – MoeSat

x
error: Content is protected !!