” ​ကွယ်လွန်သူခင်ပွန်းရဲ့ဆန္ဒအရလက်ထပ်ပွဲကျင်းပခဲ့တဲ့ ၁၀နှစ်မြောက်Wedding Anniversaryနေ့မှာ ဉာဏ်တော် ၁၂လက်မ ဝန်းကျင်ရှိတဲ့ရွှေအစစ်ချထားတဲ့ဘုရားတစ်ဆူကိုမဲဖောက်ပေးမယ်ဆိုတဲ့ငွေတီဦး”

CeleGabarပရိသတ်ကြီးရေ ပြေတီဦးရဲ့ညီမငွေတီဦးရဲ့ခင်ပွန်းကတော့ နိုဝင်ဘာလ ၂၀ရက်နေ့က ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ နေ့မအားညမအားပြုစုခဲ့တဲ့ခင်ပွန်းကိုလက်လွှတ်လိုက်ရပြီးနောက် တရားဘာဝနာအားထုတ်ကာ နေထိုင်လျက်ရှိတာပါ။ဒီနေ့မှာလည်း” နေ့စဉ်နဲ့အမျှတော့ သူ့အတွက် ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုးသောနည်းနဲ့ ပြုပေးနေတာပါပဲ..အခုလည်း သူ့ဆန္ဒတစ်ခုကို ဖြည့်စည်းပေးဖို့ ကိုယ့်အတ္တကို ဖြေလျော့လိုက်ပါတယ်..သူနဲ့ပက်သက်သမျှ အမှတ်တရတွေတိုင်းပေါ်မှာ ကျွန်မရဲ့တွယ်တာတတ်တဲ့ သံယောဇဉ်နဲ့ လောဘကို စွန့်လွှတ်နိုင်ဖို့ရယ် သူပိုပြီး ကောင်းသထက်ကောင်းဖို့ရယ်ပဲ ဦးတည်ဆောင်ရွက်ပါ့မယ်..သူရှိစဉ်ကတည်းကလည်း သူ့အပေါ်ယုံကြည်စိတ်တစ်ခုတည်းနဲ့ ပိုင်ဆိုင်သမျှအကုန်ရင်းနှီးမြှုပ်နှံခဲ့ဖူးသလို Supporting Role ကိုတောင် ကျေကျေနပ်နပ် ခံယူခဲ့ဘူးတာပဲလေ…


လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင်တုန်းက သာဓုကန်နားမှာ အမျိုးလို ရင်းနှီးတဲ့မိတ်ဆွေက နဂါးရုံဘုရားတည်တော့ ကျွန်မတို့လင်မယားလည်း ဘုရားတည်တဲ့နေရာမှာ ပါဝင်လှူဒါန်းကုသိုလ်ယူခဲ့ကြတယ်..ဘုရားတည်ပြီးတော့ အနေကစာတင်တဲ့နေ့မှာ ဘုရားဆယ်ဆူ (၁၀ဆူလို့ ထင်တာပဲ.. ပိုများလား မမှတ်မိတော့ဘူး) ကို နဂါးရုံဘုရားနဲ့အတူတကွ အနေကစာတင်ပြီး မဲဖောက်လှူဒါန်းကြတယ်..မဲက တစ်ထောင်လောက်ရှိမယ်ထင်တယ်..မဲတစ်ထောင်မှာ ကိုဉာဏ်က နံပါတ်တစ်မဲ ကို ပေါက်ခဲ့တယ်..အဲဒီ့တုန်းကတည်းက အရင်ကလုပ်ခဲ့တဲ့အလုပ်ခန်းမှာ အဲဒီ့ဘုရားလေးကို ပင့်ဆောင်ပြီး နေ့စဉ်ရက်ဆက် ကိုးကွယ်ပူဇော်ခဲ့ပါတယ်..

အိမ်အသစ်ဆောက်ပြီးတော့မှ အိမ်မှာဆက်ပြီးကိုးကွယ်ခဲ့တာပါ..သူနဲ့ထိုက်တန်လို့ မွန်မွန်မြတ်မြတ်ရခဲ့တဲ့ ဘုရားလေးမို့ နှစ်ယောက်လုံးအရမ်းတန်ဖိုးထားပါတယ်..အခု သူ့ဆန္ဒအရ အဲဒီ့ဘုရားလေးကို ပြန်လည်မဲဖောက်ပြီး လှူဒါန်းပေးပါမယ်..တကယ်လိုအပ်တဲ့သူ တကယ်ကိုးကွယ်ချင်တဲ့သူကိုပဲ ရစေချင်ပါတယ်..ဉာဏ်တော် ၁၂လက်မ ဝန်းကျင်ဖြစ်ပြီး ဘုရားကို ရွှေအစစ်ချထားပါတယ်..လာမယ့် ၃၁ January (ကျွန်မတို့ လက်ထပ်ပွဲကျင်းပခဲ့တဲ့ ၁၀ နှစ်မြောက် Wedding Anniversary) နေ့မှာ သံဃာကိုးပါးနဲ့ နေအိမ်မှာ အနေကစာတင်ပြီးမှ လှူဒါန်းမှာ ဖြစ်လို့ သာကေတမြို့နယ် မြခွာညိုအိမ်ရာမှနေအိမ်ကို ကိုယ်တိုင်ကိုယ်ကျ လာယူနိုင်တဲ့သူ ဖြစ်ရပါမယ်.. ဆရာတော်ကိုယ်တိုင် လက်ရောက်လှူဒါန်းပေးပြီး သူ့အတွက် အမျှဝေမှာမို့ပါ..
☘️တကယ်သေချာစွာ ပူဇော်ကိုးကွယ်ချင်ပါက အမှတ်စဉ် (၁)မှ(၁၀၀၀) အတွင်း ကြိုက်ရာ နံပါတ်ကို Comment မှာ မန့်နိုင်ပါတယ်.. ☘️သူများမန့်ပြီးသား နံပါတ်မဖြစ်ပါစေနဲ့နော်.. နံပါတ်နှစ်ခုတူနေရင် အရင်မြင်တဲ့ နံပါတ်ကိုပဲ ယူပြီး ကျန်နံပါတ်ကို ပယ်ပါမယ်..***
☘️လူတစ်ယောက်ကို ကြိုက်ရာနံပါတ်တစ်ခုပဲ မန့်ပေးပါ.. လူနာမည်ထပ်နေရင် နံပါတ်တခုစာပဲ ထည့်ပါမယ်ရှင် *☘️၂၆ ရက်နေ့ မဲနှိုက်မှာမို့ ၂၅ ရက်နေ့ ည ၁၂ နာရီ မတိုင်ခင် အထိ ကွန်မန့်ပေးနိုင်ပါတယ်.. ၃၁ ရက်နေ့ မတိုင်ခင် ဘုရားမဲပေါက်တဲ့သူကို ဆက်သွယ်အကြောင်းကြားပြီး အတည်ပြုပေးပါမယ်..

☘️ယခုအလှူဟာ သူ့ရဲ့ပိုင်ဆိုင်မှု တစ်ခုကို မွန်မြတ်စွာ လှူဒါန်းပြီး ဘုရားအလှူရဲ့အကျိုးကို ပိုင်ရှင်ဖြစ်ခဲ့သူ ဒေါက်တာဉာဏ်လင်းဦး နောက်ဘဝတစ်ခုမှာ ရရှိစေဖို့ ရည်ရွယ်လှူဒါန်းတာဖြစ်တဲ့အတွက် အပေါ်ကအချက်လေးတွေကို အလေးအနက် ရှိစေချင်ပါတယ်..
☘️ကိုကို့ဆန္ဒလေး အထမြောက်ပြီး မြင့်မြတ်တဲ့ဘုံဘဝကနေ ပီတိဖြစ်စွာ သာဓုခေါ်ဆိုနိုင်ပါစေ.. ပိုရျ်သာလွန်ကောင်းမွန်တဲ့ ဘုံဌာနကို ရောက်ရှိပါစေ..” ဆိုတဲ့စာလေးနဲ့ ခင်ပွန်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးမယ့်အကြောင်းပြောပြလာခဲ့တာပါ။CeleGabarပရိသတ်တွေလည်း ဘုရားမဲအတွက်ဝင်ရောက်ကံစမ်းချင်ကြမယ့်သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

Koe- CeleGabar
Source- NgweOu
ZawgyiFont ဖြင့်ဖတ်ရန်

” ​ကြယ္လြန္သူခင္ပြန္းရဲ႕ဆႏၵအရလက္ထပ္ပြဲက်င္းပခဲ့တဲ့ ၁၀ႏွစ္ေျမာက္Wedding Anniversaryေန႔မွာ ဉာဏ္ေတာ္ ၁၂လက္မ ဝန္းက်င္ရွိတဲ့ေ႐ႊအစစ္ခ်ထားတဲ့ဘုရားတစ္ဆူကိုမဲေဖာက္ေပးမယ္ဆိုတဲ့ေငြတီဦး”

CeleGabarပရိသတ္ႀကီးေရ ေျပတီဦးရဲ႕ညီမေငြတီဦးရဲ႕ခင္ပြန္းကေတာ့ ႏိုဝင္ဘာလ ၂၀ရက္ေန႔က ကိုဗစ္ေရာဂါနဲ႔ကြယ္လြန္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ေန႔မအားညမအားျပဳစုခဲ့တဲ့ခင္ပြန္းကိုလက္လႊတ္လိုက္ရၿပီးေနာက္ တရားဘာဝနာအားထုတ္ကာ ေနထိုင္လ်က္ရွိတာပါ။

ဒီေန႔မွာလည္း” ေန႔စဥ္နဲ႔အမွ်ေတာ့ သူ႔အတြက္ ကုသိုလ္ေကာင္းမႈေတြ အမ်ိဳးမ်ိဳးေသာနည္းနဲ႔ ျပဳေပးေနတာပါပဲ..အခုလည္း သူ႔ဆႏၵတစ္ခုကို ျဖည့္စည္းေပးဖို႔ ကိုယ့္အတၱကို ေျဖေလ်ာ့လိုက္ပါတယ္..သူနဲ႔ပက္သက္သမွ် အမွတ္တရေတြတိုင္းေပၚမွာ ကြၽန္မရဲ႕တြယ္တာတတ္တဲ့ သံေယာဇဥ္နဲ႔ ေလာဘကို စြန႔္လႊတ္ႏိုင္ဖို႔ရယ္ သူပိုၿပီး ေကာင္းသထက္ေကာင္းဖို႔ရယ္ပဲ ဦးတည္ေဆာင္႐ြက္ပါ့မယ္..သူရွိစဥ္ကတည္းကလည္း သူ႔အေပၚယုံၾကည္စိတ္တစ္ခုတည္းနဲ႔ ပိုင္ဆိုင္သမွ်အကုန္ရင္းႏွီးျမႇဳပ္ႏွံခဲ့ဖူးသလို Supporting Role ကိုေတာင္ ေက်ေက်နပ္နပ္ ခံယူခဲ့ဘူးတာပဲေလ…

လြန္ခဲ့တဲ့ ေျခာက္ႏွစ္ဝန္းက်င္တုန္းက သာဓုကန္နားမွာ အမ်ိဳးလို ရင္းႏွီးတဲ့မိတ္ေဆြက နဂါး႐ုံဘုရားတည္ေတာ့ ကြၽန္မတို႔လင္မယားလည္း ဘုရားတည္တဲ့ေနရာမွာ ပါဝင္လႉဒါန္းကုသိုလ္ယူခဲ့ၾကတယ္..ဘုရားတည္ၿပီးေတာ့ အေနကစာတင္တဲ့ေန႔မွာ ဘုရားဆယ္ဆူ (၁၀ဆူလို႔ ထင္တာပဲ.. ပိုမ်ားလား မမွတ္မိေတာ့ဘူး) ကို နဂါး႐ုံဘုရားနဲ႔အတူတကြ အေနကစာတင္ၿပီး မဲေဖာက္လႉဒါန္းၾကတယ္..မဲက တစ္ေထာင္ေလာက္ရွိမယ္ထင္တယ္..မဲတစ္ေထာင္မွာ ကိုဉာဏ္က နံပါတ္တစ္မဲ ကို ေပါက္ခဲ့တယ္..အဲဒီ့တုန္းကတည္းက အရင္ကလုပ္ခဲ့တဲ့အလုပ္ခန္းမွာ အဲဒီ့ဘုရားေလးကို ပင့္ေဆာင္ၿပီး ေန႔စဥ္ရက္ဆက္ ကိုးကြယ္ပူေဇာ္ခဲ့ပါတယ္..

အိမ္အသစ္ေဆာက္ၿပီးေတာ့မွ အိမ္မွာဆက္ၿပီးကိုးကြယ္ခဲ့တာပါ..သူနဲ႔ထိုက္တန္လို႔ မြန္မြန္ျမတ္ျမတ္ရခဲ့တဲ့ ဘုရားေလးမို႔ ႏွစ္ေယာက္လုံးအရမ္းတန္ဖိုးထားပါတယ္..အခု သူ႔ဆႏၵအရ အဲဒီ့ဘုရားေလးကို ျပန္လည္မဲေဖာက္ၿပီး လႉဒါန္းေပးပါမယ္..တကယ္လိုအပ္တဲ့သူ တကယ္ကိုးကြယ္ခ်င္တဲ့သူကိုပဲ ရေစခ်င္ပါတယ္..ဉာဏ္ေတာ္ ၁၂လက္မ ဝန္းက်င္ျဖစ္ၿပီး ဘုရားကို ေ႐ႊအစစ္ခ်ထားပါတယ္..လာမယ့္ ၃၁ January (ကြၽန္မတို႔ လက္ထပ္ပြဲက်င္းပခဲ့တဲ့ ၁၀ ႏွစ္ေျမာက္ Wedding Anniversary) ေန႔မွာ သံဃာကိုးပါးနဲ႔ ေနအိမ္မွာ အေနကစာတင္ၿပီးမွ လႉဒါန္းမွာ ျဖစ္လို႔ သာေကတၿမိဳ႕နယ္ ျမခြာညိဳအိမ္ရာမွေနအိမ္ကို ကိုယ္တိုင္ကိုယ္က် လာယူႏိုင္တဲ့သူ ျဖစ္ရပါမယ္.. ဆရာေတာ္ကိုယ္တိုင္ လက္ေရာက္လႉဒါန္းေပးၿပီး သူ႔အတြက္ အမွ်ေဝမွာမို႔ပါ..
☘️တကယ္ေသခ်ာစြာ ပူေဇာ္ကိုးကြယ္ခ်င္ပါက အမွတ္စဥ္ (၁)မွ(၁၀၀၀) အတြင္း ႀကိဳက္ရာ နံပါတ္ကို Comment မွာ မန႔္ႏိုင္ပါတယ္.. ☘️သူမ်ားမန႔္ၿပီးသား နံပါတ္မျဖစ္ပါေစနဲ႔ေနာ္.. နံပါတ္ႏွစ္ခုတူေနရင္ အရင္ျမင္တဲ့ နံပါတ္ကိုပဲ ယူၿပီး က်န္နံပါတ္ကို ပယ္ပါမယ္..***
☘️လူတစ္ေယာက္ကို ႀကိဳက္ရာနံပါတ္တစ္ခုပဲ မန႔္ေပးပါ.. လူနာမည္ထပ္ေနရင္ နံပါတ္တခုစာပဲ ထည့္ပါမယ္ရွင္ *☘️၂၆ ရက္ေန႔ မဲႏႈိက္မွာမို႔ ၂၅ ရက္ေန႔ ည ၁၂ နာရီ မတိုင္ခင္ အထိ ကြန္မန႔္ေပးႏိုင္ပါတယ္.. ၃၁ ရက္ေန႔ မတိုင္ခင္ ဘုရားမဲေပါက္တဲ့သူကို ဆက္သြယ္အေၾကာင္းၾကားၿပီး အတည္ျပဳေပးပါမယ္..

☘️ယခုအလႉဟာ သူ႔ရဲ႕ပိုင္ဆိုင္မႈ တစ္ခုကို မြန္ျမတ္စြာ လႉဒါန္းၿပီး ဘုရားအလႉရဲ႕အက်ိဳးကို ပိုင္ရွင္ျဖစ္ခဲ့သူ ေဒါက္တာဉာဏ္လင္းဦး ေနာက္ဘဝတစ္ခုမွာ ရရွိေစဖို႔ ရည္႐ြယ္လႉဒါန္းတာျဖစ္တဲ့အတြက္ အေပၚကအခ်က္ေလးေတြကို အေလးအနက္ ရွိေစခ်င္ပါတယ္..
☘️ကိုကို႔ဆႏၵေလး အထေျမာက္ၿပီး ျမင့္ျမတ္တဲ့ဘုံဘဝကေန ပီတိျဖစ္စြာ သာဓုေခၚဆိုႏိုင္ပါေစ.. ပိုရ်္သာလြန္ေကာင္းမြန္တဲ့ ဘုံဌာနကို ေရာက္ရွိပါေစ..” ဆိုတဲ့စာေလးနဲ႔ ခင္ပြန္းရဲ႕ေနာက္ဆုံးဆႏၵကိုျဖည့္ဆည္းေပးမယ့္အေၾကာင္းေျပာျပလာခဲ့တာပါ။CeleGabarပရိသတ္ေတြလည္း ဘုရားမဲအတြက္ဝင္ေရာက္ကံစမ္းခ်င္ၾကမယ့္သူေတြအတြက္ေဖာ္ျပေပးလိုက္ပါတယ္။

Koe- CeleGabar
Source- NgweOu

x
error: Content is protected !!