” ဂေဟာမှာလာရောက်လှူဒါန်းထားတဲ့ပစ္စည်းအချို့ကို ဂေဟာတည်ရှိရာ တောင်ဒဂုံမြို့နယ်သူမြို့နယ်သားတွေအတွက်ပြန်လည်ဝေမျှကုသိုလ်ယူခဲ့တဲ့ခိုင်နှင်းဝေ”

CeleGabarပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ လှူစရာတွေကိုရှာကြံကာ အသေးစိတ်ထောင့်စေ့အောင်လှူဒါန်းတတ်တဲ့ ပရဟိတမင်းသမီးတစ်ယောက်ပါ။သူမအနေနဲ့ ပရဟိတအလုပ်တွေအပြင် သူမတည်ထောင်ထားတဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာလည်း လစ်ဟာမှုမရှိအောင် ဂရုတစိုက်နဲ့ မိဘမဲ့ကလေးတွေကိူပြုစုစောင့်ရှောက်လျက်ရှိတာပါ။

ဒီနေ့မှာလည်း”ဂေဟာမှာ လာလှူထားတဲ့ ပစ္စည်းတွေကို ကလေးတွေ အတွက် ဖယ်ပြီး ခုနှစ်ရက်သားသမီးများ ကုသိုလ် အဖြစ် ပြန်လည် ဝေမျှ လှူဒါန်းပေးခဲ့ပါတယ်ရှင်…အလှုရှင်များမှ တတ်နိုင်သလောက် လာလှူထားတဲ့ ပစ္စည်းတွေမို့ ဒါနမြောက်အောင် လိုအပ်တဲ့သူတွေ လက်ထဲ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်..အားလုံးပဲ ပီတိကုသိုလ်လေးများနဲ့ အတူ သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်..🙏🙏🙏”ဆိုတဲ့စာလေးနဲ့ ဂေဟာသစ်တည်ရှိရာ တောင်ဒဂုံမြို့နယ်မှာ လှူဒါန်းခဲ့တာပါ။

“ချစ်ဘို့ ကောင်းတဲ့ တောင်ဒဂုံသူ \ သားတွေ ပါ….ကျမဂေဟာလေးကိုလဲ တတ်နိုင်သလောက် စောင့်ရှောက်ပေးနိုင်ကြပါစေရှင်..❤️”ဆိုတဲ့စာလေးကိုလည်း ရေးသားကာ လှူဒါန်မှုအတွက်ပီတိဖြစ်နေခဲ့တာပါ။CeleGabarပရိသတ်တွေလည်းခိုင်နှင်းဝေရဲ့​လှူဒါန်းမှုအစုစုတိူ့အတွက်သာဓုခေါ်မုဒိတာပွားခဲ့ကြပါဦးနော်။

 

Koe-CeleGabar
Source – Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်

” ေဂဟာမွာလာေရာက္လႉဒါန္းထားတဲ့ပစၥည္းအခ်ိဳ႕ကို ေဂဟာတည္ရွိရာ ေတာင္ဒဂုံၿမိဳ႕နယ္သူၿမိဳ႕နယ္သားေတြအတြက္ျပန္လည္ေဝမွ်ကုသိုလ္ယူခဲ့တဲ့ခိုင္ႏွင္းေဝ”

 

CeleGabarပရိသတ္ႀကီးေရ ခိုင္ႏွင္းေဝကေတာ့ လႉစရာေတြကိုရွာႀကံကာ အေသးစိတ္ေထာင့္ေစ့ေအာင္လႉဒါန္းတတ္တဲ့ ပရဟိတမင္းသမီးတစ္ေယာက္ပါ။သူမအေနနဲ႔ ပရဟိတအလုပ္ေတြအျပင္ သူမတည္ေထာင္ထားတဲ့ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာမွာလည္း လစ္ဟာမႈမရွိေအာင္ ဂ႐ုတစိုက္နဲ႔ မိဘမဲ့ကေလးေတြကိူျပဳစုေစာင့္ေရွာက္လ်က္ရွိတာပါ။

 

ဒီေန႔မွာလည္း”ေဂဟာမွာ လာလႉထားတဲ့ ပစၥည္းေတြကို ကေလးေတြ အတြက္ ဖယ္ၿပီး ခုႏွစ္ရက္သားသမီးမ်ား ကုသိုလ္ အျဖစ္ ျပန္လည္ ေဝမွ် လႉဒါန္းေပးခဲ့ပါတယ္ရွင္…အလႈရွင္မ်ားမွ တတ္ႏိုင္သေလာက္ လာလႉထားတဲ့ ပစၥည္းေတြမို႔ ဒါနေျမာက္ေအာင္ လိုအပ္တဲ့သူေတြ လက္ထဲ ျပန္လည္မွ်ေဝေပးျခင္းျဖစ္ပါတယ္..အားလုံးပဲ ပီတိကုသိုလ္ေလးမ်ားနဲ႔ အတူ သာဓု သာဓု ေခၚဆိုႏိုင္ၾကပါေစရွင္..🙏🙏🙏”ဆိုတဲ့စာေလးနဲ႔ ေဂဟာသစ္တည္ရွိရာ ေတာင္ဒဂုံၿမိဳ႕နယ္မွာ လႉဒါန္းခဲ့တာပါ။

“ခ်စ္ဘို႔ ေကာင္းတဲ့ ေတာင္ဒဂုံသူ \ သားေတြ ပါ….က်မေဂဟာေလးကိုလဲ တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္ေပးႏိုင္ၾကပါေစရွင္..❤️”ဆိုတဲ့စာေလးကိုလည္း ေရးသားကာ လႉဒါန္မႈအတြက္ပီတိျဖစ္ေနခဲ့တာပါ။CeleGabarပရိသတ္ေတြလည္းခိုင္ႏွင္းေဝရဲ႕​လႉဒါန္းမႈအစုစုတိူ႔အတြက္သာဓုေခၚမုဒိတာပြားခဲ့ၾကပါဦးေနာ္။

Koe-CeleGabar
Source – Khine Hnin Wai

x
error: Content is protected !!