နာမည်ကြီးအမှတ်တံဆိပ်တွေရဲ့ Brand Ambassador အဖြစ် နှစ်များစွာလက်တွဲလုပ်ကိုင်လျက်ရှိတဲ့ ပန်းရောင်ခြယ်

ပန်းရောင်ခြယ်ကတော့ အနုပညာမျိုးဆက်တစ်ယောက်ဖြစ်သလို အနုပညာပါရမီအပြည့်အဝပါတဲ့သူတစ်ယောက်ပါ။ ဖခင်ဖြစ်သူဂရေဟမ်လိုပဲ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေသလို သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အနုပညာခြေလှမ်းတွေစတင်လာခဲ့ပြီဖြစ်ပါတယ်။


အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ပန်းရောင်ခြယ်ကတော့ နာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ကာလကြာရှည်လက်တွဲရတဲ့အထိလည်း အောင်မြင်တဲ့သူပါ။ သူကတော့ Sunsilk၊ Cute Press၊ Samsung နဲ့ Mitsubishi Motors စတာတွေနဲ့လက်တွဲလုပ်ကိုင်နေတာပါ။ Sunsilk နဲ့ကတော့ Brand Ambassador အဖြစ် (၃) နှစ်လုပ်ဆောင်ခဲ့ပြီး (၂) နှစ်ထပ်မံအလုပ်တွဲလုပ်ဦးမှာပါ။ Cute Press နဲ့ကလည်း Brand Ambassador အဖြစ် (၃) နှစ် ဆောင်ရွက်ခဲ့ပြီးလို့ နောက်ထပ် (၁) နှစ်ထပ်မံအလုပ်လုပ်ကိုင်ဦးမှာဖြစ်ပြီး Samsung နဲ့ကတော့ (၄) နှစ်မြောက်လက်တွဲလုပ်ကိုင်နေခြင်းပါ။ Mitsubishi Motorsနဲ့ကတော့ မိသားစုလိုက် Brand Ambassador အဖြစ် (၂ )နှစ် မြောက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ပန်းရောင်ကတော့ ” မြန်မာနိုင်ငံမှာရော ကမ္ဘာတစ်ဝန်းမှာပါ ပြည်သူတွေချစ်တဲ့ Brand ရဲ့ Ambassador တစ်ယောက်ဖြစ်ဖို့အခွင့်အရေး၊ ဖြစ်ပြီးရင်လဲ ကိုယ်နဲ့ဒီခရီးကိုဆက်တိုက် နောက်နှစ် နောက်နှစ်တွေ အတူဆက်သွားချင်တယ်ဆိုတဲ့ အခွင့်အရေးဆိုတာ မလွယ်ကူဘူးလို့ထင်မိပါတယ်။ အဲဒီအတွက်ကြောင့် ပျော်ရွှင်ဂုဏ်ယူမိပါတယ်။ ပန်းရောင်ရဲ့ Brands လေးခု လုံးကိုလဲ မြတ်မြတ်နိုးနိုးချစ်ပြီး တန်ဖိုးထားပါတယ်။ ဒီခရီးရှည်တစ်လျှောက် အမှတ်တရတွေကတော့ပြောမကုန်ပါ။ အတူဆက်လျှောက်ဖို့ရှိတဲ့ ခြေလှမ်းတွေအတွက်လဲ ရင်ခုန်နေပါတယ်”ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာရေးသားခဲ့ပါတယ်။ အမှတ်တံဆိပ်တစ်ခုရဲ့ Brand Ambassador အဖြစ်လုပ်ကိုင်ဖို့ဆိုတာ မလွယ်ကူလှသလို အခုလိုနှစ်များစွာလက်တွဲနိုင်ပြီး အနုပညာမှာလည်းအောင်မြင်သည်ထက်အောင်မြင်လာအောင်ကြိုးစားနိုင်တာကတော့ တကယ့်ကိုဂုဏ်ယူစရာပါပဲနော်…
Source : PanYaungChel