ရွှေတောင်ခေါက်ဆွဲစလုပ်ဖြစ်ခဲ့ပုံနဲ့ လုပ်နည်းတွေကို ပရိသတ်တွေကိုဝေမျှတော့မယ့် လင်းဇာနည်ဇော်

နက်မှောင်လှပတဲ့ ဆံပင်အရှည်ကြီးနဲ့ မဟာဆန်လွန်းတဲ့ ဝါရင့်မင်းသမီး လင်းဇော်နည်ဇော်ကို ပရိသတ်တွေ သိပြီးဖြစ်မှာပါနော် ။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ တစ်ချိန်က ပရိသတ်တွေချစ်ခင်အားပေးမှုရရှိထားတဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပါ။

အနုပညာအလုပ်တွေအရင်ကလောက်မလုပ်ဖြစ်တော့ပေမယ့် လင်းဇာနည်ဇော်ဟာ အမဖြစ်သူချစ်ချစ်ဇော်နဲ့အတူ ပရဟိတလုပ်ငန်းတွေအတူလုပ်နေသလို ရွှေတောင်ခေါက်ဆွဲလည်း ရောင်းချနေပါတယ် ။ လတ်တလောမှာတော့ ဒီတစ်ပတ် စနေ ပိတ်ရက်လေးမှာ ‘Shweခေါက်ဆွဲ’ Page မှာ..live လွှင့်ရင်း ပရိသတ်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အသိပေးလာခဲ့ပါတယ် ။. Shweခေါက်ဆွဲစလုပ်ဖြစ်ခဲ့ပုံ နဲ့ ဒီကာလမှာစနစ်တကျကိုယ်တိုင်လုပ်ပြီး
ဘယ်လိုပုံစံနဲ့ပို့ပေးမယ်ဆိုတာကို ရင်ထဲမှာရှိတဲ့စကားလေးတွေနဲ့ ပရိသတ်တွေနဲ့အတူ ပေါ့ပေါ့ပါးပါးပြောကြမှာဖြစ်တယ်လို့သိရပါတယ် ။

 

လင်းဇာနည်ဇော်ရဲ့ ခေါက်ဆွဲကို ကြိုက်နှစ်သက်ကြတဲ့ ချစ်ပရိသတ်ကြီးနဲ့ ရွှေခေါက်ဆွဲလုပ်နည်းကို သိချင်တဲ့ ပရိသတ်တွေအတွက် စနေ နေ့ ညနေ (၃)နာရီမှာ လွှင့်မယ့် သူမရဲ့ Live လေးကို လက်လွှတ်မခံဖို့အတွက် သတင်းကောင်းပါးလိုက်ပါတယ်နော် ..။ ပထမအကြိမ် Live လွှင့်ထဲက ပျော်ပျော်ပါးပါး စကားပြောခွင့်ရခဲ့တဲ့ ပရိသတ်တွေကတော့ ဒုတိယ Live လေးကို စောင့်မျှော်နေကြပါပြီ ။

Source : Lin Zarni Zaw
Emily ( Cele Gabar)