(၄၇)သိန်းတန်ဖိုးရှိ မဟာပဌာန်းကျမ်းတွဲ(၅၀)လှူဒါန်းဖို့အတွက် ပူဇော်လိုသူတွေကို ဖိတ်ခေါ်ခဲ့တဲ့ စမိုင်းလ်

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ စမိုင်းလ်ကတော့ ဓမ္မအလှူဒါန အဖြစ် ပဌာန်းတွဲကျမ်း- ၅အုပ်တွဲ အစုံ ၂၀၀ ကို ၄၇သိန်းဖိုး လှူဒါန်းသွားမှာဖြစ်တယ်လို့ မကြာသေးမီက ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ ။ စာအုပ်တွေရဲ့တန်ဖိုးမြင့်လို့ အလကားပေးလို့ ယူတာမျိုးမဟုတ်ဘဲ တကယ်ကိုပူဇော်ချင်တဲ့ သူတွေကိုပဲရွေးပြီး ဓမ္မဒါနပြုလုပ်သွားမှာဖြစ်ပါတယ်လို့လည်း စမိုင်းလ်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုအ သိပေးခဲ့ပါတယ် ။

လတ်တလောမှာတော့ သူမရဲ့ အွန်လိုင်းရုပ်ရှင်ရုံကိစ္စနဲ့အလုပ်များနေလို့ ပဌာန်းကျမ်း လှူမယ့် ကိစ္စကို မေ့နေတဲ့အတွက် သူမခင်ပွန်းမွေးနေ့အလှူအဖြစ် မဟာပဌာန်းကျမ်းတွဲ ၅၀တွဲလှူဒါန်းမယ့်ကိစ္စကို ပြန်လည်အကောင်အထည်ဖော်ခဲ့ပါတယ် ။ ပဌာန်းကျမ်းတွဲ လိုချင်သူတွေဟာ မိမိရဲ့ အမည်၊ မြို့နယ် စတာတွကို သူမရဲ့ ပို့စ်အောက်မှာရေးပေးကြဖို့နဲ့ လူ ၅၀ရွေးချယ်ပြီး လှူဒါန်းသွားမှာဖြစ်ကြောင်း ထပ်မံအသိပေးလာခဲ့ပါတယ် ။

ဓမ္မဒါနအလှူဖြစ်တာကြောင့် အမှန်တကယ် ပူဇော်ချင်တဲ့ ပရိသတ်တွေကတော့ သူမရဲ့ပို့စ်အောက်မှာ ပါဝင်ကံစမ်းကြပြီး ကံထူးမယ့် အယောက် (၅၀) ကဘယ်သူတွေဖြစ်မလဲ ဆိုတာကတော့ ရင်ခုန်စရာပါပဲ ။ စမိုင်းလ်ကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း ပဌာန်းကျမ်း ပူဇော်ချင်သူတွေ ပါဝင်ကံစမ်းလို့ရအောင် သတင်းကောင်းပါးလိုက်ပါတယ်နော် ။

Source : Smile
Emily (Cele Gabar)