ထက်ထက်မိုးဦး Live တွေကြည့်ပြီးအားကျနေတဲ့ ဇနီးကို (၅)နှစ်စောင့်ဖို့ပြောလာတဲ့ ညီနန္ဒ

သရုပ်ဆောင်ညီနန္ဒကတော့ COVID-19 ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အချိန်မှာ “ကိုနန္ဒ”လို့ အမည်ပေးထားတဲ့ ထောပတ် ထမင်းကို အွန်လိုင်းကနေတဆင့် ရောင်းချနေတာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။ အနုပညာသက်တမ်း အနှစ် ၂၀ ကျော် ခဲ့ပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရုပ်သံ ဇာတ်လမ်းတွဲပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ သမီးလေးတစ်ယောက်နဲ့အတူ သာယာပျော်ရွှင်ဖွယ်မိသားစုလေး ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး ။

အရင်က လောင်းကစားတွေကြောင့် ချစ်ရတဲ့ ဇနီးနဲ့ကွာရှင်းမလိုတွေဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ စီးပွားရေးတွေလုပ်ပြီး ဇနီးဖြစ်သူကို စိတ်ချမ်းသာအောင် ထားနိုင်ခဲ့ပါပြီ ။ လတ်တလောမှာတော့ ထက်ထက်မိုးဦး live ကိုကြည့်ပြီး အားကျနေတဲ့ ဇနီးဖြစ်သူကို ဝယ်ပေးနိုင်အောင် ကြိုးစားနေပါတယ် မိန်းမရေ ၅နှစ်ပဲစောင့်… ဆိုတဲ့စာသားလေးနဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

မနက်ဖြန် ထောပတ်ထမင်း ရောင်းရအုံးမယ် မိန်းမရေ… ဆက်မကြည့်နဲ့တော့နော်. လို့လည်း အရွှန်းဖောက်ပြီးရေးသားထားပါသေးတယ် ။ ပရိသတ်တွေကတော့ သူတို့ဇနီးမောင်နှံရဲ့ ချစ်စဖွယ် ပုံစံလေးကို အရမ်းကိုသဘောကျနေကြတာပါ ။ ညီနန္ဒရဲ့ ချစ်ပရိသတ်တွေကလည်း ထောပတ်ထမင်းတွေ အများကြီးရောင်းရပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးနိုင်ပါစေလို့ ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ။

Source : Nyi Nanda
Emily (Cele Gabar)