Covid-19 Positive နဲ့ဆေးရုံမှာ Qဝင်နေရတဲ့ ဦးကျော်သူကိုကြည့်ရှုစောင့်ရှောက်နေတဲ့ထွန်းကိုကို

ပရိသတ်ကြီးရေ .. သရုပ်ဆောင် ထွန်းကိုကိုကတော့ ပရဟိတအလုပ်နဲ့ အနုပညာကို တွဲလုပ်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဦးကျော်သူ နာရေးကူညီမှုအသင်းမှာလည်း vlounteer တစ်ယောက်အဖြစ် ကူညီဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ် ။ သီးသန့်မီးသတ်တပ်ဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေး၊ ထွန်းကိုကိုနဲ့ ထွန်းကိုကို ချစ်ကြသူများနဲ့လဲ အလှူငွေလေးတွေကောက် ခံပြီး တစ်လတစ်ကြိမ် တကယ်လိုအပ်တဲ့နေရာတွေမှာ အလှူလေးတွေလုပ်တဲ့ အနုပညာရှင်တစ်ယောက် လည်းဖြစ်ပါတယ် ။

လတ်တလောမှာတော့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်တဲ့ ဦးကျော်သူက Covid Positive နဲ့ ဝေဘာဂီဆေးရုံကြီးမှာ Q ဝင်နေရတယ်လို့သိရှိရပါတယ် ။ သရုပ်ဆောင် ထွန်းကိုကိုကလည်း ဦးကျော်သူအတွက် လိုအပ်တာတွေကို ကူညီစောင့်ရှောက် ဂရုစိုက်ပေးနေခဲ့တာပါ ။ ဦးကျော်သူက ယနေ့ ရဲဘော်ရဲဘက်ကြီး ကိုထွန်းကိုကိုကကျွန်တော့်အားဆီးချိုသွေးချိုစစ်ရန် ကူညီဆောင်ရွက်ပေးကာ ၊ ဆရာဝန်များကလည်း ကိုထွန်းကိုကိုအားလာရောက်၍ Swab testing လာရောက်ပြုလုပ်ပြီဖြစ်သည်။ ကံကောင်းပါစေ …. ရဲဘော်ထွန်းကိုကို။ ဆိုတဲ့စာသားလေးကို လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့ပါတယ် ။

ပရိသတ်တွေကတော့ ဦးကျော်သူကို အမြန်ဆုံးနေကောင်းကျန်းမာစေဖို့နဲ့ ထွန်းကိုကိုတစ်ယောက် ရောဂါကင်းရှင်းပြီး Positive မထွက်ဖို့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ။ ဦးကျော်သူနဲ့ ထွန်းကိုကို တို့နှစ်ယောက်လုံး ဒီရောဂါဆိုးကြီးကို အမြန်ဆုံး ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးကြပါဦး ပရိသတ်ကြီးရေ ..။

Source : Kyaw Thu
Emily (Cele Gabar)