ပိုက်ဆံလာချေးတဲ့သူတွေကို လူလိုနားလည်ကြဖို့ ဒဲ့ပြောလိုက်တဲ့ ဂျွန်လွင်

အနုပညာရှင်တွေ များစွာကို မွေးထုတ်ပေးခဲ့တဲ့ မော်ဒယ်လ်လောက ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဂျွန်လွင်ကတော့ ပရဟိတအလုပ်တွေ များစွာလုပ်ကိုင်ပြီး လိုအပ်နေတဲ့ သူတွေကို လှူဒါန်းမှုတွေပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ပါ ။ အကူညီအရမ်းလိုအပ်နေတဲ့ သူတွေကို စုံစမ်းပြီး ကိုယ်တိုင်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေကလေးစားချစ်ခင်နေကြရတာပါ ။

လတ်တလောမှာတော့ ဂျွန်လွင်တစ်ယောက် ပိုက်ဆံချေးတဲ့သူတွေ အိမ်ဌားဖို့ပိုက်ဆံအကူညီတောင်းတဲ့သူတွေ အိမ်မှာအဆင်မပြေလို့ကူညီပါဆိုတဲ့သူတွေကို ကျေးဇူးပြုပြီးလူလိုနားလည်ပါ လို့ သတိပေးစကားဆိုလာပါတယ် ။ ဒီအချိန် သူကိုယ်တိုင်လည်း လဲဝင်ငွေမရှိဘဲ ဝန်ထမ်းတွေကိုလစာပေးထားရတဲ့အတွက် ငါမှာငွေမရှိရင်ဘယ်သူမှလာသနားမှာမဟုတ်ဘူး လူလိုသိပါ လို့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သတိပေးခဲ့တာပဲဖြစ်ပါတယ် ။

တချိန်ကလူတချို့ငွေလိုလို့ထုတ်ပေးထားတဲ့သိန်း(၁)ထောင်ကျော်အကြွေးတောင် ပြန်မရတဲ့အတွက် ထပ်ပြီးဘယ်သူ့ကိုမှ ကူညီမည်မဟုတ်ကြောင်းနဲ့ အရှက်ရှိရင်လာမတောင်းကြပါနဲ့ ငါက အကြင်နာတရားထွန်းကားရေးက ငွေထုတ်ချေးနေတာ မဟုတ်ဘူးလို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Jhon Lwin
Emily (Cele Gabar)