အရမ်းဟော့တဲ့ အာရှတိုက်သားလေးလို့ အနောက်နိုင်ငံက မော်ဒယ်လ်တစ်ယောက်ရဲ့ချီးမွမ်းခံလိုက်ရတဲ့ ပိုင်တံခွန်

အရည်လဲ့နေတဲ့မျက်ဝန်းလေးနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူကတော့ ပိုင်တံခွန်ပါ။ ပိုင်တံခွန်ကတော့ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် ပရိသတ်တွေကိုလည်း အလေးအနက်ထားဆက်ဆံတတ်သူတစ်ယောက်မို့ နုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံမှာသာမကဘဲ ထိုင်းနိုင်ငံမှာပါ ကြော်ငြာရိုက်ကူးရေးတွေလုပ်လာရတဲ့အထိ ထိုင်းပရိသတ်လည်း အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ မနေ့ကတော့ အာရှတဝှမ်းမှာ ပရိသတ်ရရှိနေပြီဖြစ်တဲ့ ပိုင်တံခွန်တစ်ယောက် အနောက်နိုင်ငံကမော်ဒယ်လ်တစ်ယောက်ရဲ့ အရမ်းဟော့တဲ့ အာရှတိုက်သားလေးလို့ ချီးမွမ်းခြင်းကိုရရှိခဲ့တဲ့ဗွီဒီယို လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။ Instagram နဲ့ Tik Tok မှာပရိသတ်အခိုင်အမာရရှိထားတဲ့ မော်ဒယ်လ်လေးကတော့ ပိုင်တံခွန်ရဲ့ ယောကျ်ားပီသတဲ့ကြွက်သားနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေကိုကြည့်ပြီး အာရှသားတွေကအရမ်းဟော့တာပဲ ဆိုပြီး Tik Tok ဗွီဒီယိုလေးပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ အနုပညာအလုပ်နဲ့ အောင်မြင်မှုရရှိလာသလို ရရှိလာတဲ့အနုပညာကြေးတွေကိုလည်း အများအပေါ်စိတ်ကောင်းရှိစွာနဲ့ အလှူအတန်းလုပ် မျှဝေလေ့ရှိသူပါ။ ဒါကြောင့်မို့လည်း မြန်မာနိုင်ငံမှာသာမက နိုင်ငံရပ်ခြားကပရိသတ်တွေကပါ သတိထားလာရတဲ့အထိ အောင်မြင်မှုရရှိလာခဲ့တယ်လို့ ဆိုရမှာပါ ပရိသတ်ကြီးရေ..

Source – Su May
Rainbow- Cele Gabar