yinix Electronics ကနေ ပြုလုပ်တဲ့ Tiktok Campaign မှာပါဝင်ခဲ့ကြတဲ့ ဇွဲညီအစ်ကို အမွှာနှစ်ယောက်

ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ ညီအစ်ကိုနှစ်ယောက်ကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို စတင်ရရှိထားတဲ့ ကလေးသရုပ်ဆောင် အမွှာညီအစ်ကိုတွေပဲ ဖြစ်ပါတယ်..။ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြပြီး း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတာလည်း တွေ့ရပါတယ်..။

အနုပညာလှုပ်ရှားမှုလေးတွေကို ပြန်လည်မျှဝေလေ့ရှိတဲ့ ပရိသတ်တွေရဲ့ အချစ်တော် ညီအစ်ကိုနှစ်ယောက်ကတော့ လတ်တလောမှာလည်း Syinix Electronics ကနေ ပြုလုပ်တဲ့ Tiktok Campaign မှာ သားသားတို့ ပါဝင်ထားတဲ့ ဗီဒီယိုလေးကိုလည်း မျှဝေထားပါသေးတယ်..။ သရုပ်ဆောင်ပီပြင်မှုတွေနဲ့ ညီအစ်ကိုနှစ်ယောက်အတူ ချစ်စရာကောင်းစွာ အမိုက်စားဆော့ကစားထားတဲ့ သူတို့လေးတွေရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြတာ တွေ့ရပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်လေး နှစ်ယောက်ကတော့ 43”Syinix Android Lite TV တစ်လုံးအပြင် အခြား ဆုလက်ဆောင်တွေ ရရှိနိုင်မယ့် ဒီအစီအစဉ်ကို ပရိတ်သတ်ကြီးအားလုံးကိုလည်း ပါဝင်ဖို့ Challenge ခေါ်ထားပါသေးတယ် .။ ဇွဲညီအစ်ကိုနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ဆယ်လီကမ္ဘာ မှ ချစ်ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source : Zwe Wai Yan Htet

Emily (Cele Gabar)