ရခိုင်ဝန်ကြီးလောင်းကို မဲပေးဖို့အကြံပြုလာတဲ့ ရခိုင်တိုင်းရင်းသားတေးသံရှင် ရှိုင်း

လူငယ်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် ရှိုင်းကတော့ ရခိုင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးအတွက် ခေါင်းဆောင်ကောင်းတစ်ယောကို မဲပေးကြဖို့အတွက် ပရိသတ်တွေကို အကြံပြုလာခဲ့ပါတယ် ။ ရခိုင်လူမျိုးတစ်ယောက်ပီပီ ရခိုင်ဘာသာ စကားနဲ့ ဝန်ကြီးလောင်းကို မဲပေးကြဖို့အတွက် ရခိုင်လူမျိုး ပရိသတ်တွေကို အကြံပြုခဲ့တာပါ ။

 


ရခိုင်သားတစ်ယောက်အနေနဲ့ ပထမဆုံး post တင်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်း ကိုတင်ထူးအောင်နှင့်တကွ ရခိုင်အနုပညာရှင် တိုင်းရင်းသား ညီအစ်ကိုများနဲ့အတူ ( ရွှေပြည်သာမြို့နယ် )အောင်နိုင်ရေးရုံးဖွင့်ပွဲကို တက်ရောက်ကြဖို့အတွက် အကြံပြုစာ ရေးသားခဲ့တာဖြစ်ပါတယ် ။ နိုင်ငံရေးသမားမဟုတ်ပေမယ့် ကျွန်တော့်အနေနဲ့ ကိုယ့်လူမျိုးတွေရဲ့ အခက်အခဲတွေ ၊ အခွင့်အရေးတွေကို တကယ်လက်တွေ့ ကူညီကာကွယ်ပေးဖို့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ယုံကြည်ရတဲ့ လူကိုတော့ ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဝန်းရံပံ့ပိုးပေးဖို့ အဆင်သင့်ရှိကြောင်းကို ပရိသတ်တွေကို အသိပေးရေးသားဖော်ပြခဲ့ပါတယ် ။

 

ကျွန်တော်နဲ့ အတူ ရခိုင်လူငယ်မောင်မယ်တိကိုလည်း ကိုယ့်လူမျိုးတိအတွက် ကူညီစွမ်းဆောင်ပီးနိန်ရေ ဝန်ကြီးလောင်း ကိုတင်ထူးအောင်ကို မဲပီးကတ်ဖို့ အကြံပြုလိုက်ပါရေ . . .အဖရခိုင်ပြည်ကြီး ငြိမ်းချမ်းသာယာ တိုးတက်ပါစီ . . ဆိုတဲ့ ရခိုင်ဘာသာစကားလေးနဲ့လည်း ဝန်ကြီးလောင်း ကို ရခိုင်တိုင်းရင်းသားတွေ မဲပေးကြဖို့ အတွက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တိုက်တွန်းရေးသားခဲ့တာပဲဖြစ်ပါတယ် ၊

Source : Shine
Emily (Cele Gabar)