ကမ္ဘာကြီးနေပြန်ကောင်းသွားခဲ့ရင် လုပ်ချင်တဲ့အလုပ်တစ်ခုကို ပြောပြလာတဲ့ ကျော်ထက်ဇော်

မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချောလေးကျော်ထက်ဇော်ကတော့ “အမုန်းမှသည်” ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုအခိုင်အမာစတင်ရရှိထားတဲ့ မင်းသားချောလေးတစ်ဦးပါပဲ..။ ဇော်ဂျီလေးတွေရဲ့အချစ်တော် ကျော်ထက်ဇော်ကတော့ ပရိသတ်တွေကို စကားလုံးလှလှလေးတွေနဲ့ဖမ်းစားတတ်တဲ့ မင်းသားလေးပါနော် ..။

 

မင်းသားချောလေး ကျော်ထက်ဇော်က သူရဲ့သရုပ်ဆောင်ချက်တွေတိုင်းမှာ ညို့အားပြင်းတဲ့အကြည့်လေးတွေနဲ့ သရုပ်ဆောင်တတ်သူဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေကို သည်းသည်းလှုပ်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ပရိသတ်ကြီးအတွက် မကြာခဏ ဆိုသလို ချစ်စဖွယ် စကားလုံးလေးတွေနဲ့ ပို့စ်လေးတွေကို ရေးသားဖော်ပြတတ်တဲ့ ကျော်ထက်ဇော်ကတော့ ကမ္ဘာကြီး နေပြန်ကောင်းသွားရင်တော့ ….ဘုရားတူတူဖူး ကြတာပေါ့နော် ဆိုတဲ့စာသားလေးနဲ့အတူ ပုဆိုးလေးနဲ့ ခန့်ညားနေတဲ့ သူ့ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

 

သူ့ရဲ့ အမာခံ ဖန်လေးတွေကတော့ စိတ်ထားသိမ်မွေ့ပြီး နွေးထွေးတက်တဲ့အပြင် ဇော်ဂျီလေး‌တွေကို ဂရုစိုက်တတ်သလို ရယ်စရာတွေ‌ပြောတတ်တဲ့ ကျော်ထက်ဇော်ကသာ သူတို့ရဲ့ကမ္ဘာကြီးပါဆိုတဲ့ ချစ်စဖွယ်မှတ်ချက်လေးတွေရေးသားထားကြတာတွေ့ရပါတယ် ။ ကျော်ထက်ဇော်ကတော့ ချစ်ရတဲ့ ဇော်ဂျီလေးတွေနဲ့အတူ ကမ္ဘာကြီးအမြန်ဆုံးနေကောင်းဖို့ ဆုတောင်းပေးမယ့်အကြောင်းကို မှတ်ချက်ရေးသားခဲ့ပါတယ် ။

Source : Kyaw Htet Zaw
Emily (Cele Gabar)