Covid ကာလမှာသီတင်းကျွတ်အတွက် ဖေဖေနဲ့မေမေကို ကိုယ်ခံအားကောင်းစေမယ့် ပစ္စည်းတွေနဲ့ကန်တော့ခဲ့တဲ့ စံထပ်ထားဦး

ပရိသတ်အချစ်တော် ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ရတော့ ချစ်ရတဲ့ခင်ပွန်း ၊ ချစ်ရတဲ့ သမီးလေး ထိပ်ထိပ်တို့နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့အရမ်းလိမ္မာတဲ့ သမီးလိမ္မာလေး ထိပ်ထိပ်က ဖေဖေနဲ့ မေမေကို သီတင်းကျွတ်အခါသမယမှာ ကန်တော့ခဲ့ပါတယ် ။

သီတင်းကျွတ်ခါနီးပြီဆိုတော့ ထိပ်လေးကဖေဖေနဲ့မေမေကို ဘိတ်မောင်တိတ်ငှက်သိုက် ခြင်းလေးနဲ့ကန်တော့ခဲ့တာဖြစ်ပြီး ကပ်ဘေးကာလဆိုတော့အဆုတ်အားပြည့်ပြီးကိုယ်ခံအားကောင်းအောင်တဲ့ အရာလေးဖြစ်သလို မခိုင်လေးကလည်း အမြဲသောက်နေကျ ဖြစ်လို့သမီးလေး ထိပ်ထိပ် ကန်တော့တဲ့ ပစ္စည်းလေးကို အရမ်းကိုသဘောကျနေတာပါတဲ့ ပရိသတ်ကြီးရေ …။ ပရိသတ်တွေကတော့ သီတင်းကျွတ်အခါသမယမှာ မခိုင်လေးတို့မိသားစုပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတွေပေးခဲ့ကြပါတယ် ။

မခိုင်လေးရဲ့ ပရိသတ်တွေကတော့ ထိပ်ထိပ်လေးကို အရမ်းလိမ္မာလိုက်တဲ့ သမီးလေးဆိုတဲ့ မှတ်ချက်လေးတွေ ပေးခဲ့ကြပြီး သူမတို့ မိသားစုလေးကို အရမ်းချစ်ကြကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ပရိသတ်ကြီးရော မိဘတွေကို ကန်တော့ပြီးကြပြီလား မှတ်ချက်ရေးခဲ့ပါဦးနော် ..။

Source :Khine Thin Kyi
Emily (Cele Gabar)