ဖခင်ဖြစ်သူ သင်ကြားပေးတဲ့ လက်မှုပညာအမွေလေးကို ပရိသတ်တွေကိုချပြခဲ့တဲ့ အိစိကွေး

ကလေး သရုပ်ဆောင် ဘဝထဲက ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ အိစိကွေးလေးကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး ယနေ့အချိန်ထိ ပရိသတ်တွေ ချစ်ခင်အားပေးနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ အိစိလေးကတော့ သူ့ရဲ့ နေ့စဉ်ဘ၀ လှုပ်ရှားမှု ပုံရိပ်တွေနဲ့ အနုပညာလှုပ်ရှားမှု တွေကို ပရိသတ်တွေကို အမြဲမျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။


လတ်တလောမှာတော့အိစိလေးတစ်ယောက် ဖခင်ဖြစ်သူ သင်ကြားပြသပေးထားတဲ့ လက်မှုပညာ အမွေလေးကို အကျိုးရှိရှိ အသုံးချခဲ့တဲ့အကြောင်း ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ အိမ်မှာနေရင်း အကျိုးရှိအောင် အဝတ်လှန်းတဲ့စင် လုပ်ဖြစ်တယ် ကြည့်တော့သာလွယ်ပေမယ့် လုပ်ကြည့်တော့ အချိန်လည်းပေးရသလို လက်လည်းအရမ်းဝင်တယ် ပြီးသွားတော့လည်း စိတ်ချမ်းသာနေရော လက်မှုပညာပါ သင်ပေးလို့ ကျေးဇူးပါ အဖေရေ ဆိုတဲ့စာသားလေးနဲ့ ဖခင်ဖြစ်သူကိုလည်း ကျေးဇူးတင်စကား ဆိုထားပါသေးတယ် ။

ပရိသတ်တွေကတော့ အိမ်က မိဘတဲ့အားကိုးရတဲ့ သားလေးတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင် အဝတ်လှမ်းစင်လေး လုပ်ထားတဲ့ အိစိကို ချီးကျူးစကားတွေရေးသားခဲ့ကြပါတယ် ။ အိစိကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း အိမ်မှာနေရင်း အကျိုးရှိတဲ့ လက်မှုပညာလေးတွေ လုပ်ဆောင် နိုင်ကြဖို့ ပြန်လည်မျှဝေပေးလိုက်တယ်နော် ။

Source : Eisi Kway
Emily (Cele Gabar)