အလုပ်နားထားရတဲ့ မိတ်ကပ်ဆရာအငယ်လေးတွေကိုလှူဒါန်းခဲ့တဲ့ ဆေးရောင်ခြယ်တွဲလက်တစ်ဖက်ကို ကျေးဇူးတင်မဆုံးဖြစ်နေတဲ့ မေဦး

ပရိသတ်အချစ်တော် အလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ အနုပညာရှင်ပေါင်းများစွာကို လှပအောင်ဖန်တီးပေးနေသူတစ်ယောက်ပါ ။ လတ်တလောမှာတော့ သူ့ရဲ့ ဂျူနီယာ မိတ်ကပ်ဆရာလေးတွေ အလုပ်နားထားရချိန်မှာ အလှူရှင်ပေါ်လာတဲ့အတွက် ဝမ်းသာမဆုံးဖြစ်နေတာပါ ။

မိတ်ကပ်ဆရာအငယ်လေးတွေနဲ့ အလုပ်တွေနားထားရတဲ့ ပန်းအလှထိုးတဲ့သူတွေ အနုပညာသမားတွေရဲ့နောက်လိုက်လေးတွေ အခုချိန်မှာအလုပ်နားထားရလို့ ခက်ခဲနေတဲ့အချိန်လေးမှာ ဆေးရောင်ခြယ်တွဲလက်တစ်ဖက်မှ ကိုအောင် (နဝရက်အောင်အောင်) နဲ့ ကိုငယ် မှစာရင်းပေးပေးသော လူအယောက် ၂၀၀ စာကို ဆန် ၊ဆီ ၊ဆားနဲ့ mask တွေလှူဒါန်းပေးခဲ့တဲ့ EXCELLENT FORTUNE FOUNDATION မှ ဦးစိုင်းမျိုးဝင်းနဲ့ ဒေါ်နန်းခင်မြင့်ရီ တို့အား ကျေးဇူးအထူးတင်ရှိကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

အလှူအတန်းကိုလက်မနှေးပဲသိန်းပေါင်းများစွာအကုန်ကျခံလှူဒါန်းတဲ့ မေဦး ချစ်ရတဲ့အကိုနဲ့အမ ဇောတိက လိုပုဂ္ဂိုလ်နှင့်ဝိဿာခါ ကျောင်းအမကြီးကဲ့သို့ ထက်မံ၍အကျိုးထူးပါစေ သာဓုလဲအကြိမ်ကြိမ်ခေါ်ပါ အလှူဖြစ်မြောက်အောင်ကူညီပေးတဲ့ မင်းသက်စံ ကိုလည်းကျေးဇူးတင်ပါတယ် လို့ရေးသားခဲ့ပါတယ် ။ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေကိုအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

Source :May Oo
Emily ( Cele Gabar)