အရမ်းလေးစားရတဲ့ အနုပညာရှင် (၄)ယောက်က Covid အတွက် ပန်းချီကားတွေလှူဒါန်းခဲ့ကြောင်း ပြောလာတဲ့ ဆန်းထွဋ်

ပရိသတ်ကြီးရေ လတ်တလောမှာတော့ အစီစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်သူ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်တဲ့ ဆန်းထွဋ်ကတော့ သူ အရမ်း ချစ်ပြီး လေးစားရတဲ့ အနုပညာရှင်ကြီးတွေနဲ့ အတူတူ သူ့ ရဲ့ ကြိုးစားမှုလေးတစ်ခုနဲ့ ကိုဗစ်အတွက်ပါဝင် လှူဒါန်းခွင့်ရတာ ဝမ်းသာတဲ့အကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

ပန်းချီအနုပညာနဲ့ ကိုဗစ်အလှူကို ပန်းချီကားများ လှူဒါန်းထားတဲ့ အနုပညာရှင်(၄)ဦး ရှိခဲ့ပြီး အဆိုပါ ပန်းချီကားများကို ကြမ်းခင်းဈေးသတ်မှတ်ပြီး မကြာမီမှာ ရောင်းချပေးတော့မှာဖြစ်တယ်လို့သိရပါတယ် ။ ရောင်းရသမျှ ပန်းချီကားဆီမှ ငွေများအားလုံးကို ကိုဗစ်အလှူအတွက် လှူဒါန်းပေးသွားမှာဖြစ်ပြီး လှူဒါန်းပေးခဲ့တဲ့ အနုပညာရှင်တွေကတော့ ရော့ခ်ဂီတသမိုင်းတစ်ခုကိုအခိုင်အမာစိုက်ထူထားသော တေးသံရှင် ဇော်ဝင်းထွဋ် ၊ တေးရေး တေးဆို ပန်းချီဆရာ နေမျိုးဆေး ၊ တေးရေးတေးဆို နေဒီလင်း (ဝဏ္ဏကိုလေး) ၊ အစီအစဉ်တင်ဆက်သူ ဆန်းထွဋ် … တို့ဖြစ်ပါတယ်။

 

ဘယ်လိုပန်းချီအနုပညာလက်ရာများဖြစ်မလဲဆိုတာ မကြာမီဖော်ပြပေးသွားတော့မှာဖြစ်ပြီး 3Color Facebook Page မှ ဦးစီးတဲ့ ကိုဗစ်အတွက် အလှူဖြစ်မြောက်ဖို့ ဒါရိုက်တာ ကိုပေါက်နဲ့ အတူ Myanmar Media 7 ဥက္ကဌ ကိုဝေမင်းမောင် ၊ Myanmar Art Center ပိုင်ရှင် မသက် တို့မှ ပူးပေါင်းပါဝင်စီစဉ်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ။ ပန်းချီကို ချစ်မြတ်နိုးမှုဖြင့် ကိုဗစ်အလှူမှာ အနုပညာရှင်များနဲ့ အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြဖို့လည်း ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် လေးစားစွာဖိတ်ခေါ်ခဲ့ပါသေးတယ် ။

Source : San Htut
Emily (Cele Gabar)