ဂျပန်နိုင်ငံ FM တစ်ခုရဲ့ International Song Program မှာထုတ်လွှင့်ခြင်းကိုခံခဲ့ရတဲ့ ဘင်ဂျမင်ရဲ့ “ပြန်တွေ့မယ့်ရက်” သီချင်းလေး

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က ဘင်ဂျမင်ရဲ့ “ပြန်တွေ့မယ်ရက်” သီချင်းလေးထွက်ရှိထားခဲ့ပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီသီချင်းလေးက ဘင်ဂျမင်ရဲ့ ပထမဆုံး သီချင်းလေးဖြစ်ပေမဲ့ ပြည်တွင်းပရိသတ်တွေရဲ့ကြိုက်နှစ်ငက်အားပေးမှုကို တော်တော်လေးရရှိထားခဲ့ပါသေးတယ်။

လတ်တလောမှာတော့ ဘင်ဂျမင်ရဲ့ “ပြန်တွေ့မယ်ရက်” သီချင်းလေးက ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံအထိပါ အောင်မြင်မှုတွေရရှိနေခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ ဇွန်လ (၂၂)ရက်နေ့တုန်းက ဘင်ဂျမင်ရဲ့ ပထမဆုံးသီချင်းလေးဖြစ်တဲ့ “ပြန်တွေ့မယ့်ရက်” သီချင်းလေးကို Japan နိုင်ငံ Fukuokaမြို့ Love FM Departure Lounge (International Song Program) မှာထုတ်လွှင့်ပြသခဲ့တာပဲဖြစ်ပါတယ်။

ဘင်ဂျမင်ကလည်း အခုလို သူ့ရဲ့ပထမဆုံးသီချင်းလေးက ပြည်ပနိုင်ငံရဲ့ FMလိုင်းမှာပါထုတ်လွှင့်ပြသခြင်းကို ခံခဲ့ရတာကြောင့် ဂုဏ်ယူပျော်ရွှင်နေခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ဘင်ဘင်က သီချင်းလေးရဲ့ အောင်မြင်မှုကြောင့် ပျော်ရွှင်နေခဲ့သလို ဘင်ဘင်ရဲ့ ပရိသတ်တွေလည်း ဘင်ဘင်အတွက်ဂုဏ်ယူရအောင် မျှဝေဖော်ပြလိုက်ပါတယ်။

Chilli – CeleGabar
Source – Benjamin Sum