Lock Down မိနေတဲ့ ဆင်းရဲနွမ်းပါသူတွေကို အစားသောက်တွေဝေဌပေးမယ့် Sinon

ပရိသတ်တွေရဲ့အချစ်တော် Sinon ကတော့ ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေ တဲ့ သူတစ်ယောက်ဖြစ်ပြီး ပရဟိတ စိတ်အပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာခဏ ဆိုသလို အလှူအတန်းတွေပြုလုပ်တတ်ပြီး ကြင်နာမှုအပြည့်ရှိတဲ့ Sinon ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြပါတယ် ။

ဒီနေ့အောက်တိုဘာလ (၂၆)နေ့မှာတော့ Sinon က ရန်ကုန်မှာ ‌Lockdown မိနေတဲ့ဆင်းရဲနွမ်းပါးသူအချို့ကို ဆန် ခေါက်ဆွဲ ငါးသေတ္တာနဲ့ ဆီအချို့ပေးဝေခဲ့ပါတယ် ။ Sinon က သူ တတ်နိုင်သလလောက်လေးနဲ့ သူတို့ပျော်ရွှင်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။ အမြဲတမ်းမှတ်ထားပါ ဆင်းရဲနွမ်းပါသူတွေကို ဘယ်‌တော့မှ မေ့မထားပါနဲ့လို့လည်းပရိသတ်တွေကို အကြံပေးစကားဆိုခဲ့ပါသေးတယ် ။

Covid ကြောင့် သူများတွေ Stay Home နေရပေမယ့်လည်း ဆင်းရဲနွမ်းပါးသူတွေကတော့ ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့အတွက် အခုလို စားစရာတွေကိုဝေဌပေးခဲ့တာဖြစ်ပြီး သူ့ရဲ့စိတ်ဓာတ်ကို ပရိသတ်တွေက လေးစားကြောင်းမှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ Sinon တစ်ယောက် ဒီထက်မက လှူနိုင်ပါစေလို့လည်း ဆယ်လီကမ္ဘာက ဆုမွန်ကောင်းတောင်းပေးလိုက်ပါနော် .။

Source : Sinon
Emily (Cele Gabar)