နာတာရှည်သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေကို လိုအပ်သည်များ သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကိုတော့ အနုပညာရှင်တစ်ယောက်အဖြစ်သာမက ပရဟိတအလုပ်တွေအင်တိုက်အားတိုက်လုပ်ဆောင်တာကြောင့်လည်း နာမည်ကြီးသူတစ်ယောက်ပါ။ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုဖွင့်ထားပြီးမိဘမဲ့ကလေးများစွာရဲ့မိခင်တစ်ယောက်အနေနဲ့လည်း ရပ်တည်လျက်ရှိပါတယ်။ ပရဟတိမိခင်ကြီးခိုင်နှင်းဝေကတော့ မိဘမဲ့ဂေဟာအပြင်အခြားလိုအပ်တဲ့နေရာတွေကိုလည်း ကူညီလှူဒါန်းလျက်ရှိပါတယ်။


အခုလည်း ဒဂုံဆိပ်ကမ်းမြို့က နာတာရှည် သက်ကြီးရွယ်အို အဘိုးဘွား (၃၀)နှင့် ကလေးငယ် တွေကို ဆန်ပြုတ်ထုပ်၊ မုန့်ပုံး၊ Ovaltine၊ ဖြည့်စွက်စာ များနှင့် ဆေးအတွက်လိုအပ်တဲ့လှူဒါန်းငွေတွေကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ပရိသတ်တွေသိရှိရအောင် “အဘိုးဘွားနှင့် သက်ကြီးရွယ်အိုများ အဟာရ ပြတ်လတ်နေသောကြောင့် ရပ်ကွက်လူကြီးများမှ တအိမ် နည်းနည်းစီ စု ၍ ဆန်ပြုတ် ပြုတ်ပီး ကျွေးမွေးနေရသောကြောင့် ကျမ တတ်နိုင်သလောက် သွားရောက် လှူဒါန်း ပြီး နို့ ဆန်ပြုတ် ကုန်ကျစရိတ်အား လှူတန်း ကုသိုလ်ယူခဲ့ပါတယ်..ကျမ နဲ့ အတူ ခုနှစ်သားသမီးအလှူရှင်များ အားလုံး သာဓုခေါ်ဆို ကုသိုလ် ယူနိုင်ကြပါစေရှင်”ဆိုပြီးတော့ ရေးသားမျှဝေလာတာပါ။


လက်ရှိအချိန်မှာတော့ကပ်ရောဂါကြီးကြောင့် စီးပွားရေးတွေလည်း ရပ်ဆိုင်းထားရတာဖြစ်ပြီး အချို့နေရာတွေမှာ အလှူရှင်တွေများစွာလိုအပ်လျက်ရှိပါတယ်။ ခိုင်နှင်းဝေကတော့ လိုအပ်တဲ့နေရာတွေကို တစ်နေရာပြီးတစ်နေရာ သွားရောက်လှူဒါန်းနေတာ တကယ့်ကိုလေးစားအားကျစရာပါပဲ။
Source : KhineHninWai