Q ဝင်နေသူတွေအတွက် ခွန်အားဖြစ်မယ့် သီချင်းလေး လုပ်နေတဲ့ ထက်အဉ္ဇလီ

မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ကာ တင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ထက်အဉ္ဇလီကတော့ ပြိုင်ပွဲပြီးထဲက အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ရင်း အားပေးတဲ့ပရိသတ်တွေလည်း ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှု တစ်ခုကို ပရိသတ်တွေကို ဖွင့်ဟလာခဲ့ပါတယ် ။

ထက်အဉ္ဇလီက Qဝင်နေရတဲ့ သူတွေအတွက် ခွန်အားဖြစ်စေမယ့်သီချင်းလေး တစ်ပုဒ် လုပ်နေတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါ ။ ဒီသီချင်းလေးပြီးတာနဲ့ (၁၃၃)ရပ်ကွက် အရှေ့ဒဂုံ အ.ထ.က (၅) Q centreမှာ အပြေးလေး အားပေးဖျော်ဖြေဖို့သွားဦးမှာဖြစ်တယ်လို့သိရပါတယ် ။ Q ဝင်နေရသူတွေ စိတ်ဓာတ်ကျအားငယ်နေတဲ့အချိန်မှာ အနုပညာရှင်တွေကလည်း သူတို့တတ်တဲ့ပညာနဲ့အားပေးကြတာ တကယ်ကို ကြည်နူးစရာ ပါပဲ ပရိသတ်ကြီးရေ ..။

Q ဝင်နေသူတွေရော ထက်ကို အားပေးကြတဲ့ သူတွေရော ဒီသီချင်းအသစ်လေးနဲ့အတူ  တခြား သီချင်းတွေဆက်တိုက်နားထောင် ဖို့Ready ပဲလားလို့လည်း ပရိသတ်တွေကို မေးထားပါသေးတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရော ဘယ်လိုလဲ နားထောင်ဖို့ အဆင်သင့်ပဲလား ။

Source :Htet Inzali
Emily (Cele Gabar)