ကိုဗစ်ပထမလှိုင်းမှာလှူဒါန်းခဲ့သလို ဒုတိယလှိုင်းမှာလည်း လှူဒါန်းဖို့အတွက်ပြင်ဆင်နေတဲ့ နေခြည်ဦး

နေခြည်ဦးကတော့ သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့အပြင် အချိန်တိုအတွင်းမှာအောင်မြင်မှုရအောင်ကြိုးစားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဘလော့ဂါတစ်ယောက်အဖြစ်ပရိသတ်တွေသတိထားမိခဲ့တဲ့ချီချီကတော့ အခုဆိုရင်ဘလော့ဂါအလုပ်ပြင်မင်းသမီးတစ်လက်အနေနဲ့ပါပရိသတ်အခိုင်အမာရနေပါပြီ။


ချီချီကတော့အခုလိုကိုဗစ်ကာလမှာ လိုအပ်တဲ့နေရာတွေကိုလှူဒါန်းသွားဖို့လည်း ပြင်ဆင်နေပါတယ်။ ချီချီကတော့ ကိုဗစ်ပထမလလှိုင်းမှာတုန်းက သိန်း(၅၀)ခန့်တန်ဖိုးရှိတဲ့ PPE ဝတ်စုံပြည့်တွေကို လိုအပ်နေတဲ့ ဆေးရုံတွေလှူဒါန်းခဲ့ပါသေးတယ်။ အခုလည်း (၂၉) နဲ့ (၁) ရက်နေ့ မှာ ကျင်းပမယ့် She Shines Jewelry နဲ့ online charity sale မှာ အားလဲပေး ရောင်းလဲဝိုင်းရောင်းပေးပြီး အခု ဒုတိယလှိုင်းမှာ လှူဒါန်းဦးမှာဖြစ်ပါတယ်။


ချီချီကတော့ လှူဒါန်းဖို့အတွက်လည်းပြင်ဆင်နေတဲ့ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေလာတာ ဖြစ်ပါတယ်။ ချီချီကတော့ အနုပညာမှာလည်းပရိသတ်တွေအားပေးမှုရတဲ့အထိဆက်တိုက်ကြိုးစားနေသလို လိုအပ်တဲ့နေရာမှာလှူဒါန်းဖို့လည်း ဝန်မလေးသူတစ်ယောက်ပါပဲနော်…


Source : NayChiOo