သံမဏိလူသားမဟုတ်တာမို့ ကိုဗစ် Positive ဖြစ်တာ မဆန်းပါဘူးဆိုတဲ့ ထွန်းကိုကို

ပရဟိတမင်းသားတစ်လက်အဖြစ် ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းမှာ ကျရာတာဝန်ကို နေ့စဉ်မပြတ်ထမ်းဆောင်နေသူ ထွန်းကိုကိုကတော့ ဒီတစ်ခေါက် ဦးကျော်သူ ကိုဗစ်Positive ဖြစ်ချိန်မှာလည်း ကိုယ်တိုင် ဆေးစစ်ချက် မယူရသေးဘဲနဲ့တောင် ဦးကျော်သူကို ပြုစုစောင့်ရှောက်ဖို့ ရဲဘော်ရဲဖက်စိတ်ဓာတ်အပြည့်နဲ့ အဖော်အဖြစ် လိုက်သွားပေးခဲ့သူပါ။

ပြီးခဲ့တဲ့ (၂၄) ရက်နေ့ကတော့ ထွန်းကိုကို ကိုဗစ်ပိုးရှိ မရှိ စစ်ဆေးဖို့ Swab test လုပ်ခဲ့ပြီး မနေ့ညကတော့ ဦးကျော်သူက ပျော်မနေကြပါနဲ့ဗျာ… အခုထိ P ပါဗျာ ( ကျော် နဲ့ ထွန်း) ဆိုတဲ့စာသားလေးမျှဝေခဲ့သလို ထွန်းကိုကိုကတော့ သံမဏိ လူသားလည်း မဟုတ်ဘူး…. စက်ရုပ်လူသားလည်း မဟုတ်ဘူး…. ပါဝါရိန်းဂျားလည်း မဟုတ်ဘူး…. P ဖြစ်တာ မဆန်း ပါဘူး ဆိုပြီး သူ့မှာလည်း ကိုဗစ်ပိုးတွေ့ရှိကြောင်း ပရိသတ်ကိုမျှဝေခဲ့ပါတယ်။

အားပေးနေတဲ့ပရိသတ်တွေကတော့ ပရဟိတမင်းသားနှစ်ယောက်စလုံးကို ဒီရောဂါကို အနိုင်တိုက်ကြဖို့နဲ့ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။ သူတို့နှစ်ဦးစလုံးအတွက် ဆရာဝန်၊ဆရာမတွေကလည်း စိတ်ခွန်အား၊လူခွန်အားရအောင် အစွမ်းကုန်ကြိုးစားကုသပေးနေသလို ဝိုင်းဝန်းဆုတောင်းပေးနေကြတဲ့ ပရိသတ်ကြီးရဲ့ မေတ္တာဓာတ်ကြောင့်လည်း အမြန်ဆုံးပြန်လည်သက်သာပျောက်ကင်းလာမှာတော့ အမှန်ပါပဲနော်။


Source – Yanpaing Tunko
Rainbow- Cele Gabar