ချစ်ရတဲ့ခင်ပွန်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ချောရတနာ

ချောရတနာကတော့အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ အနုပညာရှင်မင်းသမီးတစ်ယောက် ဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း ရရှိထားသူပါ ။ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့အလှမ်းဝေးပြီး အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် အိမ်ထောင့်တာဝန်တွေကို ထမ်းဆောင်နေခဲ့တာပဲဖြစ်ပါတယ် ။

 

အေးချမ်းသာယာလှတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့ ကလေးလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ် ။ အနေအေးပြီး ခပ်အေးအေးနေတတ်တဲ့ ခင်ပွန်းဖြစ်သူကလည်း သူမကိုအများကြီးချစ်ပေးတဲ့အတွက် သာယာပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရပြီး အိမ်ထောင်ရေးကံကောင်းတဲ့ သူတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုရမှာပါ ။ ဒီနေ့အောက်တိုဘာလ (၂၇)ရက်နေ့ကတော့ ချောရတနာခင်ပွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။

Happy birthday ပါ ကျားကျား အရယ်အပြုံးနည်းသော ကျားကျား သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး စိတ်ရှိတိုင်းလှူနိုင်တန်းနိုင်ပါစေ အမြဲ ရယ်နိုင်ပြုံးနိုင်ပါစေ လို့ ချောရတနာက လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ပါတယ် ။

Source : Chaw Yadanar
Emily (Cele Gabar)

x
error: Content is protected !!