အေးချမ်းလွန်းတဲ့အဖေ့ခြံလေးကိုရောက်တုန်းမှာ ဆယ်ကျော်သက်လေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ခင်သဇင်

ခင်သဇင်ကိုတော့ သရုပ်ဆောင်၊မော်ဒယ်လ်တစ်ယောက်အနေနဲ့ပရိသတ်တွေရင်းနှီးပြီးသား ဖြစ်မှာပါ။ စိုင်းစိုင်းရဲ့သီချင်းထဲကစပြီးတော့ အမိုက်စားမော်ဒယ်လ်လေးတစ်ယောက်အနေနဲ့ ပရိသတ်တွေရှေ့ရောက်ရှိလာတာဖြစ်ပြီး အခုဆိုရင်တော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါပြီ။


မကြာသေးခင်ကထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲမှာလည်း ဗီလိန်တစ်ယောက်အနေနဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကို မကြာခဏဆိုသလို ပရိသတ်တွေကို မျှဝေပေးလေ့ရှိပြီးအခုလည်း မန္တလေးကိုရောက်ရှိနေတာဖြစ်ပြီး အဖေ့အိမ်ပြန်ရောက်တာကြောင့် ပျော်ရွှင်နေကြောင်းကို “ရန်ကုန် မပြန်ချင်လောက်အောင် ဆွဲဆောင်လွန်းတဲ့ ပကတိ ရိုးစင်းတဲ့ အဖေ့အိမ်လေး” ဆိုပြီးတော့ ပုံလေးတွေနဲ့အတူတင်ထားပါသေးတယ်။


ခင်သဇင်ကတော့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာပျော်ရွှင်နေတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေထားတာပါ။ မိဘအိမ်ကအေးချမ်းတာကြောင့် ပျော်ရွှင်ပြီးမပြန်နိုင်ဘူးဆိုတဲ့ ခင်သဇင်ရဲ့စိတ်ခံစားချက်လေးတွေနဲ့ထပ်တူကျတဲ့သူတွေရှိလားနော်…


Source : KhinThazin

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …