ပြိုနေတဲ့အိမ်လေးထဲမှာနေရတဲ့ မြေးအဖိုးနှစ်ယောက်အတွက် အိမ်လေးတစ်လုံးဆောက်ပေးသွားမယ့် လင်းလင်းနဲ့ ချစ်သုဝေ

မြန်မာနိုင်ငံရဲ့အရေးကိစ္စတိုင်းအတွက် ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် လိုအပ်လာတိုင်း လက်မနှေးကူညီနေသူတွေဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားကတည်းကနေ ယနေ့အချိန်ထိ သိန်း(၄၀၀၀) နီးပါးလှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်အလှူတွေသာမက အခြားလိုအပ်နေတဲ့နေရာတွေကိုလည်း ဆက်တိုက်ဆိုသလို ကူညီနေပါသေးတယ်။

ဒီနေ့မှာတော့ ပြိုနေတဲ့အိမ်လေးထဲမှာ ချို့ချို့တဲ့တဲ့နေ နေရတဲ့ မြေးအဖိုးနှစ်ယောက်အတွက် အိမ်လေးတစ်လုံးဆောက်လုပ်လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အဖိုးဖြစ်သူက အသက်(၇၀) ကျော်နေပြီဖြစ်ပြီး ဝမ်းစာအတွက် ကုန်စိမ်းရောင်းချအသက်မွေးနေရသူပါ။ သူတို့ရဲ့အိမ်လေးကတော့ ပြိုကျနေတာကြာပြီဖြစ်ပေမယ့် နေ့စဉ်စားသောက်ဖို့အရေးသာ အာရုံစိုက်နေရတာမို့ ပြိုကျနေတဲ့အိမ်လေးထဲမှာပဲ မြေးအဖိုး(၂) ယောက် ဖြစ်သလို နေနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အဘိုးတို့နေတဲ့ ရပ်ကွက်က ချောင်းနဲ့နီးတဲ့ရပ်ကွက်ဖြစ်နေတာမို့ မိုးများပြီး ရေတက်လာတိုင်း ညအချိန်မတော်လည်း အိမ်ထဲကထွက်ပြီး ရေလွတ်ရာ လမ်းမကြီးဘက်ကို သွားနေရင်း ဒီအိမ်လေးနဲ့ပဲ ဖြစ်သလို နေထိုင်နေရပါတယ်တဲ့ ပရိသတ်ကြီးရေ…

ချစ်သုဝေကတော့ မိတ်ဆွေတစ်ယောက်ရဲ့ ပြောပြမှုကြောင့် အဘိုးတို့ မြေးအဘိုးနှစ်ယောက်ရဲ့အိမ်လေးကို ကိုယ်တိုင်သွားကြည့်ခဲ့ပြီးနောက်မှာတော့ အဘိုးတို့ မြေးအဘိုးအတွက် အိမ်လေးတစ်လုံးဆောက်လုပ်လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ လင်းလင်းကတော့ အခုလို လိုအပ်နေတဲ့သူတွေကို သိရှိပြီး လှူဒါန်းပေးနိုင်ဖို့ဆိုတာ ပြည်သူလူထုထဲထိသွားပြီး တဆင့်ပြန်ပြောပေးတဲ့သူတွေရှိလို့သာ လှူပေးနိုင်တာဖြစ်ကြောင်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ မြေးအဘိုးနှစ်ယောက်အတွက် တကယ်လိုအပ်နေတဲ့အရာလေးတစ်ခုကို လှူဒါန်းပေးခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။


Source -Htwe Lynn Ko
Rainbow- Cele Gabar