ကိုဗစ်ကာလဝင်ငွေမရှိတော့ စိတ်ရှိတိုင်းမလှူနိုင်တော့ဘူးဆိုတဲ့ ဂျွန်လွင်

မော်ဒယ်လ်လောကရဲ့ဖခင်ကြီးလို့ ခေါ်ဝေါ်ကြတဲ့ ဂျွန်လွင်ကတော့ လိုအပ်တဲ့နေရာတိုင်းကို လက်မနှေးကူညီတတ်သူတစ်ယောက်မို့ ပရိသတ်တွေလေးစားချစ်ခင်နေရသူပါ။ အကြင်နာတရားထွန်းကားရေး ဆောင်ပုဒ်လေးကို အမြဲလက်ကိုင်ထားပြီး လိုအပ်နေသူတွေကို ကူညီပေးခဲ့ရုံမက ကိုဗစ်ပထမလှိုင်းမှာလည်း ခက်ခဲဒုက္ခရောက်နေသူတွေကို ဆက်တိုက်ဆိုသလို လှူဒါန်းပေးခဲ့ပါသေးတယ်။

တစ်နှစ်နီးပါးပြည့်တော့မယ့် ကိုဗစ်ကာလကြောင့် အလုပ်တွေရပ်နားထားရပြီး ရှိတဲ့ငွေတွေကို ထိုင်သုံးနေရတဲ့သူတွေများလာသလို အမြဲလှူပေးနေကြတဲ့အလှူရှင်တွေပါ ထိခိုက်လာကြတာတော့ အမှန်ပါ။ ဂျွန်လွင်ကိုယ်တိုင်လည်း ဝင်ငွေမရှိတာကြောင့် အရင်လိုမလှူနိုင်တော့ကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ မျှဝေခဲ့ပါတယ်။ ငါလေဝင်ငွေမရှိတော့ စိတ်ရှိတိုင်းမလှူနိင်… လှူချင်သော်လည်း ချင့်ချိန်ရ…. ဒီလကုန်ထီပေါက်ရင်ကောင်းမယ် ဆိုပြီး ရေးသားမျှဝေလာပါတယ်။

လှူနေရမှ ကျေနပ်နေတဲ့သူတွေအတွက် ဝင်ငွေမရှိလို့ ချင့်ချိန်နေရ စိတ်ရှိတိုင်း မလှူပေးနိုင်တာကတော့ စိတ်ထိခိုက်စရာပါပဲ ပရိသတ်ကြီးရေ… ခက်ခဲဒုက္ခရောက်နေတဲ့သူတွေအတွက် အလှူရှင်တွေလိုအပ်သလို လှူချင်ပေမယ့်လည်း ကိုယ့်အတွက်ပါ ပြန်ချင့်ချိန်နေရတဲ့အခိုက်အတန့်ကတော့ ဂျွန်လွင်အတွက် တကယ်ကိုခက်ခဲနေမှာ အမှန်ပါပဲ။ ကိုဗစ်ကာလကြီး မြန်မြန်ပြီးဆုံးပြီး အစစအရာရာ ပြန်အသားကျသွားဖို့က တကယ်ကိုအရေးကြီးတဲ့အရာပါပဲနော်။


Source – John Lwin
Rainbow- Cele Gabar