အမိုက်စားမင်းသားတစ်လက်ဖြစ်လာဖို့ မြင်းစီးလေ့ကျင့်နေတဲ့ တိုင်ရွန်

အမိုက်စားခန္ဓာကိုယ်နဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့တိုင်ရွန်ကတော့ နုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းရရှိထားပြီး အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ပါ။ ဇာတ်လမ်းတွဲတွေ၊ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်လာရတဲ့အထိ အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့အသိမှတ်ပြု အားပေးခြင်း ရရှိထားသူလည်း ဖြစ်ပါတယ်။

တိုင်ရွန်ကတော့ မင်းသားတစ်လက်အနေနဲ့ ကိုယ့်ကိုကိုယ် အဖက်ဖက်က ပြည့်စုံအောင်အမြဲလေ့ကျင့်နေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဇာတ်ရုပ်တိုင်းမှာ အံဝင်ဂွင်ကျသရုပ်ဆောင်နိုင်အောင် ကြိုးစားနေတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို မပျက်စီးအောင် အမြဲကြိုးစားလေ့ကျင့်နေသူလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း တိုင်ရွန်ကတော့ အင်းလေးကိုရောက်ရှိနေပြီး အမိုက်စားမင်းသားတစ်လက်ဖြစ်လာဖို့ မြင်းစီး သင်နေပြီဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။

သာမန်လူတစ်ယောက်ဘဝကနေ အခုလိုပရိသတ်အားပေးကြမ်းတဲ့မင်းသားတစ်လက်ဖြစ်လာဖို့ အပြင်းအထန်ကြိုးစားခဲ့တဲ့တိုင်ရွန်ကတော့ အခုတစ်ခေါက်မှာလည်း မြင်းစီးသင်နေပြန်ပါပြီတဲ့ ပရိသတ်ကြီးရေ။ ကိုယ့်ကိုယ်ကိုယ် အမြဲအရည်အသွေးတက်ဖို့ ကြိုးစားနေတဲ့ တိုင်ရွန်ရဲ့မြင်းစီးလေ့ကျင့်နေတဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Tyron Bejay
Rainbow- Cele Gabar