လွန်ခဲ့တဲ့ (၁၇)နှစ်ကနဲ့တစ်ပုံစံထဲတူအောင် ရိုက်ကူးခဲ့ပြီး ငယ်ငယ်က အမှတ်တရလေးတွေမျှဝေလာတဲ့ ဘုန်းသီရိကျော်

သီတင်းကျွတ်ဆိုတာ တန်ဖိုးထားစရာ အမှတ်တရတွေ အပြည့်နဲ့မို့ Jenny လို့ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ဘုန်းသီရိကျော်က လွန်ခဲ့တဲ့ ၁၇နှစ်လောက်က သီတင်းကျွတ်ကျောင်းပိတ်လို့ ကျောင်းမတက်ရတာတောင် ဘယ်သွားသွားလွယ်အိတ်လေးလွယ်ပြီးသွားခဲ့တဲ့ သူမရဲ့ပုံရိပ်လေးကို ကိုမျှဝေပေးလာခဲ့ပါတယ် ။ မန္တလေးကအိမ်လေးမှာရိုက်ထားတာဖြစ်ပြီး သူမ မူကြိုတက်တုန်းက ပုံရိပ်လေးပါလို့လည်း ပရိသတ်တွေကိုပြောပြထားပါသေးတယ် ။

သူမရဲ့အဘိုးက ဓာတ်ပုံရိုက်ရတာကြိုက်လို့ ဒီတိုင်းရိုက်ပေးလိုက်တဲ့ပုံလေးက ဒီလောက်ထိအမှတ်တရရှိသွားမယ်လို့ မထင်ခဲ့မိသလို ဒုတိယပုံလေးက အဲ့ဒီပုံလေးအတိုင်းအတတ်နိုင်ဆုံးတူအောင်ရိုက်ထားတာပါတဲ့ ။ အခုတော့ အိမ်နံရံမှာ ဘွဲ့ဓာတ်ပုံချိတ်ထားတဲ့ အရွယ်တောင်ရောက်သွားပြီ အရပ်ကြီးလည်းရှည်လာလိုက်တာ…ဓာတ်ပုံကတော့ အဘိုးအစား Jenny အဖေကရိုက်ပေးထားတာပေါ့…ဖလင်ကင်မရာအစား ဖုန်းကင်မရာလေးနဲ့တင် Quality Photo တစ်ခုရအောင်ရိုက်နိုင်တဲ့ခေတ်လည်းဖြစ်သွားပြီ….၁၇နှစ်အတွင်းအများကြီး ပြောင်းလဲသွားလိုက်တာ လို့သူမရဲ့ငယ်ဘဝအမှတ်တရတွေကို ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။

 

Jenny လေးကတော့ ငယ်ငယ်ထဲက ခုထိ လုံးဝမပြောင်းလဲသေးဘဲ ချစ်စရာကောင်းနေတုန်းဖြစ်ပြီး ငယ်ငယ်ထဲက ချစ်မွှေးပါတဲ့ သူမကို ပရိသတ်တွေက အသည်းယားကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ Jenny ကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း လွန်ခဲ့တဲ့ (၁၇) နှစ်က ပုံလေးအတိုင်းရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော် ။

Source : Phone Thiri Kyaw
Emily (Cele Gabar)